Tuesday, December 31, 2019

အမြန်လမ်းတွင် ဘင်္ဂါလီအမျိုးသား ( ၄ )ဦးတင်ဆောင်လာသော မော်တော်ယာဉ် တစ်စီးတိမ်းမှောက်မှု ဖြစ်ပွါး

Image may contain: car and outdoorImage may contain: car and outdoor

ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် နေပြည်တော် - ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် ၁၄၇ / ၄ နှင့် ၁၄၇ /၅ အကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမင်းဦး ၂၂ နှစ်(ဘ)ဦးတင်ဝင်း( လေးဒေါင့်ကန် မင်္ဂလာဒုံမြို့နယ် )နေသူ မောင်းနှင်လာသော CORONA အဖြူရောင် ယာဉ်အမှတ် 5C/ ......ယာဉ်သည် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း ထန်းပင်အား ဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

တိမ်းမှောက်ခဲ့သည့် အဆိုပါယာဉ်ပေါ်တွင် ကျား ( ၅ )ဦး ၊(မ) ၁ ဦး စုစုပေါင်း( ၆ )ဦးအနက် ယာဉ်မောင်း ရဲမင်းဦး မှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ၊ မခိုင်သဇင်( ၁၉ )နှစ် ၊ ( ဘ ) ဦးတင်အေး ( လေးဒေါင့်ကန် မင်္ဂလာဒုံမြို့နယ် )သည် ခြေသလုံးကျိူး ၊ ယာလက်/ပါးပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး ဘင်္ဂါလီ အမျိုးသား ( ၄ )ဦးအနက် ( ၂ )ဦးမှာ ဦးခေါင်းပေါက်ပြဲ (စိုးရိမ်ရ)ဒဏ်ရာများဖြင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ဆောင်ရွက်ထားပြီး ကျန်ရှိ ဘင်္ဂါလီ ( ၂ )ဦးအား အမြန်လမ်းမကြီး ဇီးပင်သာ ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်းသိရသည် ။
အဆိုပါ ဘင်္ဂါလီ ( ၄ )ဦးမှာ မာဘူး ( နေရပ် စီစစ်ဆဲ ) ၊ ဆော်ယောက် ( ဘ ) ဦးဂူး ၊ ယိမ်းသည်ရွာ ၊ မြောက်ဦးမြို့နယ် ၊ မတူဗိုလ် ( ၁၇ )နှစ်၊(ဘ )ဟာရှိန်း ၊ ယိမ်းသည်ရွာ ၊ မြောက်ဦးမြို့နယ် ၊ စီဒီကူးရ် ရာဟာမန်း(၁၂ ) )နှစ် ၊(ဘ )မတော်ယုရ် ၊ ယိမ်းသည်ရွာ မြောက်ဦးမြို့နယ်နေသူတို့ဖြစ်ကြကြောင်းသိရသည်။
အဆိုပါ ဘင်္ဂါလီ လူမျိုးများနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဘရွှေ နှင့် ပူးပေါင်းအဖွဲ့မှ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၊ ယာဉ်အား မဆင်ခြင် မောင်းနှင်သူ ရဲမင်းဦးအား ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းတွင် ( ပ) ၄၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ -က/ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။
Image may contain: car, tree and outdoor
သတင်း-အောင်ကိုလတ်

<<Zawgyi>>
အမြန်လမ်းတွင် ဘင်္ဂါလီအမျိုးသား ( ၄ )ဦးတင်ဆောင်လာသော မော်တော်ယာဉ် တစ်စီးတိမ်းမှောက်မှု ဖြစ်ပွါး
Tuesday , December 31 , 2019

ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် နေပြည်တော် - ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် ၁၄၇ / ၄ နှင့် ၁၄၇ /၅ အကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမင်းဦး ၂၂ နှစ်(ဘ)ဦးတင်ဝင်း( လေးဒေါင့်ကန် မင်္ဂလာဒုံမြို့နယ် )နေသူ မောင်းနှင်လာသော CORONA အဖြူရောင် ယာဉ်အမှတ် 5C/ ......ယာဉ်သည် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း ထန်းပင်အား ဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။
တိမ်းမှောက်ခဲ့သည့် အဆိုပါယာဉ်ပေါ်တွင် ကျား ( ၅ )ဦး ၊(မ) ၁ ဦး စုစုပေါင်း( ၆ )ဦးအနက် ယာဉ်မောင်း ရဲမင်းဦး မှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ၊ မခိုင်သဇင်( ၁၉ )နှစ် ၊ ( ဘ ) ဦးတင်အေး ( လေးဒေါင့်ကန် မင်္ဂလာဒုံမြို့နယ် )သည် ခြေသလုံးကျိူး ၊ ယာလက်/ပါးပေါက်ပြဲ ဒဏ်ရာရရှိခဲ့ပြီး ဘင်္ဂါလီ အမျိုးသား ( ၄ )ဦးအနက် ( ၂ )ဦးမှာ ဦးခေါင်းပေါက်ပြဲ (စိုးရိမ်ရ)ဒဏ်ရာများဖြင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ဆောင်ရွက်ထားပြီး ကျန်ရှိ ဘင်္ဂါလီ ( ၂ )ဦးအား အမြန်လမ်းမကြီး ဇီးပင်သာ ရဲစခန်းတွင် ထိမ်းသိမ်းထားကြောင်းသိရသည် ။
အဆိုပါ ဘင်္ဂါလီ ( ၄ )ဦးမှာ မာဘူး ( နေရပ် စီစစ်ဆဲ ) ၊ ဆော်ယောက် ( ဘ ) ဦးဂူး ၊ ယိမ်းသည်ရွာ ၊ မြောက်ဦးမြို့နယ် ၊ မတူဗိုလ် ( ၁၇ )နှစ်၊(ဘ )ဟာရှိန်း ၊ ယိမ်းသည်ရွာ ၊ မြောက်ဦးမြို့နယ် ၊ စီဒီကူးရ် ရာဟာမန်း(၁၂ ) )နှစ် ၊(ဘ )မတော်ယုရ် ၊ ယိမ်းသည်ရွာ မြောက်ဦးမြို့နယ်နေသူတို့ဖြစ်ကြကြောင်းသိရသည်။
အဆိုပါ ဘင်္ဂါလီ လူမျိုးများနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဘရွှေ နှင့် ပူးပေါင်းအဖွဲ့မှ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၊ ယာဉ်အား မဆင်ခြင် မောင်းနှင်သူ ရဲမင်းဦးအား ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းတွင် ( ပ) ၄၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ -က/ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။
သတင်း-အောင်ကိုလတ်
#Myanmar_Online_News

0 comments:

Post a Comment