Sunday, December 29, 2019

အေးမြဖြူကို အားပေးစကားတွေ အများကြီး ပြောခဲ့တဲ့ နေမင်း

Image may contain: 1 personImage may contain: 1 person, smiling, shoes and outdoor

မြန်မာအိုင်ဒေါလ် ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပြီး Winner ဆုကိုလည်း အက်စတာက ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ နေမင်းကတော့ သမီးလေး အေးမြဖြူရဲ့အမာခံ ပရိသတ်တစ်ယောက်ဖြစ်ပြီး Winner ဆုနဲ့လွဲချော်ခဲ့တဲ့ အေးမြဖြူလေးအတွက် အားပေးစကားတွေ တသီကြီးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက် ကနေ ရေးသားခဲ့ပါတယ် ။

” သမီး အေးမြဖြူရေ.. Myanmar Idol က ပြီးသွားပါပြီ။ ကံမကောင်းစွာနဲ့ သမီးရခဲ့တဲ့ ပရိသတ်ဟာ ငွေသိပ် မသုံးနိုင်ခဲ့လို့ (Voting စနစ်အရ) Winner မဖြစ်ခဲ့ပေမယ့် သမီးမှာ ကံကောင်းတဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ သမီးကို အားပေးတဲ့သူတွေက “အေးမြဖြူ”စစ်စစ်ကိုသာ အားပေးကြတာပဲ ဖြစ်တယ်။
သမီးကို အားပေးခြင်းမှာ ရုပ်ချောခြင်း မပါဘူး..
သမီးကို အားပေးခြင်းမှာ တပ်မက်မှုတွေ မပါဘူး..
သမီးကို အားပေးခြင်းမှာ ဘာသာရေး မပါဘူး..
သမီးကို အားပေးခြင်းမှာ လူမျိုးရေး မပါဘူး..
သမီးကို အားပေးခြင်းမှာ ဒေသစွဲ မပါဘူး..
သမီးကို အားပေးခြင်းမှာ သနားခြင်း မပါဘူး..
သမီးကို အားပေးခြင်းမှာ “အေးမြဖြူ”လို့ခေါ်တဲ့
ကောင်မလေးတစ်ယောက်ကို
ဖြူဖြူစင်စင်ချစ်ကြတဲ့ ချစ်ခြင်းမေတ္တာသီးသန့်ပဲ
100 ‰ ပါတယ် သမီး အေးမြဖြူရေ..Myanmar Idol က ပြီးသွားပါပြီ။ဒါပေမဲ့ တကယ့်ဘဝက ခုမှ စတာ။

တစ်ခါ တစ်လေမှာ အမြင့်ဆုံးကို မရောက်ခဲ့တာ ပိုကောင်းပါတယ် သမီး.. (ဒီစကားရဲ့အဓိပ္ပါယ်ကို သိပ်မကြာခင်ပဲသမီးနားလည်သွားလိမ့်မယ်..) Winner မဖြစ်ခဲ့တဲ့အတွက် သမီးရှေ့ဆက်လျောက်ရမယ့် အနုပညာခရီးမှာကန့်သတ်ချက် လျော့သွားမယ်။ အနှောင်အဖွဲ့ နည်းသွားမယ်။ ကိုယ့်ငွေနဲ့ကိုယ် အခွေထုတ်မှာမို့ဘယ်သူ့လွှမ်းမိုးမှုမှ မပါဘဲအနုပညာကို စိတ်ကြိုက် ဖန်တီးလို့ရမယ်။ အကောင်းဘက်က (ဖြည့်) တွေးရင် အများကြီးပဲ..သမီးရေ..ဒီအသက်အရွယ်မှာ ရှိသင့်တဲ့ဝမ်းစာလည်း သမီးမှာ ပြည့်ပါပြီ..။ ခိုင်မာတဲ့ ပရိသတ်လည်းရှိနေပါပြီ..။ ဒါကြောင့် ဘာကို စိုးရိမ်နေအုံးမှာလဲ..အနုပညာ ပင်လယ်ကြီးထဲ ရဲရဲရင့်ရင့် ရွက်လွှင့်ပါတော့..
သမီးရဲ့ ချိုမြကြည်လင်တဲ့ သီချင်းလေးတွေကို နားထောင်ဖို့မျှော့်လင့်စောင့်စားနေတဲ့ ပရိသတ်တွေအတွက် ကိုယ်ပိုင် သီချင်းကောင်းလေးတွေအမြန်ဆုံး ဖန်တီးပေးပါတော့..ကွယ်။ Myanmar Idol ပြီးသွားလည်းအားပေးမှုကတော့ ရပ်တန့်မသွားမယ့်သမီးရဲ့ ပရိသတ်အစစ်အမှန်ပေါင်းများစွာထဲက တစ်ယောက်ဆိုတဲ့ စာသားလေးနဲ့အတူ အေးမြဖြူအတွက် ဆုတောင်း ဂုဏ်ပြုစကားတွေအများကြီးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့တာဖြစ်ပါတယ် ။
Source- Nay Min #Myanmar_Online_News

<zawgyi>
အေးမြဖြူကို အားပေးစကားတွေ အများကြီး ပြောခဲ့တဲ့ နေမင်း
Monday , December 30 , 2019

0 comments:

Post a Comment