Saturday, December 28, 2019

AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဒဏ်ရာရရှိပြီး သာသနိက အဆောက်အအုံများ ပျက်စီး

Image may contain: 1 person, standing and outdoor

AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အတွင်းရှိ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ၊ မဟာကံကြီးသျှင်ဘုရားရှိ သာသနိက အ ဆောက် အအုံများ ထိခိုက် ပျက်စီးခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေဒေသ လုံခြုံရေး နှင့် ကျောက်တော်မြို့ လုံခြုံရေးအတွက် ဆောင်ရွက်လျက် ရှိစဉ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း တွင် AA အကြမ်းဖက် သောင်းကျန်းသူများက မြို့တွင်းရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း အနီး၊ ကျောက်တော်ကားကွင်း အနီးနှင့် လျှပ်စစ်ဓာတ်အားပေးရုံ နေရာတို့မှ ရပ်ရွာနေပြည်သူလူထု နေအိမ်များကို အကာအကွယ်ရယူ၍ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်တော်မြို့ အတွင်းရှိ လူနေရပ်ကွက်များအတွင်း နှင့် မဟာကံကြီးသျှင် ဘုရားအနီးသို့ လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းအပြင် မဟာကံကြီးသျှင် ဘုရား၏ မုခ်ဦးနှင့် သာသနိက အဆောက်အအုံများကိုပါ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မြို့၊ ရွာအတွင်း စိမ့်ဝင် လှုပ်ရှားလျက်ရှိပြီး ရပ်ရွာနေ ပြည်သူလူထု၏ အဆောက်အအုံများကို အကာအကွယ်ရယူ၍ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော်စစ်ကြောင်းများကို ယခုကဲ့သို့ အလစ်အငိုက် ချောင်း မြောင်း ပစ်ခတ်လျက်ရှိကြောင်း နှင့် မြို့၊ ရွာများ လုံခြုံရေးအတွက် တပ်မတော်စစ်ကြောင်းများ က လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

<zawgyi>
AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဒဏ်ရာရရှိပြီး သာသနိက အဆောက်အအုံများ ပျက်စီး
Sunday , December 29 , 2019

#Myanmar_Online_News #AA #ကျောက်တော်

0 comments:

Post a Comment