Saturday, December 28, 2019

ပဲခူးမြို့တွင် လူသတ်မှုကျုးလွန်းခဲ့သည့် တရားခံအား ဖမ်းဆီးရမိ

Image may contain: 1 person, standing

ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ ကန်သာယာ လမ်းတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး တရားခံအား သက်သေခံ ဓါးနှင့်အတူ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

၂၈-၁၂-၂၀၁၉ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့် ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ ကန်သာယာ လမ်းတွင် ဓါးထိုးမှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ချစ်ကို (၃၃)နှစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူနှင့် ရာဇာ(ခ)ရာဇာမင်း (၃၆)နှစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူတို့သည် ကန်သာယာလမ်းတွင် တွေ့ရှိပြီး ချစ်ကိုမှ ရာဇာမင်းအား '' ပြဿနာလာရှာရင် မင်းတို့ကောင်တွေ စားပစ်မယ်'' ဟုပြော၍ လက်သီးဖြင့် ထိုးသောကြောင့် ရာဇာမင်းမှ နေအိမ်သို့ ပြန်လာပြီး ဓါးအားယူဆောင်ကာ ချစ်ကို အား ကန်သာယာလမ်း အရောက်တွင် တွေ့ရှိရသဖြင့် ၎င်းတွင် အသင့်ယူဆောင်လာသော အရိုး/ အသွား(၁)ပေခန့်ရှိ ဓါးဦးချွန်ဖြင့် ချစ်ကို၏ ဝမ်းဗိုက်အား ထိုးခဲ့ ကြောင်း စစ်ဆေးသိရှိရသောကြောင့် ချစ်ကို အား ဆေးကုသမှု ခံယူရန် ပဲခူးဆေးရုံကြီးသို့ ရဲဆေးစာ နှင့်အတူ ပို့အပ်ထားရှိ ခဲ့ပါသည် ။
အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ ပဲခူးမြို့၊ အမှတ်(၂) နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၈-၁၂-၂၀၁၉ ရက်နေ့ ညနေ (၅)နာရီခွဲအချိန်တွင် အမှုမှ ပြစ်မှုကျူးလွန်ခဲ့သူ ရာဇာ(ခ) ရာဇာမင်းအား သက်သေခံ ဓါးနှင့်အတူ ၎င်း၏နေအိမ် အိပ်ခန်း ကုတင်အောက်တွင် ဖမ်းဆီးရမိခဲ့ပါသည် ။
၎င်းနေ့ ညနေ (၀၅၄၀)အချိန် အမှုမှ ဒါဏ်ရာရရှိခဲ့သူ ချစ်ကို သည် အခင်း ဖြစ်စဉ်က ရရှိသော ဒါဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးတွင် သေဆုံးသွားခဲ့၍ အမှုအား ပဲခူးမြို့၊ အမှတ်(၂) နယ်မြေရဲစခန်း (ပ)၁၈၇၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ဆောင်ရွက် ပြီး ဥပဒေနှင့်အညီ အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source- Bago Police #Myanmar_Online_News

<zawgyi>
ပဲခူးမြို့တွင် လူသတ်မှုကျုးလွန်းခဲ့သည့် တရားခံအား ဖမ်းဆီးရမိ
Sunday , December 29 , 2019

0 comments:

Post a Comment