Sunday, December 29, 2019

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဘုရားကျောင်း ပစ်ခတ်မှု နှစ်ဦးသေဆုံး

Image may contain: 2 people, car and outdoor

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဝှိုက်ဆက်တဲလ်မင့်မြို့က ဘုရားကျောင်းတစ်ကျောင်းမှာ အခုလ ၂၉ ရက် က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တစ်ယောက်က ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး နောက်တစ်ယောက်က ဆေးရုံရောက်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ အရေး ပေါ် ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။ ဒဏ်ရာရရှိတဲ့ တစ်ယောက်လည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဘုရားကျောင်းမှာ လူတွေ စုဝေးနေကြချိန်မှာ ပြောင်းချောသေနတ် ကိုင်ထားတဲ့လူတစ်ယောက် ရောက်လာပြီး ပစ်ခတ်ခဲ့ တာဖြစ်ပါတယ်။ ဘုရားကျောင်းမှာ ရှိနေသူတွေထဲက တစ်ယောက်နှစ်ယောက်က အဲဒီသေနတ်သမားကို ပြန်ပစ်ခတ်ခဲ့ တယ်လို့ မျက်မြင် သက်သေတွေကဆိုပါတယ်။ သေနတ်သမားဟာ အဲဒီနေရာမှာတင် သေဆုံးခဲ့ပါတယ်။
မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ဒရိုက်ဗ်ဒါးလ်က “ပစ်ခတ်မှုဖြစ်ပွားတဲ့အကြောင်း မနက် ၉ နာရီ ၅၇ မိနစ်မှာ ဝှိုက်ဆက်တဲလ်မင့် ရဲစခန်းကို ဖုန်းနဲ့ တိုင်ကြားလာပါတယ်။ အထူးသဖြင့် သေနတ်ဒဏ်ရာ ရထားတဲ့လူ ရှိတယ်ပေါ့။ မီးသတ်တပ်ဖွဲ့ ရောက်သွားချိန်မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့လူနာ သုံးယောက် တွေ့ရပါတယ်။ အဲဒီ သုံးယောက်ထဲ မှာ တိုက်ခိုက်သူလို့ ယုံကြည်ရသူလည်း ပါပါတယ်”လို့ ရှင်းပြပါတယ်။
တက္ကဆက် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ကတော့ ဘုရားကျောင်းဘက်ကနေ ပြန်လည် တိုက်ခိုက်ပေးသူတွေကို ဂုဏ် ပြုချီးကျူးလိုက်ပါတယ်။ အဲဒီလူတွေရဲ့ ရဲစွမ်းသတ္တိကြောင့် မလိုလားအပ်တဲ့ သေဆုံးမှုတွေ ထပ်မဖြစ်ခဲ့တာလို့ သူက ဆိုပါ တယ်။
Image may contain: 8 people, people sitting
Image may contain: 4 people, outdoor
Sources: Reuters
<zawgyi>
အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဘုရားကျောင်း ပစ်ခတ်မှု နှစ်ဦးသေဆုံး
Monday , December 30 , 2019

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဝှိုက်ဆက်တဲလ်မင့်မြို့က ဘုရားကျောင်းတစ်ကျောင်းမှာ အခုလ ၂၉ ရက် က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တစ်ယောက်က ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး နောက်တစ်ယောက်က ဆေးရုံရောက်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ အရေး ပေါ် ကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။ ဒဏ်ရာရရှိတဲ့ တစ်ယောက်လည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဘုရားကျောင်းမှာ လူတွေ စုဝေးနေကြချိန်မှာ ပြောင်းချောသေနတ် ကိုင်ထားတဲ့လူတစ်ယောက် ရောက်လာပြီး ပစ်ခတ်ခဲ့ တာဖြစ်ပါတယ်။ ဘုရားကျောင်းမှာ ရှိနေသူတွေထဲက တစ်ယောက်နှစ်ယောက်က အဲဒီသေနတ်သမားကို ပြန်ပစ်ခတ်ခဲ့ တယ်လို့ မျက်မြင် သက်သေတွေကဆိုပါတယ်။ သေနတ်သမားဟာ အဲဒီနေရာမှာတင် သေဆုံးခဲ့ပါတယ်။
မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ဒရိုက်ဗ်ဒါးလ်က “ပစ်ခတ်မှုဖြစ်ပွားတဲ့အကြောင်း မနက် ၉ နာရီ ၅၇ မိနစ်မှာ ဝှိုက်ဆက်တဲလ်မင့် ရဲစခန်းကို ဖုန်းနဲ့ တိုင်ကြားလာပါတယ်။ အထူးသဖြင့် သေနတ်ဒဏ်ရာ ရထားတဲ့လူ ရှိတယ်ပေါ့။ မီးသတ်တပ်ဖွဲ့ ရောက်သွားချိန်မှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့လူနာ သုံးယောက် တွေ့ရပါတယ်။ အဲဒီ သုံးယောက်ထဲ မှာ တိုက်ခိုက်သူလို့ ယုံကြည်ရသူလည်း ပါပါတယ်”လို့ ရှင်းပြပါတယ်။
တက္ကဆက် အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ကတော့ ဘုရားကျောင်းဘက်ကနေ ပြန်လည် တိုက်ခိုက်ပေးသူတွေကို ဂုဏ် ပြုချီးကျူးလိုက်ပါတယ်။ အဲဒီလူတွေရဲ့ ရဲစွမ်းသတ္တိကြောင့် မလိုလားအပ်တဲ့ သေဆုံးမှုတွေ ထပ်မဖြစ်ခဲ့တာလို့ သူက ဆိုပါ တယ်။
Sources: Reuters

0 comments:

Post a Comment