Tuesday, December 31, 2019

၁၁ကြိမ်မြောက် Globe Soccer ချီးမြှင့်ပွဲမှာ ဆုတွေသိမ်းပိုက်ခဲ့ကြတဲ့ ရိုနာလ်ဒိုနဲ့ ဂျာဂင်ကလော့

Image may contain: 3 people, people smiling, people standing

ဒီဇင်ဘာလ ၂၉ ရက်နေ့ တနင်္ဂနွေနေ့က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ၁၁ကြိမ်မြောက် globe soccer ဆုချီးမြှင့်ပွဲမှာ ပေါ်တူဂီစတား ရိုနာလ်ဒိုနဲ့ လီပါပူးလ်နည်းပြ ဂျာဂင်ကလော့တို့ဟာ ဆုတေွကို ရရှိခဲ့ကြပါတယ်။

ပေါ်တူဂီစတား ရိုနာလ်ဒိုကတော့ ဒီဆုပေးပွဲမှာglobe soccer ဆုကို ၆ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီးအဓိက ပြိုင်ဖက်ဖြစ်တဲ လီယွန်နယ် မက်ဆီ၊ မိုဟာမက်ဆာလာ၊ ဗာဂျယ်ဗန်ဒိုက်တို့ကို ကျော်ဖြတ်ကာ ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီဆုပေးပွဲမှ ာလီပါပူးလ်အသင်းကတော့ တနှစ်တာအကောင်းဆုံးအသင်းအဖြစ်ရွေးချယ်ခံခဲ့ရသလိုနည်းပြဂျာဂင်ကလော့ကလည်း တနှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပါတယ်။ဂျာဂင်ကလော့ ကတော့ ဒီဆုကို ပေါ်တူဂီနည်းပြဆန်းတို့စ်ကို ကျော်ဖြတ်ရရှိခဲ့တာလဲ ဖြစ်ပါတယ်။
ယခုနှစ်ဆုပေးပွဲမှာ ထူးခြားမှုအနေနဲ့ အမျိုးသမီး အကောင်းဆုံး ဆုထည့်သွင်း ရွေးချယ်ခဲ့တာဖြစ်ပြီးအကောင်းဆုံးဆုကို အင်္ဂလန် အမျိုးသမီး လူဇီဘရွန်းဇ်က ရရှိခဲ့ပါတယ်။
လူဇီဘရွန်းဇ်ဟာအမေကန် ကစားသမားတေဖြစ်တဲ့အဲလက်မော်ဂန်၊လူစီယာပီနိုး နဲ့ ပြင်သစ်သူအမန်ဒင်း အွန်နရီတို့ကို ကျော်ဖြတ်ရရှိခဲ့တာလဲ ဖြစ်ပါတယ်။
၁၁ကြိမ်မြောက် globe soccerဆုပေးပွဲ ဆုရရှိမှုတေအနေနဲ့ အေးဂျက်နဲ့ ဘင်ဖီကာအသင်းတေက အကောင်းဆုံး အကယ်ဒမီ ဆုကိုရရှိခဲ့ပါတယ်။အကောင်းဆုံး အေးဂျင့်အဖြစ် နာမည်ကြီး အေးဂျင့်ဖြစ်သူ ဂျော့ချ် မန်ဒက်၊ အကောင်းဆုံးနည်းပြ ဂျာဂင်ကလော့၊ အကောင်းဆုံးအသင်း လီပါပူးလ်၊အကောင်းဆုံးဂိုးသမား အဲလက် ဆွန်ဘက်ကာ၊အကောင်းဆုံးအမျိုးသား အားကစားသမား ခရစ္စတီယာနို ရိုနာလ်ဒို၊ အကောင်းဆုံး အမျိုးသမီး လူဇီဘရွန်းဇ်၊အကောင်းဆုံစီးပွားရေး နဲ့အကောင်းဆုံးပါတနာ မန်စီးတီး နဲ့ SPA၊အကောင်းဆုံးဒိုင် စတက်ဖနီဖရက်ဖ်ပတ်(အမျိုးသမီး)၊အကောင်းဆုံးဖောက်ထွက်ကစားသမား ယောင်းဖိလစ်၊အကောင်းဆုံးအားကစားဒါရိုက်တာ အက်သလက်တီကိုမှ အန်ဒရီ ယာဘာတာ၊အကောင်းဆုံးအာရပ်လူငယ်ကစားသမား ဒေါ့မွန်အသင်းမှ ဟာကိမိ၊ အကောင်းဆုံးအာရပ်ကလပ် အယ်လ်ဟီးလယ် (ဆော်ဒီ)၊အကောင်းဆုံး အာရပ်ကစားသမား အက်ဒါရာဇတ်ခ်ဟမ်ဒယ်လာ အယ်နားဆားကလပ်(ဆော်ဒီ)၊တသက်တာဆု မီရာလမ်း ပရန်းနစ်၊ ရိုင်ယန်ဂစ် တို့က ရရှိခဲ့ကြပါကြောင်း သိရှိရပါတယ်။
Image may contain: 3 people, people smiling, people standing
Image may contain: 1 person, smiling, standing
Source : Sport #Myanmar_Online_News
<<Zawgyi>>
၁၁ကြိမ်မြောက် Globe Soccer ချီးမြှင့်ပွဲမှာ ဆုတွေသိမ်းပိုက်ခဲ့ကြတဲ့ ရိုနာလ်ဒိုနဲ့ ဂျာဂင်ကလော့
Tuesday , December 31 , 2019

ဒီဇင်ဘာလ ၂၉ ရက်နေ့ တနင်္ဂနွေနေ့က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ၁၁ကြိမ်မြောက် globe soccer ဆုချီးမြှင့်ပွဲမှာ ပေါ်တူဂီစတား ရိုနာလ်ဒိုနဲ့ လီပါပူးလ်နည်းပြ ဂျာဂင်ကလော့တို့ဟာ ဆုတွေကို ရရှိခဲ့ကြပါတယ်။
ပေါ်တူဂီစတား ရိုနာလ်ဒိုကတော့ ဒီဆုပေးပွဲမှာglobe soccer ဆု ကို ၆ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီးအဓိက ပြိုင်ဖက်ဖြစ်တဲ လီယွန်နယ် မက်ဆီ၊ မိုဟာမက်ဆာလာ၊ ဗာဂျယ်ဗန်ဒိုက်တို့ကို ကျော်ဖြတ်ကာ ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီဆုပေးပွဲမှာလီပါပူးလ်အသင်းကတော့ တနှစ်တာအကောင်းဆုံးအသင်း အဖြစ်ရွေးချယ်ခံခဲ့ရသလိုနည်းပြဂျာဂင်ကလော့ကလည်း တနှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပါတယ်။ဂျာဂင်ကလော့ ကတော့ ဒီဆုကို ပေါ်တူဂီနည်းပြဆန်းတို့စ်ကို ကျော်ဖြတ်ရရှိခဲ့တာလဲ ဖြစ်ပါတယ်။
ယခုနှစ်ဆုပေးပွဲမှာ ထူးခြားမှုအနေနဲ့ အမျိုးသမီး အကောင်းဆုံး ဆုထည့်သွင်း ရွေးချယ်ခဲ့တာဖြစ်ပြီးအကောင်းဆုံးဆုကို အင်္ဂလန် အမျိုးသမီး လူဇီဘရွန်းဇ်က ရရှိခဲ့ပါတယ်။
လူဇီဘရွန်းဇ်ဟာအမေကန် ကစားသမားတေဖြစ်တဲ့အဲလက်မော်ဂန်၊လူစီယာပီနိုး နဲ့ ပြင်သစ်သူအမန်ဒင်း အွန်နရီတို့ကို ကျော်ဖြတ်ရရှိခဲ့တာလဲ ဖြစ်ပါတယ်။
၁၁ကြိမ်မြောက် globe soccerဆုပေးပွဲ ဆုရရှိမှုတေအနေနဲ့ အေးဂျက်နဲ့ ဘင်ဖီကာအသင်းတေက အကောင်းဆုံး အကယ်ဒမီ ဆုကိုရရှိခဲ့ပါတယ်။အကောင်းဆုံး အေးဂျင့်အဖြစ် နာမည်ကြီး အေးဂျင့်ဖြစ်သူ ဂျော့ချ် မန်ဒက်၊ အကောင်းဆုံးနည်းပြ ဂျာဂင်ကလော့၊ အကောင်းဆုံးအသင်း လီပါပူးလ်၊အကောင်းဆုံးဂိုးသမား အဲလက် ဆွန်ဘက်ကာ၊အကောင်းဆုံးအမျိုးသား အားကစားသမား ခရစ္စတီယာနို ရိုနာလ်ဒို၊ အကောင်းဆုံး အမျိုးသမီး လူဇီဘရွန်းဇ်၊အကောင်းဆုံစီးပွားရေး နဲ့အကောင်းဆုံးပါတနာ မန်စီးတီး နဲ့ SPA၊အကောင်းဆုံးဒိုင် စတက်ဖနီဖရက်ဖ်ပတ်(အမျိုးသမီး)၊အကောင်းဆုံးဖောက်ထွက်ကစားသမား ယောင်းဖိလစ်၊အကောင်းဆုံးအားကစားဒါရိုက်တာ အက်သလက်တီကိုမှ အန်ဒရီ ယာဘာတာ၊အကောင်းဆုံးအာရပ်လူငယ်ကစားသမား ဒေါ့မွန်အသင်းမှ ဟာကိမိ၊ အကောင်းဆုံးအာရပ်ကလပ် အယ်လ်ဟီးလယ် (ဆော်ဒီ)၊အကောင်းဆုံး အာရပ်ကစားသမား အက်ဒါရာဇတ်ခ်ဟမ်ဒယ်လာ အယ်နားဆားကလပ်(ဆော်ဒီ)၊တသက်တာဆု မီရာလမ်း ပရန်းနစ်၊ ရိုင်ယန်ဂစ် တို့က ရရှိခဲ့ကြပါကြောင်း သိရှိရပါတယ်။
Source : Sport #Myanmar_Online_News

0 comments:

Post a Comment