Monday, December 30, 2019

ရေးမြို့ မီးစက်ရုံမီးလောင်မှု လာရောက်ကြည့်ရှုတဲ့ပြည်နယ်ဝန်ကြီးချုပ်ကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပေမဲ့၊ ခရီးစဉ်ပြီးလို့ ပြန်သာသွားတယ် ဘာအဖြေမှ တိတိကျကျ မရှိ

Image may contain: 4 people, people smiling, people standingImage may contain: fire, sky and outdoor

ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ရေးမြို့နယ် အစင်ကျေးရွာအုပ်စု မြို့ဟောင်းကုန်းရပ်မှာရှိတဲ့ ဦးကလားကြီးပိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်မှု ဖြစ်ခဲ့ပါတယ်၊ ဒီမီးလောင်မှုမှာ သိထားသမျှပြောရရင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်းပေါင်း ၃/၄ သောင်းရှိမယ်ထင်ပါတယ်။

အပေါ်ယံအမြင်အရကြည့်ရင် ဒါဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးရဲ့ ဆုံးရှုံးနစ်နာမှုလို့ ထင်ရပါတယ်၊ အမှန်မှာတော့ ဒီထက်မကတဲ့ အကျိုးဆက်တွေ အများကြီးပါပဲ။
ဒီစက်ရုံဟာ ရေးမြို့ပေါ် ၉ ရပ်ကွက်နဲ့ ကျေးရွာ သေး/ကြီး ၉ ရွာကို လျှပ်စစ်မီးဖြန့်ဝေပေးနေတာပါ၊ဒါ့အပြင် သူလျှပ်စစ်မီးဖြန့်ဝေနေတဲ့ ရပ်ကွက်/ကျေးရွာတွေမှာ အလင်းရောင်နဲ့ လျှပ်စစ်ပစ္စည်းတွေ ပုံမှန်သုံးစွဲယုံသာမက ဒေသခံတွေရဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေ၊အသေးစားစက်မှုလက်မှုလုပ်ငန်းတွေအားလုံးက မှီခိုအားထား သုံးစွဲနေကြရတာဖြစ်ပါတယ်။
အဲ့ဒီကျတော့ ဒီမီးကို သက်သာတဲ့ အစိုးရစျေးနှုံး တစ်ယူနစ်ကို ၅၀ ကျပ်နဲ့ သုံးနေရတာတော့ မဟုတ်ပါဘူး၊ တစ်ယူနစ်ကို ၅၀၀ ကျပ်နဲ့ ၂၄ နာရီဖြန့်ဝေပေးတာဖြစ်ပြီး ကြိုက်သလောက်သုံး ကျသလောက်ရှင်းနေရတာပါ။
ဒါပေမဲ့ ဒီစျေးနှုံးဟာ ကိုယ်ပိုင်မီးစက်ငယ်တွေနဲ့ သံုးစွဲရတာထက်တော့ အစစအရာရာ အဆင်ပြေချောမွေ့ပြီး တွက်ခြေ ကိုက်ပါတယ်။
ဒီစျေးနှုံးကို တွက်ခြေကိုက်တယ်လို့ ပြောရတာကလည်း မြန်မာနိုင်ငံကြီးရဲ့ အစိုးရအဆက်ဆက်တွေက လွပ်လပ်ရေးရပြီးကတည်းက ကျွန်တော်တို့ ရေးမြို့နယ်ကို လျှပ်စစ်မီး မပေးဝေခဲ့လို့ ဒီလိုပြောရတာပါ။
လက်ရှိအချိန်ထိ ကြားသိရသမျှ ပြောရရင် နောက်ထပ် ၂ /၃ နှစ်အထိ အစိုးရက ဖြန့်ဝေမဲ့ လျှပ်စစ်မီး ရမယ့်အစီအစဉ် မရှိသေးပါဘူး။

အဲ့ဒါတွေ ထားပါတော့ဗျာ -
အဓိက ကျွန်တော်ပြောချင်တာက ဖြစ်သွားတဲ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်ဟာ ပုဂ္ဂလိက ဆုံးရှုံးမှု မဟုတ်ပဲ ရေးတစ်မြို့နယ်လုံးနီးပါးကို ထိခိုက်တဲ့ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တစ်ခု ဖြစ်တယ်ဆိုတာကို တာဝန်ရှိသူကြီးတွေ သိစေချင်တာပါ၊
တစ်ဆက်တည်း ပြောလိုတာက ဒီဖြစ်စဉ်နဲ့ ပတ်သက်ဆက်စပ်တဲ့ အကျိုးဆက်တွေကို အမြန်ဆုံး ကုစားဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို အစိုးရလူကြီးမင်းတို့ ဂရုပြုမိပြီး ဖြေရှင်းဆောင်ရွက်ပေးစေလိုပါတယ်၊

ဒီဖြစ်စဉ်အပေါ် ရေးမြို့နယ်သားတွေ ဘယ်လို ရုန်းကန် ကျော်လွှားနေရလဲဆိုတာ ၂၄ နာရီပြည့်အောင် လာပြီး လေ့လာကြည့်စေချင်ပါတယ်၊ ညအမှောင်မှာ တတ်နိုင်သူတွေက မီးစက်လေးသံတွေ တညံညံကိုယ့်အိမ်ကို မီးထွန်းနေကြသလို မတတ်နိုင်သူတွေက ဖယောင်းတိုင်မီးလေးထွန်းပြီး နေကြရတဲ့ဘဝ၊ လမ်းမီးမရှိလို့ တစ်မြို့လုံး အမှောင်ဖုံးနေတဲ့အဖြစ်၊ လျှပ်စစ်သုံး စက်မှုလုပ်ငန်းတွေ ရပ်နားထားရတဲ့အဖြစ်တွေဟာ ကိုယ်တွေ့မဟုတ်ပဲ ကြား/မြင်ရသူတွေအနေနဲ့ ဒီဒုက္ခတွေကို ထပ်တူခံစားနိုင်ဖို့ ခက်ပါ့မယ်၊
ဒါ့အပြင် မီးမှောင်မှောင်မှာ သူခိုး/ဂျပိုးနဲ့ ဆေးစွဲသူတွေရဲ့ ဒုစရိုက်မှုတွေကလည်း ရှိနေသေးတော့ ပြောရရင် ကုန်နိုင်ဖွယ် မရှိပါဘူး၊
အဲ့ဒီကျတော့ဗျာ -
ဒီနေ့ ပြည်နယ်ဝန်ကြီးချုပ်ကြီးကိုယ်တိုင်ဆင်းပြီးလာတော့ ရေးမြို့သားတွေ အားကိုးတကြီးနဲ့ အရေးပေါ်အခြေအနေအတွက် ဘာတွေများ ဖြည့်ဆီးပေးမလဲလို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပေမဲ့၊ ခရီးစဉ်ပြီးလို့ ပြန်သာသွားတယ် ဘာအဖြေမှ တိတိကျကျ မရှိပဲ လေထဲမှာ တဲထိုးပေးမဲ့အဆင့်သာ ကြားသိရတော့ အားလုံးမှာ စိတ်ပျက်ခဲ့ရပါတယ်၊
ကျွန်တော်တို့ ရေးမြို့နယ်သားတွေ “ ကိုယ့်အားကိုယ်ကိုး ကိုယ့်မြို့ကိုယ်တည်” ဆိုတဲ့ ဆော(ကုလားကုတ်)၊ရေဘေး နဲ့ ယခု မီးဘေးတွေကြောင့် အားယုတ်နေကြပြီဆိုတာ လူကြီးမင်းတို့ စာနာတတ်ရင် သိကြမှာပါဗျ။
Image may contain: fire and outdoor
Image may contain: cloud, sky and fire
Image may contain: outdoor
Image may contain: sky and outdoor
Image may contain: cloud, sky and outdoor
Image may contain: one or more people, people standing, fire and outdoor
Ref ; Aung Naing Win
<zawgyi>
ရေးမြို့ မီးစက်ရုံမီးလောင်မှု လာရောက်ကြည့်ရှုတဲ့ပြည်နယ်ဝန်ကြီးချုပ်ကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပေမဲ့၊ ခရီးစဉ်ပြီးလို့ ပြန်သာသွားတယ် ဘာအဖြေမှ တိတိကျကျ မရှိ
Monday , December 30 , 2019

ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ရေးမြို့နယ် အစင်ကျေးရွာအုပ်စု မြို့ဟောင်းကုန်းရပ်မှာရှိတဲ့ ဦးကလားကြီးပိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ မီးလောင်မှု ဖြစ်ခဲ့ပါတယ်၊ ဒီမီးလောင်မှုမှာ သိထားသမျှပြောရရင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်းပေါင်း ၃/၄ သောင်းရှိမယ်ထင်ပါတယ်။
အပေါ်ယံအမြင်အရကြည့်ရင် ဒါဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးရဲ့ ဆုံးရှုံးနစ်နာမှုလို့ ထင်ရပါတယ်၊ အမှန်မှာတော့ ဒီထက်မကတဲ့ အကျိုးဆက်တွေ အများကြီးပါပဲ။
ဒီစက်ရုံဟာ ရေးမြို့ပေါ် ၉ ရပ်ကွက်နဲ့ ကျေးရွာ သေး/ကြီး ၉ ရွာကို လျှပ်စစ်မီးဖြန့်ဝေပေးနေတာပါ၊ဒါ့အပြင် သူလျှပ်စစ်မီးဖြန့်ဝေနေတဲ့ ရပ်ကွက်/ကျေးရွာတွေမှာ အလင်းရောင်နဲ့ လျှပ်စစ်ပစ္စည်းတွေ ပုံမှန်သုံးစွဲယုံသာမက ဒေသခံတွေရဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေ၊အသေးစားစက်မှုလက်မှုလုပ်ငန်းတွေအားလုံးက မှီခိုအားထား သုံးစွဲနေကြရတာဖြစ်ပါတယ်။
အဲ့ဒီကျတော့ ဒီမီးကို သက်သာတဲ့ အစိုးရစျေးနှုံး တစ်ယူနစ်ကို ၅၀ ကျပ်နဲ့ သုံးနေရတာတော့ မဟုတ်ပါဘူး၊ တစ်ယူနစ်ကို ၅၀၀ ကျပ်နဲ့ ၂၄ နာရီဖြန့်ဝေပေးတာဖြစ်ပြီး ကြိုက်သလောက်သုံး ကျသလောက်ရှင်းနေရတာပါ။
ဒါပေမဲ့ ဒီစျေးနှုံးဟာ ကိုယ်ပိုင်မီးစက်ငယ်တွေနဲ့ သုံးစွဲရတာထက်တော့ အစစအရာရာ အဆင်ပြေချောမွေ့ပြီး တွက်ခြေ ကိုက်ပါတယ်။
ဒီစျေးနှုံးကို တွက်ခြေကိုက်တယ်လို့ ပြောရတာကလည်း မြန်မာနိုင်ငံကြီးရဲ့ အစိုးရအဆက်ဆက်တွေက လွပ်လပ်ရေးရပြီးကတည်းက ကျွန်တော်တို့ ရေးမြို့နယ်ကို လျှပ်စစ်မီး မပေးဝေခဲ့လို့ ဒီလိုပြောရတာပါ။
လက်ရှိအချိန်ထိ ကြားသိရသမျှ ပြောရရင် နောက်ထပ် ၂ /၃ နှစ်အထိ အစိုးရက ဖြန့်ဝေမဲ့ လျှပ်စစ်မီး ရမယ့်အစီအစဉ် မရှိသေးပါဘူး။

အဲ့ဒါတွေ ထားပါတော့ဗျာ -
အဓိက ကျွန်တော်ပြောချင်တာက ဖြစ်သွားတဲ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်ဟာ ပုဂ္ဂလိက ဆုံးရှုံးမှု မဟုတ်ပဲ ရေးတစ်မြို့နယ်လုံးနီးပါးကို ထိခိုက်တဲ့ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တစ်ခု ဖြစ်တယ်ဆိုတာကို တာဝန်ရှိသူကြီးတွေ သိစေချင်တာပါ၊
တစ်ဆက်တည်း ပြောလိုတာက ဒီဖြစ်စဉ်နဲ့ ပတ်သက်ဆက်စပ်တဲ့ အကျိုးဆက်တွေကို အမြန်ဆုံး ကုစားဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို အစိုးရလူကြီးမင်းတို့ ဂရုပြုမိပြီး ဖြေရှင်းဆောင်ရွက်ပေးစေလိုပါတယ်၊

ဒီဖြစ်စဉ်အပေါ် ရေးမြို့နယ်သားတွေ ဘယ်လို ရုန်းကန် ကျော်လွှားနေရလဲဆိုတာ ၂၄ နာရီပြည့်အောင် လာပြီး လေ့လာကြည့်စေချင်ပါတယ်၊ ညအမှောင်မှာ တတ်နိုင်သူတွေက မီးစက်လေးသံတွေ တညံညံကိုယ့်အိမ်ကို မီးထွန်းနေကြသလို မတတ်နိုင်သူတွေက ဖယောင်းတိုင်မီးလေးထွန်းပြီး နေကြရတဲ့ဘဝ၊ လမ်းမီးမရှိလို့ တစ်မြို့လုံး အမှောင်ဖုံးနေတဲ့အဖြစ်၊ လျှပ်စစ်သုံး စက်မှုလုပ်ငန်းတွေ ရပ်နားထားရတဲ့အဖြစ်တွေဟာ ကိုယ်တွေ့မဟုတ်ပဲ ကြား/မြင်ရသူတွေအနေနဲ့ ဒီဒုက္ခတွေကို ထပ်တူခံစားနိုင်ဖို့ ခက်ပါ့မယ်၊
ဒါ့အပြင် မီးမှောင်မှောင်မှာ သူခိုး/ဂျပိုးနဲ့ ဆေးစွဲသူတွေရဲ့ ဒုစရိုက်မှုတွေကလည်း ရှိနေသေးတော့ ပြောရရင် ကုန်နိုင်ဖွယ် မရှိပါဘူး၊
အဲ့ဒီကျတော့ဗျာ -
ဒီနေ့ ပြည်နယ်ဝန်ကြီးချုပ်ကြီးကိုယ်တိုင်ဆင်းပြီးလာတော့ ရေးမြို့သားတွေ အားကိုးတကြီးနဲ့ အရေးပေါ်အခြေအနေအတွက် ဘာတွေများ ဖြည့်ဆီးပေးမလဲလို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပေမဲ့၊ ခရီးစဉ်ပြီးလို့ ပြန်သာသွားတယ် ဘာအဖြေမှ တိတိကျကျ မရှိပဲ လေထဲမှာ တဲထိုးပေးမဲ့အဆင့်သာ ကြားသိရတော့ အားလုံးမှာ စိတ်ပျက်ခဲ့ရပါတယ်၊
ကျွန်တော်တို့ ရေးမြို့နယ်သားတွေ “ ကိုယ့်အားကိုယ်ကိုး ကိုယ့်မြို့ကိုယ်တည်” ဆိုတဲ့ ဆော(ကုလားကုတ်)၊ရေဘေး နဲ့ ယခု မီးဘေးတွေကြောင့် အားယုတ်နေကြပြီဆိုတာ လူကြီးမင်းတို့ စာနာတတ်ရင် သိကြမှာပါဗျ။
Ref ; Aung Naing Win

0 comments:

Post a Comment