Monday, December 30, 2019

မိုင်းဆတ်မြို့တွင် သိန်း ၅၀၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၃ သိန်း ပိုင်ရှင်မဲ့ဖမ်းမိ

Image may contain: people sitting

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော်ကို ပိုင်ရှင်မဲ့ဖမ်ဆီးရမိခဲ့ သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက မိုင်းဆတ်မြို့၊ မိုင်းထလမ်းကျေးရွာအုပ်စု နာယောင်းကျေးရွာ စျေးဆိုင် ခန်းတစ်ခုထဲက သိမ်းဆည်းရမိတာပါ။ ဆိုင်ခန်းအတွင်း စင်တစ်ခုအောက်မှာ စိတ်ကြွရူးသွပ်ဆေးပြားထည့် ထားတဲ့ ဆာလာအိပ် ၁၃ အိပ် ဆေးပြားပေါင်း ၁၃ သိန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၄၉၅၀ တန်ဖိုးရှိတယ်။ ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိတာဟု မိုင်းဆတ်ရဲစခန်းမှူးက ပြောသည်။
အဆိုပါစျေးဆိုင်ခန်းကို ထိုင်းနိုင်ငံသားတစ်ဦးဖြစ်သူ ကျော့ချိုင်းဆိုသူက လာရောက်ငှားရမ်း ဆိုင်ဖွင့်နေထိုင်တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးချိန် အဆိုပါအိမ်ငှားနေသူ ထိုင်းနိုင်ငံသားကျော့ချိုင်းကို မတွေ့ရသဖြင့် ပိုင်ရှင် မဲ့အဖြစ် သိမ်းဆည်းလာတာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါမိုင်းဆတ်မြို့နယ် နားယောင်းစျေးရှိ ဆိုင်ခန်းများတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်း အရရဲတပ်ဖွဲ့နှင့် UWSA(၀)အဖွဲ့တို့ ပူးပေါင်းရှာဖွေခဲ့တာဖြစ်သည်ဟုသိရသည်။
ယင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်း သိမ်းဆည်းရမိမှုကို မိုင်းဆတ်မြို့နယ် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ဆိုင်ငှားနေထိုင်သူ ကျော့ချိုင်းကို ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေသည်ဟုသိရသည်။
Ref ;EPN
<zawgyi>
မိုင်းဆတ်မြို့တွင် သိန်း ၅၀၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၃ သိန်း ပိုင်ရှင်မဲ့ဖမ်းမိ
Monday , December 30 , 2019

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော်ကို ပိုင်ရှင်မဲ့ဖမ်ဆီးရမိခဲ့ သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက မိုင်းဆတ်မြို့၊ မိုင်းထလမ်းကျေးရွာအုပ်စု နာယောင်းကျေးရွာ စျေးဆိုင် ခန်းတစ်ခုထဲက သိမ်းဆည်းရမိတာပါ။ ဆိုင်ခန်းအတွင်း စင်တစ်ခုအောက်မှာ စိတ်ကြွရူးသွပ်ဆေးပြားထည့် ထားတဲ့ ဆာလာအိပ် ၁၃ အိပ် ဆေးပြားပေါင်း ၁၃ သိန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၄၉၅၀ တန်ဖိုးရှိတယ်။ ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိတာဟု မိုင်းဆတ်ရဲစခန်းမှူးက ပြောသည်။
အဆိုပါစျေးဆိုင်ခန်းကို ထိုင်းနိုင်ငံသားတစ်ဦးဖြစ်သူ ကျော့ချိုင်းဆိုသူက လာရောက်ငှားရမ်း ဆိုင်ဖွင့်နေထိုင်တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးချိန် အဆိုပါအိမ်ငှားနေသူ ထိုင်းနိုင်ငံသားကျော့ချိုင်းကို မတွေ့ရသဖြင့် ပိုင်ရှင် မဲ့အဖြစ် သိမ်းဆည်းလာတာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါမိုင်းဆတ်မြို့နယ် နားယောင်းစျေးရှိ ဆိုင်ခန်းများတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်း အရရဲတပ်ဖွဲ့နှင့် UWSA(၀)အဖွဲ့တို့ ပူးပေါင်းရှာဖွေခဲ့တာဖြစ်သည်ဟုသိရသည်။
ယင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်း သိမ်းဆည်းရမိမှုကို မိုင်းဆတ်မြို့နယ် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ဆိုင်ငှားနေထိုင်သူ ကျော့ချိုင်းကို ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေသည်ဟုသိရသည်။
Ref ;EPN

0 comments:

Post a Comment