Tuesday, December 31, 2019

နဝမအကြိမ် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ကျပ်သိန်းတစ်ရာ ဂါရဝပြု လှူဒါန်း

Image may contain: one or more people, crowd and indoor

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) နဝမအကြိမ် သက်ကြီးဂီတပညာရှင်ကြီးများပူဇော်ပွဲကို ရန်ကုန်မြို့ ဂန္ဓမာ ဟိုးဆေး၌ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးလေးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သက်ကြီး ဂီတပညာရှင်ကြီးများအား တက်ရောက်လာကြသူများ က ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။
ယင်းနောက် သက်ကြီး ဂီတပညာရှင်များကိုယ်စား စည်သူဒေါက်တာဘိုကလေးတင့်အောင် က မုဒိတာစကားမြွက်ကြား ချီးမြှင့်သည်။ ဆက်လက်ပြီး သက်ကြီး ဂီတပညာရှင်ကြီးများအား အလှူရှင်များက လှူဖွယ်ပစ္စည်းမျိုးစုံနှင့် ဂါရဝပြု အလှူငွေများပေးအပ်လှူဒါန်း ကြပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြု လှူဒါန်းသော အလှူငွေ ကျပ်သိန်းတစ်ရာအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါကန်တော့ပွဲတွင် အသက် ၈ဝ နှစ်အထက် သက်ကြီးဂီတပညာရှင် ကန်တော့ခံ ၈ဝ ဦး၊၇ဝ နှစ် အထက် သက်ကြီး ဂီတပညာရှင် ကန်တော့ခံ ၆၂ ဦးအား ကန်တော့ ခဲ့ကြောင်း သိရသည်။
Source: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
<<Zawgyi>>
နဝမအကြိမ် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ကျပ်သိန်းတစ်ရာ ဂါရဝပြု လှူဒါန်း
Tuesday , December 31 , 2019

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) နဝမအကြိမ် သက်ကြီးဂီတပညာရှင်ကြီးများပူဇော်ပွဲကို ရန်ကုန်မြို့ ဂန္ဓမာ ဟိုးဆေး၌ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးလေးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သက်ကြီး ဂီတပညာရှင်ကြီးများအား တက်ရောက်လာကြသူများ က ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။
ယင်းနောက် သက်ကြီး ဂီတပညာရှင်များကိုယ်စား စည်သူဒေါက်တာဘိုကလေးတင့်အောင် က မုဒိတာစကားမြွက်ကြား ချီးမြှင့်သည်။ ဆက်လက်ပြီး သက်ကြီး ဂီတပညာရှင်ကြီးများအား အလှူရှင်များက လှူဖွယ်ပစ္စည်းမျိုးစုံနှင့် ဂါရဝပြု အလှူငွေများပေးအပ်လှူဒါန်း ကြပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြု လှူဒါန်းသော အလှူငွေ ကျပ်သိန်းတစ်ရာအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါကန်တော့ပွဲတွင် အသက် ၈ဝ နှစ်အထက် သက်ကြီးဂီတပညာရှင် ကန်တော့ခံ ၈ဝ ဦး၊၇ဝ နှစ် အထက် သက်ကြီး ဂီတပညာရှင် ကန်တော့ခံ ၆၂ ဦးအား ကန်တော့ ခဲ့ကြောင်း သိရသည်။
Source: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment