Thursday, December 5, 2019

ချင်းပြည်နယ် ပညာရေးဝန်ထမ်းများမှ အသတ်ခံရသည့်ဆရာမအတွက် ငွေကျပ် သိန်း ၆၀ ကျော် ထောက်ပံ့

သေနတ်ဖြင့်အသတ်ခံရသည့်ဆရာမ၏ ကျန်ရစ်သူမိသားစုအတွက် ချင်းပြည်နယ်ပညာရေးဝန်ထမ်းများမှ ဒီဇင်ဘာ ၄ ရက်နေ့ ည ၇ နာရီအချိန်က ၎င်းမိသားစုနေထိုင်ရာ ခိုင်ကမ်းမြို့. အမှတ်(၁)ရပ်ကွက်ရှိ မိခင်ထံသို့ ငွေကျပ်သိန်း ၆၀ ကျော်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများသည် မိမိတတ်နိုင်သည့်ငွေကြေးပမာဏကို စုပေါင်းထည့်သွင်းကြပြီး ကွယ်လွန်သူ ဆရာမ ဒေါ်ဒိမ့်လွန်းမန် ၏မိခင်ဖြစ်သူအား စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၆၂၈၀၀၀/-) ငွေကျပ် ခြောက်ဆယ့်ခြောက်သိန်း နှစ် သောင်း ရှစ်ထောင် တိတိကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဆရာမတစ်ယောက်ရဲ့အပြည့်အဝရှိတယ်ဆိုတာကို ဆောင်ရွက်သွားတာကြောင့် သူ့ရဲ့အစားဂုဏ်ယူပြီး အသိအမှတ်ပြုတဲ့အနေနဲ့ကျန်ရစ်သူမိသားစုကို ကျွန်မတို့ချင်းပြည်နယ် ပညာရေးဝန်ထမ်းမိသားစုတွေက တတ်အားသရွေ့ သွားရောက်ပြီး ကူညီပံ့ပိုးပေးတာပါ။ ဖြစ်ဖြစ်ချင်းကတော့ ပြည်နယ်အစိုးရကလဲကူညီခဲ့တယ်။ ပြည်နယ်ပညာရေးမှူးရုံးကလဲ ကူညီခဲ့တယ်။အခုကျွန်မသွားလှူတာကတော့ ချင်းပြည်နယ် မြို့နယ်အားလုံးရဲ့ ပညာရေးဝန်ထမ်းတွေဟာ သတ်မှတ်ချက်မရှိဘဲနဲ့သူတို့စိတ်စေတနာ တတ်အားသရွေ့ လှူးဒါန်းတာကတော့ စုစုပေါင်းငွေကျပ်သိန်း ၆၆၂၈၀၀၀ ဖြစ်တယ်"ဟု ဖလမ်း ခရိုင် ပညာရေးမှူး ဒေါ်မာလာရီက ပြောကြားခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ် အချိန်က ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ် တွီးဗျဲာလ်ဇန်ကျေးရွာအ.မ.က ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းနေ ဒေါ်ဒိန့်လွန်မန်း(၂၇)နှစ်သည် နေအိမ်၌ရှိနေစဉ် အဆိုပါကျေးရွာနေ ဘီနော့(၄၂)နှစ် ရောက်ရှိလာပြီး တစ်လုံးထိုးသေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဘီနော့သည် လက်ရှိမှာ နယ်စပ်မှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့်ဆရာမအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးပေါင် လွန်မင်းထန်မှ နိုဝင်ဘာ ၁၉ ရက်နေ့က ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အသတ်ခံရသည့် ဆရာမ ဒိမ်လွန်းမန်ကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုနှင့်အမှန်တရား ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ ၁ ရက်နေ့က တီးတိန်မြို့တွင် ဒေသခံလူဦးရေ ၅၀၀ ခန့်အား ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
ကျောင်းဆရာမ ၁ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်တရားခံအား ဖမ်းဆီးရမိရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရထံ တင်ပြပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ဆိုခွင့်ရှိသူစည်ပင်ဝန်ကြီးဦးစိုးထက်ကပြောကြားခဲ့ကြောင်း သိရှိရသည်။
ဘီနော့သည် ၎င်း၏သမီးဖြစ်သူ မကျိန်စောလျန်(၁၆)နှစ်အား အရက်သေစာ သောက်စား မူးယစ်ပြီး အမြဲရိုက်နှက်နေကြောင်း၊ ထိုသို့ရိုက်နှက်နေမှုအား ဆရာမဒေါ်ဒိန့်လွန်မန်းမှ မိန်းမသားချင်းစာနာ၍ မကျိန်စောလျန်အား တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ဆွေမျိုးများနေအိမ်သို့ ပို့ဆောင်ထားရှိသည်ကို မကျေမနပ်ဖြစ်၍ ဒေါ်ဒိန့်လွန်မန်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘီနော့အား ကျီခါးနယ်မြေရဲစခန်း (ပ)၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
<zawgyi>
ချင်းပြည်နယ် ပညာရေးဝန်ထမ်းများမှ အသတ်ခံရသည့်ဆရာမအတွက် ငွေကျပ် သိန်း ၆၀
ကျော် ထောက်ပံ့
Friday,December 6 ,2019

0 comments:

Post a Comment