ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးလွန်းသည့်အခြေအနေဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် နေထိုင်သူများပင် နားလည်ရန်ခက်ခဲသည့် ကိစ္စ တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဂျီနိုဆိုက်မှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro Mayurama က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဂျပန် နိုင်ငံ၏ရပ်တည်ချက်ကိုအသိပေးသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
"ရခိုင်ပြည်နယ်ကိစ္စဆိုတာ အင်မတန်မှ ဆိုးတဲ့ကိစ္စဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက ဖြစ်တဲ့ ကိစ္စတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ကျွန်တော်တို့အတွက်တောင်မှ နားလည်ဖို့ခက်တဲ့ကိစ္စဖြစ်ပါတယ်။ အဲ့မှာ ပိုပြီးတဲ့ဆိုးတဲ့ကိစ္စက အာရကန်အာမီက ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ စစ်တိုက်တယ်။ စစ်တိုက်တာသာမက လ၀က အမှုထမ်းတွေကို ဖမ်းတဲ့ကိစ္စတွေရှိတယ်၊ အဲ့တာတင်မက ချင်းပြည်နယ်က အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်ကို ဖမ်းလိုက်တာတွေရှိတယ်။ အဲ့လောက်အထိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ရှုပ်တဲ့အခြေအနေတွေရှိတယ်။ အဲ့မှာ ကျွန်တော်တို့ ပြန်ကြည့်လိုက်တဲ့အခါမှာ မြန်မာ့တပ်မတော်ရော၊ မြန်မာ့အစိုးရရောက ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေအကုန်ကို အကုန်လုံးသတ်ဖို့ရည်ရွယ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" ဟု ၎င်းကပြောသည်။
ထို့ပြင် Mr.Ichiro က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာသည် မောင်တောရှိရဲစခန်းများကို အာဆာက တိုက်ခိုက်သဖြင့် ဖြစ်ပွားခဲ့ရကြောင်းနှင့် အိုင်စီဂျေတွင် ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်းရှင်းလင်းခဲ့သည်ကို ဂျပန်နိုင်ငံက အပြည့်အဝယုံကြည်ကြောင်း ပြောသည်။
"(ရခိုင်ပြဿနာက) အာဆာက ရခိုင်ပြည်နယ် မောင်တောမှာရှိတဲ့ ရဲစခန်းတို့ကို တိုက်တာ။ တိုက်တဲ့အတွက် တပ်မတော်က ပြန်တိုက်တယ်။ အဲ့တာကို ကြည့်တာက တပ်မတော်က ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်အကုန်လုံးကို သတ်ဖြတ်တယ်။ ဂျီနိုဆိုက်ကျူးလွန်တယ်လို့ ကျွန်တော်တို့(ဂျပန်နိုင်ငံက) မမြင်ပါဘူး" ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ဂျီနိုဆိုက်ဖြစ်ပွားခဲ့မှုမရှိကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာအစိုးရက အတိုင်း ဖြေရှင်းနေခြင်းကို အပြည့်အဝထောက်ခံယုံကြည်ကြောင်း၊ သို့သော် အိုင်စီဂျေ၏ ဆုံးဖြတ်ချက်သည် မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံအနေဖြင့် ထိုဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ အကယ်၍ မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများရှိပါက ဂျပန်အစိုးရက ကူညီရန် အသင့်ဖြစ်ကြောင်း ပြော သည်။
Source - Myanmar Harp Media
<zawgyi>
မြန်မာနိုင်ငံတွင် ဂျီနိုဆိုက်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြား
Friday ,December 27 , 2019
ရခိုင်ပြည်နယ်အရေးသည် ရှုပ်ထွေးလွန်းသည့်အခြေအနေဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် နေထိုင်သူများပင် နားလည်ရန်ခက်ခဲသည့် ကိစ္စ တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဂျီနိုဆိုက်မှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro Mayurama က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဂျပန် နိုင်ငံ၏ရပ်တည်ချက်ကိုအသိပေးသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
"ရခိုင်ပြည်နယ်ကိစ္စဆိုတာ အင်မတန်မှ ဆိုးတဲ့ကိစ္စဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက ဖြစ်တဲ့ ကိစ္စတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ကျွန်တော်တို့အတွက်တောင်မှ နားလည်ဖို့ခက်တဲ့ကိစ္စဖြစ်ပါတယ်။ အဲ့မှာ ပိုပြီးတဲ့ဆိုးတဲ့ကိစ္စက အာရကန်အာမီက ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ စစ်တိုက်တယ်။ စစ်တိုက်တာသာမက လဝက အမှုထမ်းတွေကို ဖမ်းတဲ့ကိစ္စတွေရှိတယ်၊ အဲ့တာတင်မက ချင်းပြည်နယ်က အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်ကို ဖမ်းလိုက်တာတွေရှိတယ်။ အဲ့လောက်အထိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ရှုပ်တဲ့အခြေအနေတွေရှိတယ်။ အဲ့မှာ ကျွန်တော်တို့ ပြန်ကြည့်လိုက်တဲ့အခါမှာ မြန်မာ့တပ်မတော်ရော၊ မြန်မာ့အစိုးရရောက ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေအကုန်ကို အကုန်လုံးသတ်ဖို့ရည်ရွယ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" ဟု ၎င်းကပြောသည်။
ထို့ပြင် Mr.Ichiro က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာသည် မောင်တောရှိရဲစခန်းများကို အာဆာက တိုက်ခိုက်သဖြင့် ဖြစ်ပွားခဲ့ရကြောင်းနှင့် အိုင်စီဂျေတွင် ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်းရှင်းလင်းခဲ့သည်ကို ဂျပန်နိုင်ငံက အပြည့်အဝယုံကြည်ကြောင်း ပြောသည်။
"(ရခိုင်ပြဿနာက) အာဆာက ရခိုင်ပြည်နယ် မောင်တောမှာရှိတဲ့ ရဲစခန်းတို့ကို တိုက်တာ။ တိုက်တဲ့အတွက် တပ်မတော်က ပြန်တိုက်တယ်။ အဲ့တာကို ကြည့်တာက တပ်မတော်က ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်အကုန်လုံးကို သတ်ဖြတ်တယ်။ ဂျီနိုဆိုက်ကျူးလွန်တယ်လို့ ကျွန်တော်တို့(ဂျပန်နိုင်ငံက) မမြင်ပါဘူး" ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ဂျီနိုဆိုက်ဖြစ်ပွားခဲ့မှုမရှိကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာအစိုးရက အတိုင်း ဖြေရှင်းနေခြင်းကို အပြည့်အဝထောက်ခံယုံကြည်ကြောင်း၊ သို့သော် အိုင်စီဂျေ၏ ဆုံးဖြတ်ချက်သည် မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံအနေဖြင့် ထိုဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ အကယ်၍ မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများရှိပါက ဂျပန်အစိုးရက ကူညီရန် အသင့်ဖြစ်ကြောင်း ပြော သည်။
Source - Myanmar Harp Media
0 comments:
Post a Comment