ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က (၇၂) နှစ်မြောက် တပ်မတော် (ရေ) အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ပွဲကို တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ဒီတပ်တော်ဝင်ပွဲမှာ Multi-Purpose Support Vessel စစ်ရေယာဉ် မုတ္တမ၊ ၂၇ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ် (၂) စီး၊ ၂၆ မီတာ ပင်လယ်သွား တွဲဆွဲရေယာဉ် (၂) စီး၊ ၂၀ မီတာ မြစ်တွင်း ကင်းလှည့်ရေယာဉ် (၂) စီးနဲ့ ကမ်းရိုးတန်းသွား သယ်ယူပို့ဆောင်ရေးရေယာဉ် မြစ်ကြီးနားတို့ ပါဝင်ခဲ့တယ်။
ဒီရေယာဉ်တွေထဲမှာ မြစ်ကြီးနားသင်္ဘောနဲ့ ပတ်သက်ပြီး အသံမျိုးစုံထွက်ပေါ်လာတာကိုလည်း တွေ့မြင်ဖတ်ရှုလိုက်ရပါတယ်။ အထူးသဖြင့် မြစ်ကြီးနားသင်္ဘောကို ဆေးရောင် ပြောင်းသုတ်ပြီး ဖရီးဂိတ် စစ်ရေယာဉ်အဖြစ် တပ်တော်ဝင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအား ဖော်ပြလိုက်ပါတယ်။
မြစ်ကြီးနားဆိုသည်မှာ
မြစ်ကြီးနား သင်္ဘောကြီးဟာ ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်မှာ နော်ဝေနိုင်ငံထံမှ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက ဝယ်ယူပြီး ရခိုင်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်မှာ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ခရီးသည် ၄၀၀ နဲ့ ကုန်စည် တန်ချိန် ၄၀၀ ကို သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ နှစ်ပေါင်း (၃၀) ကျော် နိုင်ငံတာဝန်များကို ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ်းရိုတန်းဒေသတွေမှာ ကုန်းလမ်းမှာ လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်လာခြင်းနဲ့ လေကြောင်းလိုင်းများ ပိုမိုများပြားလာခြင်းတို့ကြောင့် ဒီဒေသတွေကို အချိန်တိုအတွင်း ရောက်ရှိသွားလာနိုင်ပါတယ်။ ခရီးစဉ်တစ်ခေါက်ကို နှစ်ရက်မှ သုံးရက်လောက်ကြာမြင့်မယ့် ဒီသင်္ဘောကြီးကို လိုက်ပါစီးနင်းမည့်သူ နည်းပါးလာခဲ့ပါတယ်။ Demand နည်းပါးလာတဲ့အနေအထားဖြစ်ပါတယ်။ အဲဒီအတွက် တစ်နှစ်ကို ခရီးစဉ် နှစ်ခေါက်မှ သုံးခေါက်ခန့်အထိသာ သွားလာနိုင်တဲ့ အခြေအနေဖြစ်လာပြီး ကျန်အချိန်တွေမှာ Bouy မှာ ချည်ထားရတဲ့ အနေအထားကို ရောက်သွားပါတယ်။ အဲဒီအတွက် တစ်နှစ်တစ်နှစ်ကို ပြုပြင်ထိန်းသိမ်းစရိတ် ကြီးမားလာပါတယ်။
နိုင်ငံတကာမှာလည်း Resource များကို အစိုးရအေဂျင်စီအချင်းချင်း လွှဲပြောင်းရယူတဲ့ ဓလေ့ရှိပါတယ်။ နောက်တစ်ချက်ကတော့ Merchant Navy နဲ့ Fishing Fleet များရဲ့ သဘောသဘာဝကို နားလည်ထားဖို့လည်း လိုအပ်ပါတယ်။ စစ်ဖြစ်ချိန် မှာ ဒီအရပ်ဖက်ရေယာဉ်များနဲ့ ရေယာဉ်အမှုထမ်းများဟာ Merchant Navy အနေနဲ့ တာဝန်ထမ်းဆောင်ကြရတာဖြစ်ပါတယ်။ ရေယာဉ်အမှုထမ်းအားလုံးဟာ အထူးအထွေထပ်မံလေ့ကျင့်ပေးဖို့ မလိုအပ်တော့လို့ပဲဖြစ်ပါတယ်။ ဥပမာတစ်ခုပြောရရင် ဖော့ကလန်စစ်ပွဲမှာ ဗြိတိသျှတော်ဝင်ရေတပ်က စစ်ရေယာဉ်များဟာ ရေမိုင် ၇၀၀၀ ကျော်ကို သွားရောက် စစ်ဆင်တိုက်ခိုက်ရာမှာ အုပ်ချုပ်ထောက်ပံ့မှု မပြတ်တောက်ဖို့အတွက် Merchant Navy က အရပ်ဖက်ရေယာဉ်များကို အသုံးပြုခဲ့ရပါတယ်။ စစ်ပွဲတစ်ခု ဖြစ်ပွားလာတာနဲ့ ရရှိသမျှ ရင်းမြစ်အကုန်သုံးစွဲတဲ့သဘောဖြစ်ပါတယ်။ နောက်တစ်ခုက ဒုတိယ ကမ္ဘာစစ်အတွင်း ဒန်းကပ်ခွာစစ်မှာလည်း အရပ်ဖက် သင်္ဘောများနှင့် လှေများကို အသုံးပြုခဲ့တာတွေ့နိုင်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) မှာလည်း ငါးဖမ်းရေယာဉ်တွေကို Fishing Militia အနေနဲ့ သုံးနေတာ တွေ့နိုင်ပါတယ်။
မြစ်ကြီးနားကဲ့သို့သော သင်္ဘောတစ်စီးအား အသစ်ဝယ်ယူမယ်ဆိုပါက ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိပါတယ်။ တည်ဆောက်ချိန် (၃) နှစ်ခန့် ကြာမြင့်ပါမယ်။ တပ်မတော် (ရေ) က လွှဲပြောင်းရယူပြီး အချိန် (၁) နှစ်ကြာ ပြင်ဆင်ခဲ့ရာ Main Engine (Normo KVMP 16) လှဲလှယ်ခြင်းနဲ့ သင်္ဘော ကိုယ်ထည် ပိုမိုကြံ့ခိုင်အောင် ပြုပြင်ခြင်းတို့ ပါဝင်ပါတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁.၈) သန်း ခန့်သာ ကုန်ကျခဲ့ပါတယ်။ ယခင်ကလည်း သံလွင်သင်္ဘောအား ဆေးရုံသင်္ဘော (AH – 02) အဖြစ်လည်းကောင်း၊ ချင်းတွင်း သင်္ဘောအား စစ်သည်တင်ရေယာဉ် (AP – 01) အဖြစ်လည်းကောင်း၊ ရွှေပုဇွန်အား ဆေးရုံသင်္ဘော (AH – 01) အဖြစ်လည်းကောင်း ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်ကလည်း ဒီလို အရပ်ဖက်ရေယာဉ်တွေကို လွှဲပြောင်းရယူ အသုံးပြုခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့ပါတယ်။ (ရေကြောင်းဓလေ့ထုံးစံအရ ယခင်ပေးထားတဲ့ အမည်ကို သင်္ဘောကိုယ်ထည်ကနေ ဖျက်ပစ်လေ့မရှိဘူးလို့ လေ့လာသိရှိထားပါတယ်။ ဒါအပြင် တပ်မတော် (ရေ) အနေနဲ့လည်း ဒီရေယာဉ်ကို စစ်ရေယာဉ် မြစ်ကြီးနားအဖြစ် ယခင်အမည်အတိုင်း ဆက်လက်သုံးစွဲနေတာကိုလည်း တွေ့နိုင်ပါတယ်။)
ဒီရေယာဉ်တွေကို စစ်အေးချိန် (Peace Time) မှာ လူသာချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ စစ်ဆင်ရေး (Humanitarian Assistance and Disaster Relief – HADR) တွေမှာ အသုံးပြုနိုင်ပြီး စစ်ပွဲဖြစ်ပွားချိန် (War Time) မှာ စစ်သည်တွေနဲ့ အခြားထောက်ပံ့ပို့ဆောင်ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့ Military Sealift တာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ Bouy မှာ ချည်နှောင်ထားပြီး တဖြည်းဖြည်း ပျက်စီးသွားတော့မယ့် ရေယာဉ်တစ်စီးကို အကျိုးရှိစေမည့် နေရာမှာ ပြန်လည် အသုံးချနိုင်ခြင်း ဖြစ်ပါတယ်။
Amphibious Ready Group (ARG)
နောက်တစ်ချက်ကတော့ ဒီဇင်ဘာ ၂၄ မှာ တပ်တော်ဝင်ခဲ့တဲ့ ရေယာဉ်တွေကိုသာ ကွက်ပြီး ကြည့်လို့မရပါဘူး။ သုံးသပ်မယ်ဆိုရင် ရုပ်ပုံကားချပ်ကြီးတစ်ခုလုံးကို မြင်အောင်ကြည့်နိုင်မှ ရပါလိမ့်မယ်။ ဒီဇင်ဘာ ၂၄ မှာ တပ်တော်ဝင်ခဲ့တာ ရုပ်ပုံကားချပ်ကြီးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ ယနေ့ခေတ်စစ်ပွဲဟာ ရေပြင်မှာ အဆုံးသတ်တာမဟုတ်ပဲ ကုန်းမြေမှာ အဆုံးသတ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီအတွက် Amphibious Ready Group များဟာ အရေးပါလာပါတယ်။ တပ်မတော် (ရေ) ရဲ့ ခြေလှမ်းတွေကို ကြည့်မယ်ဆိုလျှင်လည်း ဒီလို Amphibious Ready Group တွေ ဖွဲ့စည်းဖို့ ဦးတည်နေတယ်ဆိုတာမြင်သာလာပါတယ်။ စစ်ရေယာဉ်မုတ္တမနဲ့ ယှဉ်တွဲတာဝန်ထမ်းဆောင်နိုင်မယ့် ၂၉ မီတာ ကမ်းထိုးရေယာဉ်တွေ၊ ၃၈ မီတာ ပင်လယ်သွားကမ်းထိုးရေယာဉ်တွေနဲ့ ၅၆ မီတာ တင့်ကားတင်ကမ်းထိုးရေယာဉ်တွေကို အဆက်မပြတ်တည်ဆောက် တပ်တော်ဝင်ခဲ့တာ တွေ့နိုင်ပါတယ်။ ကမ်းထိုးရေယာဉ်ငယ်တွေကို ဆက်တိုက်တည်ဆောက်နေခြင်းဟာ စစ်ရေယာဉ်မုတ္တမကဲ့သို့သော ရေယာဉ်ကြီးတွေ ဦးဆောင်တဲ့ Amphibious Ready Group တစ်ခု ဖွဲ့စည်းနေခြင်းလားဆိုတာ ပြန်ပြောင်းတွေးတောစရာ ဖြစ်လာပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံတွေကို ကျူးကျော်ဖို့ ရည်ရွယ်တာ မဟုတ်ပေမယ့် တချိန်မှာ မိမိနိုင်ငံ ကျူးကျော်ခံရချိန်မှာ တန်ပြန်ကမ်းတက်စစ်ဆင်ရေး (Counter – Amphibious Warfare) ဆင်နွှဲဖို့ လိုအပ်ပါတယ်။ Amphibious Ready Group မှာ မုတ္တမလို စစ်ရေယာဉ်ကြီးတွေက ဦးဆောင်ပြီး ပင်လယ်သွားကမ်းထိုးရေယာဉ်တွေက ကမ်းတက်စစ်ဆင်ရေးဆင်နွှဲနေချိန်မှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်တွေ၊ ဒုံးပျံတင် အမြန်သွားတိုက်ခိုက်ရေးရေယာဉ်တွေက အစောင့်လိုက်ပါနေမှာ ဖြစ်ပါတယ်။ မုတ္တမကဲ့သို့ စစ်ရေယာဉ်ကြီးများ ပိုင်ဆိုင်ခြင်းဟာ Power Projection ပြုလုပ်နိုင်စွမ်းကို တိုးတက်လာစေပါတယ်။
ရေတပ်တစ်ခုကို ကြည့်မယ်ဆိုရင် တိုက်ခိုက်ရေးအင်အားစုတွေဖြစ်တဲ့ ဖရီးဂိတ်တွေ ကော်ဗက်တွေကိုပဲ ကြည့်လို့မရပါဘူး။ နောက်ကွယ်က မမြင်နိုင်တဲ့ အင်အားစုတစ်ခုဖြစ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးရေယာဉ်တွေ ဆီတင်ရေယာဉ်တွေပါဝင်တဲ့ ထောက်ပံ့ပို့ဆောင်ရေးရေယာဉ်အုပ်တွေ၊ အကူရေယာဉ်အုပ်တွေကိုလည်း ထည့်သွင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်ရေးရေယာဉ်တွေကို ပင်လယ်ပြင် ထောက်ပံ့ဖြည့်တင်းရေး (Replenishment at Sea) လုပ်ဆောင်နိုင်ဖို့ ဒီရေယာဉ်တွေကလည်း အရေးပါ ပါတယ်။
တိုက်ခိုက်ရေးရေယာဉ်အုပ်တွေ များပြားလာချိန်မှာ ၎င်းတို့ကို နောက်မှ အင်အား ဖြည့်တင်းရန်၊ Sustainable at Sea ဖြစ်စေရန်၊ Endurance ကောင်းမွန်စေရန်နဲ့ လက်ရုံးဆန့်တန်းနိုင်တဲ့ စွမ်းရည်ဖြစ်တဲ့ Power Projection Capabilities ကို တိုးမြှင့်စေရန်အတွက် စစ်ရေယာဉ်စုတွေမှာ ထောက်ပံ့ပို့ဆောင်ရေးရေယာဉ်အုပ်တွေကို ဟန်ချက်ညီစွာ တိုးချဲ့ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ စစ်ရေယာဉ် မြစ်ကြီးနားသည်လည်း ထိုရေယာဉ်အုပ်များမှ တစ်စီး ဖြစ်ပါတယ်။ ဒီရေယာဉ်တွေဟာ စစ်အေးချိန် (Peace Time) မှာ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ သဘာဝဘေးအန္တရာယ် ကျရောက်တာနဲ့ အမြန်ဆုံး သွားရောက်ကယ်ဆယ်နိုင်တာ တပ်မတော်ဆိုတဲ့ Institution သာဖြစ်ပါတယ်။ အဲဒီအတွက် တပ်မတော်တိုင်းဟာ HADR လုပ်ဆောင်နိုင်ဖို့ စွမ်းရည်လည်း ရှိဖို့လိုအပ်ပါတယ်။
အနာဂတ်မှာ စစ်ရေယာဉ် မုတ္တမကဲ့သို့ စစ်ရေယာဉ်မျိုးကို နည်းပညာလွှဲပြောင်းရယူပြီး နောက်ထပ် အနည်းဆုံး ၃ စီး ဆက်လက်တည်ဆောက်နိုင်မည်ကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဒီမှာတင်ရပ်မနေပဲ စစ်ရေယာဉ် မုတ္တမထက်ပိုမိုကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ရဟတ်ယာဉ်တင် သင်္ဘောကြီးတွေကိုပါ ပိုင်ဆိုင်နိုင်ရေး လုပ်ဆောင်သွားမည်လားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အနည်းဆုံးအနေနဲ့ လာမည့် ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက်တပ်မတော်နေ့မတိုင်ခင်မှာတော့ တပ်မတော် (ကြည်း၊ ရေ၊ လေ) သုံးခုလုံးမှာ ထူးခြားမှုတွေကို ဆက်လက်မြင်တွေ့နိုင်မှာ ဖြစ်ကြောင်း။
Source- ဒေါက်တာနိုင်ဆွေဦး #Myanmar_Online_News
<zawgyi>
စစ်ရေယာဉ် မြစ်ကြီးနားနှင့် ပတ်သက်၍ ဒေါက်တာနိုင်ဆွေဦး ရဲ့ ပြောပြချက်
Friday ,December 27 , 2019

0 comments:
Post a Comment