ကားတစ်စီးနဲ့အတူ ပျောက်ဆုံးခဲ့တဲ့ ဒေါက်တာအေးဇော်ထွန်းနဲ့သူ့ရဲ့သားငယ်ကို ဒီဇင်ဘာ၂၄ရက်က အတ္ထရံမြစ်အတွင်းကနေ ပြန်လည်ဆယ်ယူရရှိခဲ့ပါတယ်။ လတ်တလောမှာတော့ သေမှုသေခင်းနဲ့ စစ်ဆေးနေတယ်လို့ မုပွန်ရဲစခန်းမှူးရဲအုပ်အောင်နိုင်ဦးကပြောပါတယ်။
ဒေါက်တာအေးဇော်ထွန်းတို့ သားအဖဟာ ဒီဇင်ဘာ(၅)ရက်က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ၁၉ ရက်အကြာမှာ ရဲတပ်ဖွဲ့နဲ့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေက ပူးပေါင်းရှာဖွေနေရာကနေ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ပျောက်ဆုံးသူရဲ့ အိမ်ရှေ့နားက CCTV မှတ်တမ်းအရ ကားဟာအိမ်ထဲဝင်ရမှာဖြစ်ပေမယ့် မဝင်ဘဲအိမ်ရှေ့ကဖြတ်သွားတာဖြစ်လို့ ကားလမ်းကြောင်းအနေအထားအရ ညောင်ပင်ဆိပ် အတ္ထရံမြစ်ထဲကိုဖြစ်နိုင်ခြေရှိတာမို့ မြစ်ထဲမှာရှာဖွေတာဖြစ်တယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှုး ကိုဇင်မိုး က ပြောပါတယ်။
ဒေါက်တာအေးဇော်ထွန်းဟာ ဒီဇင်ဘာ၅ရက် ညက (၃)နှစ်ခွဲအရွယ် သူရဲ့သားငယ်နဲ့အတူ မော်လမြိုင်မြို့ဖက်ခင်းလမ်း ဧရာဝတီစားသောက်ဆိုင်မှာ သူငယ်ချင်းသုံးဦးကို သွားရောက်တွေ့ဆုံပြီး နေအိမ်ကိုအပြန်မှာ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်က နေအိမ်ကိုပြန်ဖို့အ နီးဆုံးလမ်းဖြစ်တဲ့ အုတ်ဖိုလမ်းအတိုင်းမပြန်မီ ကျိုက်မရော ဘားအံလမ်းခွ ဲ့အဝိုင်းကို ပတ်ခဲ့တယ်လို့ CCTV မှတ်တမ်းတချို့အရ သိရပါတယ်။ ဒါကြောင့် ကားသွားတဲ့လမ်းကြောင်း အနီးနားဝန်းကျင်က နေရာတွေကို ပျောက်ဆုံးတဲ့နေ့ ကတည်းက ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးရရှိတဲ့ CCTV မှတ်တမ်းအရ နေအိမ်ရှေ့လမ်းမကြီးအတိုင်းမောင်းသွားတာဖြစ်လို့ ကားလမ်းနဲ့တဆက်တည်းရှိတဲ့ အတ္ထရံမြစ်အတွင်း ရှာဖွေရင်း ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အခုကားကျတဲ့နေရာဟာ အကာအကွယ်မရှိတာကြောင့် အဲဒီနေရာကို အတားအဆီးတစ်ခု ပြုလုပ်ပေးစေလိုတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက ကိုဘိုဘိုဝင်းက ပြောပါတယ်။
"လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်က အဲနေရာမှာ ကားတစ်စီးကျခဲ့ဘူးတယ်၊ လူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူး။ အဲဒါကြောင့် အတားအဆီး အကာအရံလေး လုပ်ပေးစေချင်တယ်" လို့ ပြောဆိုပါတယ်။
Dr. အေးဇော်ထွန်း နဲ့ သားဖြစ်သူ စသုတမွန် တို့ရဲ့ ရုပ်အလောင်းတွေကိုတော့ မော်လမြိုင်ပြည်နယ် အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆက်လက်စစ်ဆေးနေ ပါတယ်။ Dr. အေးဇော်ထွန်းရဲ့ မိသားစုဝင်တွေကတော့ ရုပ်အလောင်းတွေကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံ ကနေ ဒီကနေ့ ဒီဇင်ဘာ (၂၅) နေ့လယ် ၃ နာရီမှာ ပိန္နကုန်း မြန်မာသုသာန်ကို ပို့ဆောင်မယ်လို့ မိသားစု အသိပေး အကြောင်းကြားထားကြောင်း သိရပါတယ်။
Ref-One New Myanmar #Myanmar_Online_News
<<Zawgyi>>
ဒေါက်တာအေးဇော်ထွန်း သားအဖရုပ်အလောင်းကို သေမှုသေခင်းဖြင့်စစ်ဆေး
Wednesday ,December 25 , 2019

0 comments:
Post a Comment