Monday, September 8, 2014

တစ်ခုခုကိုစွန့်လွှတ်ခြင်းကထိရောက်မှုကိုဖြစ်စေတယ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော



မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကာလစိန်ခေါ်မှုများအလုပ်ရုံ ဆွေးနွေးပွဲကိုBAYDA Institute နှင့် Kanrad-Adernauer-stiftung တို့မှ ပူးပေါင်း၍ စက်တင်ဘာ(၅-၆)ရက်တွင် ကမ္ဘာအေး ဘုရားလမ်းရှMicasaHotel ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းရင်းသားနိုင်ငံရေးပါတီ (၁၁) ပါတီနှင်Konrad-Adennauer- Stiftung မှ မြန်မာနိုင်ငံဒါရိုက်တာ ဒေါက်တာသောမတ်စ်လာဝိုး၊ဂျာမဏီနိုင်ငံသံရုံးဒုတိယသံအမတ်ကြီးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်က “အသွင်ကူးပြောင်းရေးကာလအတွက် အကြီးမားဆုံးစိန်ခေါ်မှုဆိုတာက တော့ငါတို့ဘာလုပ်ပေးနိုင်မလဲ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ် ဖို့အတွက် တစ်ဦးချင်းဆီက ဘာလုပ်ပေးနိုင်မလဲဆိုတာ မေးဖို့လိုသလို၊ ဘာစွန့်လွှတ်နိုင် သလဲဆိုတာကိုမေးဖို့လိုပြီ၊ အား လုံးက ကိုယ်လိုချင်တာတစ်ရာ ရာခိုင်နှုန်းရမှဆိုတာမဖြစ်နိုင်ဘူး။ တစ်ခါတစ်လေတစ်ခုခုကို စွန့်လွှတ် ခြင်းဟာထိရောက်မှုကိုဖြစ်စေပါတယ်။ ဗမာတွေ ဘက်ကရော၊ တိုင်းရင်း သားတွေဘက်ကရော၊ အဖွဲ့အစည်း တစ်ခုခြင်းက ငါတို့ဘာလိုချင်တာ လဲဆိုတဲ့ အချက်အပြင်ငါတို့ ဘာစွန့်လွှတ်ပေးနိုင်သလဲ ငါတို့တိုင်းပြည်အတွက် ပြည်ထောင် စုအတွက်ဘာကိုစွန့်လွှတ်ပေးနိုင် မလဲ မေးဖို့လိုအပ်တယ်။ ဒါဟာအသွင်းကူးပြောင်းရေးကာလ အတွက် အရေးကြီးတဲ့ စိန်ခေါ်မှုပဲဖြစ်တယ်”ဟု မိန့်ခွန်းပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။



ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဥပဒေပြုစာရင်း၊ ပြည်နယ်ဥပဒေပြုစာရင်းနှင့် စိန် ခေါ်မှုများ၊ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်စိန်ခေါ်မှုများ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် စိန်ခေါ်မှုများဟူ၍ ခေါင်းစဉ် (၃) ခုဖြင့် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ခေါင်းစဉ် (၃) ခုကိုတက် ရောက်ဆွေးနွေးခဲ့သူများက သဘောတူမှတ်ချက်ချနိုင်ခဲ့ကြောင်း သိရပြီး ယင်းသို့မှတ်ချက်ချနိုင်ခဲ့ ရာတွင် “ပြည်ထောင်စုလွှတ်တော် တွင်ဆွေးနွေးမည့်ပြည်ထောင်စု နှင့် ပြည်နယ်/တိုင်းဒေသကြီးများ ၏ဥပဒေပြုအာဏာခွဲဝေသည့် ဇယားကိုပြင်ဆင်ခြင်းသည်လုပ်နည်း လုပ်ဟန်ကိစ်္စသာဖြစ်ပြီးပြည်ထောင်စုဆိုင်ရာ၊ တိုင်းရင်း သားဆိုင်ရာနိုင်ငံရေးပြဿနာများ ကို ဖြေရှင်းခြင်းမဟုတ်သော ကြောင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းနှင့် နိုင်ငံရေးပြဿနာများ တိုင်းရင်း သားပြဿနာများ ဖြေရှင်းနိုင်ရန် နိုင်ငံရေးဆန်သော တွေ့ဆုံဆွေး နွေးညှိနှိုင်းအဖြေရှာကာနိုင်ငံလုံး ဆိုင်ရာညီလာခံကြီးပြုလုပ်ပြီးပြည်ထောင်စုကိုပြည်ထောင်စုယူနစ် ဘယ်နှစ်ခုဖြင့် တည်ဆောက်မည် ဟုဦးစွာဆုံးဖြတ်၍ ပြည်ထောင်စု နှင့် ပြည်နယ်ကြားအာဏာခွဲဝေမှု ကိုဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုဆုံး ဖြတ်ထားသော အာဏာခွဲဝေမှု အပေါ်မူတည်၍ ပြည်ထောင်စု ဥပဒေပြုစာရင်ပြည်ထောင်စုယူနစ် ဥပဒေပြုစာရင်ထပ်တူကျဥပဒေပြုစာရင်းကိုပညာရှင်များပြုစု သင့်ကြောင်း သဘောတူခဲ့ကြ သည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် သည်အစိုးရမှ တစ်ဖက်သတ်ပြု လုပ်နေသောကြောင့် ငြိမ်းချမ်း ရေးမအောင်မြင်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုဌာန(Myanmar Peace Centre) သည်အစိုးရလက်အောက် ခံအဖွဲ့အစည်းဖြစ်သောကြောင့် အဆိုပါဗဟိုဌာနမှ ငြိမ်းချမ်းရေးအကျိုးဆောင်များသည်သမ္မတနှင့် အစိုးရ၏အကျိုးဆောင်များဖြစ် ကြသောကြောင့် စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘက် မလိုက်သောကြားနေအဖွဲ့ (သို့)ငြိမ်းချမ်းရေးအကျိုးတော်ဆောင် လူပုဂ်္ဂိုလ်ကိုကြားနေအဖွဲ့အဖြစ် ထားရှိသင့်ကြောင်းနှင့်လက်ရှိငြိမ်း ချမ်းရေးဖြစ်စဉ်သည်အစိုးရ၏ နိုင်ငံရေးကစားကွက်တစ်ခုဖြစ်သည်ဟုလည်းသုံးသပ်ခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲကျင်း ပရာတွင်ကော်မရှင်ကိုပြင်ဆင်ဖွဲ့ စည်းသင့်ပြီး ကော်မရှင်ဥပဒေနှင့် နည်းဥပဒေကို ပြင်ဆင်သင့်ကြောင်း နှင့်ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကိုဘက်လိုက်နေပြီး။ တရားမျှတမူမရှိဘဲ ကြားဖြတ်ရွေး ကောက်ပွဲသော်လည်းကောင်း၊အထွေထွေရွေးကောက်ပွဲသော် လည်းကောင်း၊ မဲဆန္ဒနယ်သုံးနယ် ပါဝင်ယှဉ်ပြိုင်မှုကိုမရှိသော နိုင်ငံ ရေးပါတီများ ဖျက်သိမ်းခံရမည်ဆိုသောအချက်ကိုပြင်ဆင်သင့်ပြီး ပါတီများစုစည်း၍ မမျှတသော ရွေးကောက်ပွဲဆိုင်ရာဥပဒေများ နှင့် ဥပဒေများကို ပြင်ဆင်ရန် ၀ိုင်းဝန်းတောင်းဆိုသင့်သည်ဟုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


hotnewsweekly

0 comments:

Post a Comment