မင်းသူအောင်
Miss Asia Pacific World 2014 ပြိုင်ပွဲကို စီစဉ်သည့် အဖွဲ့အစည်း အနေဖြင့် မေမြတ်နိုးအား တောင်းပန်မည် မဟုတ်ဘဲ သရဖူ ခိုးယူမှုဖြင့် တရားစွဲဆို သွားမည် ဖြစ်ကြောင်း The Korea Times သတင်းဌာန က ယမန်နေ့က ဖော်ပြသည်။ Miss Asia Pacific World သရဖူ ဆုရှင် အလှမယ် မေမြတ်နိုးသည် ရင်သား အစားထိုး ကုသခဲ့ပြီး၊ သရဖူကို ခိုးယူသွားခဲ့သဖြင့် သရဖူ ပြန်သိမ်းမည်ဟု ပြိုင်ပွဲ ဖြစ်မြောက်ရေး အဖွဲ့အစည်းက နိုင်ငံတကာ မီဒီယာများသို့ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ အသက် (၁၆)နှစ် အရွယ် မေမြတ်နိုးက အဆိုပါ စွပ်စွဲချက်သည် ၎င်းအပေါ် သိက္ခာချသည့် အပြင် မြန်မာနိုင်ငံကိုပါ စော်ကားခဲ့ သောကြောင့် အဆိုပါ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့အစည်း အနေဖြင့် ပြန်လည် တောင်းပန်မှသာ သရဖူကို ပြန်ပေးမည် ဖြစ်ကြောင်း စက်တင်ဘာလ (၂) ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ကျွန်တော့် ရှေ့နေနဲ့ စကားပြော ပြီးရင် ဒီနေ့ပဲ ရဲကို ခေါ်မယ်။ ကျွန်တော်လို ချင်တာက အမှန်တရားပါ။ သူက နတ်သမီး ၀တ်စုံထဲက မကောင်းဆိုးဝါးပဲ ဟု ပြိုင်ပွဲ စီစဉ်သူ Mr. Young Choi u The Korea Times သို့ ပြောကြားကြောင်း အဆိုပါ သတင်းဌာနတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ The Messenger Media အနေဖြင့် အလှမယ် မေမြတ်နိုးအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
Miss Asia Pacific World ပြိုင်ပွဲ ကျင်းပခြင်းသည် ယခုအကြိမ်မှာ စတုတ္ထမြောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကလည်း ပြိုင်ပွဲ ပြီးစီးအောင် မကျင်းပ မီကပင် အလှမယ်ကို ရွေးချယ်ပြီးသားဖြစ် နေကြောင်း အငြင်းပွားမှုများ ထွက်ပေါ်ခဲ့ဖူးသည့် အပြင် အဆင့်မြင့် ဆုရရန် အတွက် တာဝန်ရှိသူများက လိင် ကိစ္စနှင့် အပေးအယူ လုပ်ရန် ဖိအားပေးမှုများရှိ ခဲ့သည်ဟု အလှမယ် အချို့ကလည်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ဖူးကြောင်း နိုင်ငံတကာ သတင်းမီဒီယာများ တွင် ဖော်ပြထားသည်။
0 comments:
Post a Comment