Friday, September 12, 2014

သမီးရည်းစား အချင်းချင်းကြား ငြင်းခုံမှုတွေ ရပ်တန့်ဖြေရှင်းပေးမဲ့ အကြံကောင်းများ



ကျွန်တော်တို့အများစုက အငြင်းအခုံလေးတွေ ဖြစ်တတ်ကြပါတယ်။ မကြာခဏဆိုသလို အကြောင်းအရာ တစ်ခုတည်းပေါ်မှာပဲ ထပ်ခါတလဲလဲ ကိုယ့်သူငယ်ချင်း၊ ချစ်သူရည်းစား သို့မဟုတ် ဇနီး၊ ခင်ပွန်း စသူတို့နဲ့ ငြင်းခုံတတ်ကြတယ်။ ဒီလို အဖြစ်များလာတဲ့အခါ ဒီငြင်းခုံမှုတွေဟာ ချစ်သူနှစ်ဦးရဲ့ သံယောဇဉ်ကြိုးအတွက် အဟန့်အတားဖြစ်စေတဲ့ မဟာအုတ်တံတိုင်းတစ်ခုလို ဖြစ်စေပါတယ်။ ဒီအဆင့်ကိုကျော်နိုင်ဖို့ ကြိုးစားရမှာပါ။နောက်ပြီးသိထားရမှာက ကိုယ့်လက်တွဲဖော်ဘက်က အမြဲတမ်းမှားနေတာတော့ မဟုတ်ပါဘူး။ တခါတလေ နှစ်ယောက်စလုံး အမြင်တစ်ခုတည်း ရှိနေရင်တောင် ရန်တွေဖြစ်တဲ့အဆင့်ထိ ခေါင်းမာမာနဲ့ ငြင်းခုံတတ်ကြတယ်။

အဲဒီသဘောမတူငြင်းခုံမှုတွေကို ဖြေရှင်းဖို့ တကယ်လက်တွေ့ကျတဲ့ နည်းလမ်းတစ်ချို့ ပေးချင်တယ်။

(၁) “စပျစ်ဝိုင်ထက် ပျားရည်ဖြင့် ယင်ကောင်ပိုဖမ်းမိ” ဆိုတဲ့ စကားပုံကို အရင်ဦးဆုံး သတိရကြပါစို့။

တခါတလေ သင့်လက်တွဲဖော်က အကြင်နာစကားလုံးတွေ၊ ယဉ်ကျေးသိမ်မွေ့တဲ့ စကားတွေ သို့မဟုတ် ကိုယ်ဟန်အမူအရာတွေသုံးပြီး အငြင်းအခုံလုပ်ရတာ ပျော်ရွှင်မှုရတတ်ပါတယ်။ ဒီလိုဆိုရင်တော့ သူ့အပေါ် စိတ်ကောင်း သဘောကောင်းထားပြီး သင်ပြောချင်တာတဲ့ အချက်ရောက်အောင် လုပ်ပါ။

(၂) ကိုယ့်ကပဲ အရာရာကို ထိန်းချုပ်မထားပါနဲ့။

ကိုယ်ပြောချင်တဲ့ အချက်အလက်လေးတွေ ချပြလိုက်ပြီး အဲဒီအတွက် နောက်ဘာဆက်လုပ်သင့်ကြောင်း မေးပါ။ သင် ကလေးတစ်ယောက်ကို ကားသော့အတုတစ်ချောင်း သူ့လက်ထဲအပ်လိုက်တဲ့အခါ သူမှာ တာဝန်ရှိလာတယ်ဆိုတာ သူစတင်ခံစားလာပါတယ်။ ကျွန်တော်တို့ ကိုယ်၌ကိုယ်ကလည်း အဲဒီလိုဖြစ်နေကြတာပါ။ ဒါကြောင့်မို့ ဆုံးဖြတ်ချက် တစ်ခုခုချရမယ့်အခါမျိုးမှာ သင့်ဆုံးဖြတ်ချက် အတည်ဖြစ်သွားတယ်ဆိုရင်တောင် တခြားသူတွေကိုလည်း တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ခွင့်ရအောင် လုပ်ပေးပါ။

(၃) လက်တွေ့ကျဖို့ ခက်ခဲတဲ့ အချက်တစ်ခုဆိုပေမဲ့ အငြင်းအခုံဖြစ်တဲ့အခါမှာ အချင်းချင်းကြား ပြောတဲ့စကားကို သိပ်အလေးအနက်ထားပါနဲ့။

ချက်ချင်းဆိုသလို စကားပြန်လည် တုံ့ပြန်ပြောဆိုလိုက်ပြီး နောက်ပိုင်းသွေးအေးသွားချိန်မှ ကိုယ်ပြောလိုက်တာဟာ မဖြစ်သင့်တဲ့ အကြောင်းအရာဖြစ်ကြောင်း မခံစားရအောင် သတိပြုရှောင်ရှားပါ။ တိတ်တိတ်လေးသာနေပြီး ဆင်ခြင်တုံတရားရှိရှိသာ ပြန်လည်တုံ့ပြန်ပါ။ တခါတလေ အတို့အထိလေးတစ်ချက်၊ ဟာသလေးတစ်ခု သို့မဟုတ် ချိုသာတဲ့လေသံလေးတစ်ခုက ငြင်းခုံမှုတစ်ရပ်ကို အတောသတ်စေနိုင်ပြီး လိုချင်တဲ့ အချက်ရအောင် ပြောင်းလဲပေးနိုင်ပါတယ်။

(၅) သမီးရည်းစားဆက်ဆံရေးမှာ တစ်ဘက်ဘက်က အမြဲတမ်း လွှမ်းမိုးနေတတ်ပါတယ်။

တခါတလေ အပေါ်စီးက လွမ်းမိုးထားသူက သင်လည်းဖြစ်နိုင်သလို သူမလည်းဖြစ်နိုင်တာပဲ။ အနိုင်ယူတတ်တဲ့ သင့်ချစ်သူရည်းစားကြောင့် စိတ်အနှောက်အယှက်မခံပါနဲ့။ ဒါ့ကြောင့် ကိုယ့်ဘက်က အလျော့ပေးပြီး စိတ်ဒေါသထွက် မျက်ရည်တွေ မကျအောင်ကြိုးစားပါ။

Source: Menxp

Victor.PaaTung
Trend Myanmar

0 comments:

Post a Comment