Thursday, November 20, 2014

အခြေခံဥပဒေပုဒ်မ ၄၃၆ နှင့် ၅၉ (စ)ကို ပြင်ဆင်ရန် တပ်မတော်သားအမတ်များ လက်မခံ

အခြေခံဥပဒေပြင် ဆင်ရေးအတွက် ဆွေးနွေးရန် စာ ရင်းပေးသွင်းထားသည့် လွှတ် တော်ကိုယ်စားလှယ် အရေအ တွက်၏ သုံးပုံနှစ်ပုံကျော် ဆွေး နွေးမှုများ ပြုလုပ်ပြီးသော်လည်း ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်ကိုမူ တပ်မတော်သား အမတ်များက မထောက်ခံ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၃ ရက်မှ စတင် ကာ အခြေခံဥပဒေပြင်ဆင်ရေး ကို ပြည်ထောင်စုလွှတ်တော်၌ စတင်ဆွေးနွေးရာ ဆွေးနွေးရန် စာရင်းပေးသွင်းထားသည့် လွှတ် တော်ကိုယ်စားလှယ် ၁၄၆ ဦးရှိ ကာ နိုဝင်ဘာ ၂၀ ရက်ထိ လွှတ် တော်ကိုယ်စားလှယ် ၁၀၃ ဦး ဆွေးနွေးပြီး ဖြစ်သည်။အဆိုပါ လွှတ်တော်ကိုယ် စားလှယ် ၁၀၃ ဦးတွင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးပါဝင်ကာ ၎င်းတို့အားလုံးနီးပါးက ပုဒ်မ-၄၃၆ နှင့် ပုဒ်မ ၅၉(စ)ကို မပြင်ရန် ဆွေးနွေး ကြသည်။

ဝင်ရောက် ဆွေးနွေးပြီး သည့် လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၁၀၃ ဦးတွင် ပါဝင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် တိုင်းရင်းသားနိုင်ငံ ရေးပါတီများမှ လွှတ်တော်ကိုယ် စားလှယ်များက ပုဒ်မ-၄၃၆ ကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ် တော်သို့တင်ပြဆွေးနွေးခဲ့ကြ သည်။ထို့ပြင် ပုဒ်မ၅၉(စ)ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက လူပုဂ္ဂိုလ်တစ်ဦးကို ရည်ရွယ် ရေးဆွဲထားခြင်း ဖြစ်နေသည့်အပြင် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အတွက် ပယ်ဖျက်ပေးရန် ဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြင်ဆင်ပယ်ဖျက်ပေးရန် ဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ပြင်ဆင်ရန် တင်ပြဆွေးနွေးခဲ့ကြသည်။

တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်များကမူ ပုဒ်မ ၅၉(စ)ကို ပြဋ္ဌာန်းထားခြင်း သည့် နိုင်ငံတော်၏ အကြီးအကဲ ဖြစ်သည့် သမ္မတသည် ပြည်သူ အများ၏ စံပြပုဂ္ဂိုလ်ဖြစ်စေရန် အတွက် ရည်ရွယ်ပြဋ္ဌာန်းထား ခြင်းဖြစ်ကာ ပုဒ်မ ၄၃၆ သည် လည်း နိုင်ငံရေးတည်ငြိမ်မှုများ မရှိသေးသည့်ကာလတွင် ပြင် ဆင်ရန်မသင့်သေးကြောင်း တင် ပြဆွေးနွေးခဲ့ကြသည်။

‘‘အခြေခံဥပဒေ ပြင်ဆင် ရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ တပ်မတော်အနေနဲ့ ပြင်ဆင်ရန်ဆန္ဒမရှိဘူး။ မပြင်လိုကြောင်း ထင်မြင်ယူဆနေတာကို ကြားသိ နေရပါတယ်။ ဒါဟာလုံးဝ မ ဟုတ်ပါဘူး။ ကျွန်တော်တို့ တပ်မ တော်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်း သား ပြည်သူတစ်ရပ်လုံး၏ ရေ ရှည်အကျိုးစီးပွားတစ်ရပ်လုံးကို မျှော်ကိုးပြီး လက်ရှိအခြေအနေ အချိန်အခါအရ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပုဒ်မများကို ပြင်ဆင်ပေးနိုင်ရန်သော်လည်း ကောင်း၊ မပြင်ဆင်သင့်၊ မပြင် ဆင်ထိုက်သော မူလအတိုင်းထား ရှိရမယ့် ပုဒ်မများကို မူလအတိုင်း ထားရှိဖို့သော်လည်းကောင်း တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးတင်ပြနေ ရခြင်း ဖြစ်ပါတယ်’’ဟု တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်ဦးက နိုဝင် ဘာ ၂၀ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးသို့ တင်ပြခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး အတွက် တပ်မတော်၏ ထောက်ခံမှုမပါဘဲ ပြင်ဆင်၍ မရနိုင်သဖြင့်တပ်မတော်၏ ထောက်ခံမှုရရှိရန် လိုအပ်ကြောင်း ယင်းပုဒ်မကို ပြင်ဆင်ခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခုကို ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်မည်ဖြစ်သဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်ပြီး ပြည်သူများအနေဖြင့်လည်း တပ်မတော်ကို ချစ်ခင်လာမည်ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က ပြည်ထောင်စုလွှတ် တော်ကို တင်သွင်းခဲ့သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် လည်း ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ)ကို မူလအတိုင်းထားရှိရန်ကို တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များက သဘောထားပေး ထားကြသည်။

ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်နိုင်ရန် ဦးစွာပြင်ဆင်ရမည့် ပုဒ်မများဖြစ်နေပြီးပြည်ထောင်စု လွှတ်တော်တွင်းရှိရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအားလုံး၏ သဘောတူ ထောက်ခံမှုအပြင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များ၏ ထောက်ခံမှုလည်း ရရှိမှ သာ ပြင်ဆင်နိုင်မည့် ပုဒ်မတစ်ခု ဖြစ်သည်။

ထို့အတူ ပုဒ်မ ၅၉(စ)သည် လည်း ပြည်တွင်းရှိ ပြည်သူများ၏ ထောက်ခံမှုအပါအ၀င် နိုင်ငံတ ကာ၏ ထောက်ခံအားပေးမှုကို ရရှိထားသည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသည့် ပုဒ်မတစ်ခု ဖြစ်သည်။


7Day Daily

0 comments:

Post a Comment