Friday, November 28, 2014

ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် ဆယ်ကျော်သက်တွေ စားသုံးပေးသင့်တဲ့ အစားအစာများ


ဆယ်ကျော်သက်များဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သူတို့ရဲ့ စားသောက်မှုပုံစံတွေနဲ့ ပတ်သက်လို့ မကြခဏဆိုသလို ကြားသိရပါတယ်။ လက်လှမ်းမှီရာ အရသာရှိ စားသောက်စရာ မှန်သမျှကို စားသုံးကြရမှာပဲဖြစ်တယ်။ ဆယ်ကျော်သက်ဆိုတဲ့ ကာလဟာ ကိုယ်ကာယဖွံ့ဖြိုးခြင်းနဲ့ အရွယ်ရောက်လာမယ့်အချိန်ကာလအတွက် ခန္ဓာကိုယ်အနေအထားကို ချိန်ညှိပေးတဲ့ ဖွံ့ဖြိုးမှုရဲ့ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ ဆယ်ကျော်သက်တစ်ယောက်မှာ ကယ်လိုရီမှတဆင့်ရရှိတဲ့ စွမ်းအင်အမြောက်အများ လိုအပ်ပါတယ်။ သူတို့ရဲ့ နေ့စဉ် ကယ်လိုရီစားသုံးမှု ၂၅၀၀-၃၀၀၀ ပမာဏပြည့်တင်းစေဖို့ ပရိုတိန်းဓာတ်၊ သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်များစွာကိုလည်း လိုအပ်ပါတယ်။ဆယ်ကျော်သက် လူငယ်တစ်ယောက်အတွက် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရာမှာ အထောက်အကူဖြစ်စေတဲ့ အာဟာဓာတ်ရရှိဖို့ အကောင်းဆုံး အစားအစာတွေကတော့…

ထောပတ်သီး
ထောပတ်သီးမှာ ဆယ်ကျော်သက်တွေရဲ့ ခန္ဓာကိုယ်ကို အားအင်ပြည့်ဝစေဖို့ အထောက်အကူဖြစ်လာစေမယ့် အမျှင်ဓာတ်၊ အဆီနဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါရှိပါတယ်။ ထောပတ်မှာ အရေပြား၊ ဆံပင်၊ လက်သည်းနဲ့ ဖွံ့ဖြိုးနေဆဲ ကိုယ်ခန္ဓာအတွက် ပရိုတိန်းဓာတ် အပြည့်အဝပါဝင်ပါတယ်။

ပဲသီး၊တောင့်များ
ပဲတွေမှာ အမျှင်ဓာတ်၊ သတ္တုဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ကာဗွန်ဟိုက်ဒရိုက်များမြင့်မားစွာပါဝင်တယ်။ ဒါကြောင့် ဆယ်ကျော်သက် တစ်ယောက်အတွက် ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အပံ့ဖြစ်စေမယ့် စွမ်းအင်ကို ရရှိစေပါတယ်။

ဘလူးဘယ်ရီသီးများ
ခန္ဓာကိုယ်ကို နာမကျန်းဖြစ်ခြင်းမှ အကာအကွယ်ဖြစ်စေတဲ့ အင်တီအောက်စီဒင်းတွေနဲ့ ဗီတာမင်များ မြင့်မားစွာပါရှိပါတယ်။ ဆယ်ကျော်သက် တစ်ယောက်အတွက် လေ့လာသင်ယူမှုမှာ ထပ်တူထပ်မျှအရေးပါတဲ့ ဦးနှောက် အလုပ်လုပ်ဆောင်မှုနဲ့ မှတ်ဥာဏ်အတွက် အထောက်အကူဖြစ်စေပါတယ်။

ချယ်ရီသီး
အိပ်စက်ခြင်းကို မျှတမှု ရှိအောင်ချိန်ညှိပေးရာမှာ အထောက်အကူပေးတဲ့ ဟော်မုန်းတစ်မျိုးပါဝင်တယ်။ ဆယ်ကျော်သက်တော်တော်များများမှာ အိပ်မရဖြစ်စေတဲ့ အနှောက်အယှက်များ ရှိကြပါတယ်။ ချယ်ရီသီးမှာ ဗီတာမင် စီ မြင့်မားစွာပါရှိပါတယ်။

ကြက်ဥ
ကြက်ဥဟာ အလွန်ကောင်းမွန်သင့်တော်တဲ့ ပရိုတိန်းဓာတ် ရင်းအမြစ်ဖြစ်ပြီး သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်များမှာလည်း ခန္ဓာကိုယ်ဖွံ့ဖြိုးနေဆဲ ဆယ်ကျော်သက်တစ်ယောက်အတွက် အလွန်ရေးပါတယ်။ သဘာဝအရ လွတ်လပ်စွာမွေးမြူထားတဲ့ ကြက်ဥ နဲ့ အော်ဂီးနစ်ခ် ကြက်ဥများကို အမြဲတမ်းစားသုံးပေးကြဖို့ လိုအပ်တယ်။

ငါး
ငါးမှာ အရိုးကြီးထွားခြင်းအတွက် ပရိုတိန်းဓာတ် လုံလောက်စွာ ပါဝင်တယ်။ အဆီများတဲ့ ငါးများမှာ စိတ်ခံစားချက်နဲ့ ဟော်မုန်းပမဏမျှတအောင် ထိန်းသိမ်းပေးတဲ့အတွက် အရေးပါတဲ့ အိုမီဂါ အဆီအက်ဆစ်များ ပါဝင်မှုနှုန်း များပါတယ်။ ဆယ်ကျော်သက်တွေ အရွက်ရောက်လာတဲ့ အချိန်မှာ စိတ်အပြောင်းအလဲမြန်ဆန်ကြပါတယ်။ ဒါကြောင့် omega-3 fatty acid များများ စားသုံးပေးခြင်းက အဲဒီအရာတွေကို မျှတအောင် ထိန်းသိမ်းပေးပါလိမ့်မယ်။

ဟင်းရွက်စိမ်းများ
ဟင်းရွက်စိမ်းတွေမှာ အဟာရအပြည့်ပါရှိတယ်။ ဟင်းနုနွယ်ကဲ့သို့သော အရွက်တချို့မှာ ဆယ်ကျော်သက်အရွယ်မှာ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ စွမ်းအင်ရရှိဖို့ အရေးကြီးတဲ့ သံဓာတ် အပြည့်အဝပါဝင်တယ်။ အရွက်စိမ်းတွေဟာ အရေပြားကျန်းမားခြင်းအတွက်လည်း အလွန်သင့်တော်ကောင်းမွန်တယ်။

အခွံမာအစေ့နဲ့ အစေ့များ
အာဟာရဖြစ်တဲ့ အမျှင်ဓာတ်များစွာပါရှိတယ်။ ဆယ်ကျော်သက်လူငယ်များ တစ်နေ့လုံး လှုပ်ရှားရုန်းကန်နိုင်စေမယ့် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အဆီများကြွယ်ဝတယ်။ ဒီအဆီများက ဦးနှောက်အလုပ်ဆောင်ရွက်မှုကို ကူညီထိန်းသိမ်းပေးတယ်။ သစ်ချသစ်သီးလို အခွံမာစေ့ အများစုမှာ အိုမီဂါ များပြားစွာပါဝင်တယ်။

မြေပဲထောပတ်
အမျှင်ဓာတ်ပြည့်စုံစွာပါရှိပြီး ဆယ်ကျော်သက်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီးထွားမှုအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အဆီများပေါင်းစပ်ပါဝင်တယ်။

Source: Naturalnews
Victor.PaaTung
Trend Myanmar

0 comments:

Post a Comment