Wednesday, November 19, 2014

အစိုးရတပ် လက်နက်ကြီးဖြင့်ပစ်၍ ကေအိုင်အေ ဗိုလ်လောင်း ၂၂ ဦး သေဆုံး


ကေအိုင်အေဗိုလ်လောင်းသင်တန်းသားများ နိုဝင်ဘာ ၁၅ ရက်က မှတ်တမ်းဓာတ်ပုံ ရိုက်ကူးစဉ် (Jade Land Kachin's FACEBOOK)

လိုင်ဇာမြို့အနီးရှိ ကေ အိုင်အေဗိုလ်လောင်းသင်တန်း ကျောင်းကို အစိုးရတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၂ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ တွင် ဗိုလ် လောင်းများ တန်းစီနေချိန်၌ ကေအိုင်အိုဗဟိုဌာနချုပ် တည်ရှိ ရာ လိုင်ဇာမြို့အနီး ခရာတောင် ကုန်း၌ တပ်စွဲထားသော အစိုးရ တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ကြောင်း ကေအိုင်အို အလုပ် အဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါက ပြောသည်။‘‘အယောက် ၂၀ ပွဲချင်းပြီး သေတယ်။ ဒဏ်ရာရရှိသူတွေက အပြင်းအထန်ဒဏ်ရာရခဲ့တယ်’’ ဟု ဦးဒေါင်ခါက ပြောသည်။

ဗိုလ်လောင်းသင်တန်းသား စုစုပေါင်း ၄၂ ဦးအနက် ၂၀ ဦးမှာ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူ များထဲမှ နှစ်ဦး ထပ်မံသေဆုံးခဲ့၍ စုစုပေါင်း ၂၂ ဦး သေဆုံးသွားခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူ ၁၅ ဦး ရှိပြီး ၅ ဦးသာ လွတ်မြောက်နိုင်ခဲ့ သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က ဖြစ်စဉ်ကို အတည်ပြုခဲ့ ပြီး ပွင့်လင်းရာသီတွင် ပုံမှန်လုပ် ငန်းများ ဆောင်ရွက်ခြင်းအဖြစ် လမ်းများဖောက်လုပ်ရာ၌ လုံခြုံရေး ဆောင်ရွက်သော တပ်မတော် စစ်ကြောင်းများကို ကေအိုင်အေဘက်က လာရောက်ပစ်ခတ်ခဲ့မှုများရှိသောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ် မတော်ထိပ်တန်းအရာရှိ တစ်ဦးက ပြောသည်။

အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီး ၅ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပုဂံမြို့၌ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ်ကာလနှင့်လည်း တိုက်ဆိုင်နေပြီးတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် လဆန်း၌ ကျင်းပနိုင်ရန် ကြိုးပမ်းနေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘ဟိုဘက်က လုပ်ငန်းတွေ မလုပ်နိုင်အောင် ရည်ရွယ်ချက် ရှိရှိနဲ့ ယန္တရားတွေကို လာရောက် ပစ်ခတ်မှုတွေ ရှိတယ်။ ဒါကြောင့် ပြန်ပစ်ခဲ့တာ ကျွန်တော်တို့က အ ကြောင်းမဲ့သက်သက်ပစ်ခတ်တာ မျိုး မရှိပါဘူး။ ဒါလေးတော့ ပေါ် လွင်စေချင်ပါတယ်’’ဟု မပခထိပ် တန်းတပ်မတော်အရာရှိက ဆို သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ် မြောက်ရေးအဖွဲ့ (PCG) မှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ပူးတွဲအဖွဲ့၊ မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) နှင့် ၀န်ကြီးဦးအောင်မင်းတို့ထံသို့ အကြောင်းကြားထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ယင်းကဲ့သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုနှင့်ပတ်သက်၍ ‘‘အ ကြောင်းရင်းကတော့ ပြောလို့ မကောင်းသေးပါဘူး’’ ဟု ၎င်းက ဆက်လက်ပြောသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ကြား ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း တိုက်ပွဲများဖြစ်ပွားမှု လျော့နည်း သွားခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ ဒေသအချို့တွင် ထိတွေ့မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။

MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကမူ ၎င်းတို့အနေ ဖြင့် ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်နိုင်ရေးအတွက်သာ ပြင် ဆင်နေပြီး အထက်ပါဖြစ်စဉ်များ ကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား မကြာမီ ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေး ပွဲအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းမှု အပေါ် ယခုကဲ့သို့ ပြန်လည်ဖြေ ကြားခဲ့သည်။

‘‘ခုချိန်မှာ စောသေးလို့ ဘာ မှတ်ချက်မှ မပေးချင်သေးဘူး’’ဟု ပြောသည်။

ယခုဖြစ်စဉ်ကြောင့် အစိုးရ တပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲ များ ပြင်းထန်စွာပြန်လည်ဖြစ်ပွား လာမည်ကို စိုးရိမ်နေကြောင်း ဒေသတွင်း လူမှုရေးအဖွဲ့အစည်း များက ဆိုသည်။ အစိုးရတပ်နှင့် ကေအိုင်အေတို့ ၂၀၁၁ ခုနှစ် ဇွန် လဆန်းမှစတင်၍ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ ပြီး စစ်ဘေးရှောင်ပြည်သူ တစ်သိန်း ကျော်မှာ ယာယီစခန်းများတွင် ခိုလှုံနေရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကလည်း ခါရာ ခရာတောင် အခြေစိုက် အစိုးရတပ်ခမရ ၃၈၉ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းသင်တန်း တက်ရောက်နေသော ABSDF မှ အရာရှိသင်တန်းသား နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။


7Day Daily

0 comments:

Post a Comment