Sunday, November 30, 2014

အချစ်နဲ့ပတ်သတ်ရင်သိပ်ပြီး သည်းခံနိုင်တဲ့သူထဲမှာ မပါဘူးဆိုတဲ့ စံရတီမိုးမြင့်


စံရတီမိုးမြင့်ဟာ အချိန်တိုတိုအတွင်းမှာ ပရိသတ် လက်ခံအားပေးတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အပြင် ဇာတ်ကား တော်တော်များများမှာလဲ သူမရဲ့ ကာရိုက်တာတွေ၊ သရုပ်ဆောင်ချက်တွေက ပရိသတ်နဲ့အတော်အတန်နီးစပ်ခဲ့သလို နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူပါ။ အကယ်ဒမီပေးပွဲလည်း နီးပြီဆိုတော့ ပထမဆုံး အကယ်ဒမီပွဲတက်ဝတ်စုံအကြောင်းနဲ့ ဒီနှစ်အကယ်ဒမီအတွက် ရင်ခုန်သံကို မေးကြည့်လိုက်တော့ သူမက “၂၀၁၃ အကယ်ဒမီနဲ့ပတ်သတ်ပြီး သူ့ရဲ့စိတ်ခံစားချက်ကိုတော့ ဒီနှစ်က သဇင်နွယ်ပိုးထည်တိုက်၊ ဒီဇိုင်နာက ကိုမျိုးမင်းစိုးပါ။ အရောင်က စိတ်ကြိုက်မရွေးရသေးဘူး။ ရွေးနေတုန်းပဲ။ ဒီနှစ်က MEP မှာဆိုတော့ ကောင်းပါတယ်။ air con လဲနိုင်တယ်။ ခါတိုင်း ပုံမှန်အ၀တ်အစားတွေနဲ့တောင် လူကချွေးတွေ ထွက်ပြီး စိတ်ပျက်ဖို့ကောင်းတာ ခုလိုပွဲဆိုတော့ ၀တ်ထားစားထားတာတွေကြောင့် စိတ်အိုက်ရတယ်ပေါ့။ ပွဲပြီးတဲ့အထိဆို သိပ်မနေချင်ဘူး။ ခုကMEP မှာက လူတွေ အများကြီးလဲလာမယ်။ air con လဲနိုင်တယ်ဆိုတော့ စိတ်ချမ်းသာရတယ်။ အေးအေးချမ်းချမ်းလေးနဲ့ကြည့်ရတာပေါ့။ အကယ်ဒမီဆိုတာ အနုပညာရှင်တွေ အတွက် အကောင်းဆုံးဆု၊ အမြင့်ဆုံးဆုအားလုံးကတော့အကယ်ဒမီကို လိုချင်ကြတယ်။ ဘယ်သူမဆိုပေါ့။ အဲ့လိုတော့ခံယူထားပါတယ်။ ခုလက်ရှိကြားနေတာကတော့ ကိုပြေတီလဲကြားတယ်။ မအူဝဲလဲကြားတယ်။ အများကြီးကြားပါတယ်။ ဘယ်သူပဲရရပါ။ အားလုံးကို လက်ခုပ်တီးပေးဖို့အတွက် အားလုံးနဲ့ထပ်တူ ၀မ်းသာပျော်ရွှင်မိမှာပါ”တဲ့။

လက်ရှိသူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးတော့လဲ “အချစ်ဆိုတာ ချစ်ခါစကြိုက်ခါစပဲ ကောင်းတယ်။ နောက်ပိုင်းကျတော့ နားလည်မှုတွေ လိုလာမယ်။ ချစ်တာကတော့ တကယ်ချစ်ချစ် မချစ်ချစ် ချစ်တယ်ဆိုပြီး ဟန်ဆောင်ကြမယ်။ ကြာလာတဲ့ခါကျရင် ကိုယ့်အပစ်တွေလဲ သူသိလာ၊ သူ့အပြစ်တွေလဲ ကိုယ်သိလာတဲ့ခါကျရင် သည်းမခံနိုင်တော့တာတွေ ဖြစ်လာတတ်တယ်။ အဓိကကတော့ နားလည်မှုပေါ့။ အရမ်းကိုလိုတယ်။ အဓိကကတော့ ဒီအလုပ်လုပ်နေတဲ့ ညီမကို နားလည်နိုင်ရမယ်။ ညီမစဉ်းစားထားတာ နားလည်ပေးပေါ့။ ချစ်တာကတော့ချစ်ကြတာပဲ။ သည်းခံမှုနဲ့နားလည်မှုကတော့ အရမ်းလိုအပ်တယ်။ အခုနောက်ပိုင်းဆို အရင်ကလို အရမ်းချုပ်ချယ်တာမျိုးတွေ မရှိကြတော့ပါဘူး။ ကိုယ်ကတော့ အများကြီးသည်းမခံနိုင်ဘူး။ ငယ်သေးတာကြောင့် လဲပါမယ်။ ကိုယ့်ကိုကိုယ်အတွက်ပဲ ကြည့်တတ်သေးတယ်။ သူများအတွက် သိပ်မကြည့်တတ်သေးဘူး။ ကိုယ့်ဟာကိုပဲကြည့်တယ်။ ကိုယ်သွားချင်တာသွားမယ်။ ကိုယ်လုပ်ချင်တာလုပ်မယ်။ ဘယ်သူ့ကိုမှ မကြည့်ပေးနိုင်ဘူးပေါ့ ။ ကိုယ့်စိတ်ကတော့ အဲ့ဒါပါပဲ။ အချစ်ရေးကတော့ ခုအေးအေးဆေးဆေးပါပဲ။ ကိုယ့်အရွယ်ကလဲ အချစ်ရေးကို သိပ်စဉ်းစားလို့ မရတဲ့ အရွယ်ပေါ့။ အလုပ်ကိုတော့ ပထမဦးစားပေးထားတယ်။ အချစ်ဆိုတာ မသေချာဘူးလေ။ လက်ရှိအချစ်ကတော့ ကိုယ့်ကိုနားလည်ပေးပါတယ်။”လို့ သူမက ပြောပြခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

0 comments:

Post a Comment