Thursday, November 27, 2014

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း၏ ညီမဖြစ်သူ ရာထူးအဆင့်ကို ထုတ်ပြန်


မြောက်ကိုရီးယားနိုင်ငံသည် ခေါင်းဆောင်ကင်ဂျုံအွန်း၏ ညီမဖြစ်သူ၏ တရားဝင်ရာထူးအဆင့်ကို နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန် ပြောကြားလိုက်သည်ဟု သိရသည်။ သူမသည် အစ်ကိုဖြစ်သူ ကင်ဂျုံ အွန်း၏ အနီး ကပ် လက်ထောက်တစ်ဦး ဖြစ်လာမည်ဟု သတင်းများ ထွက်ပေါ်နေသူ တစ်ဦး ဖြစ်သည်။အသက် ၂၆ နှစ်ရှိပြီဟု ယူဆရသော ကင်ယိုဂျုံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ဖခင်ဖြစ်သူ အာဏာရှင်ဟောင်း ကင်ဂျုံအီ၏ ဈာပနအခမ်းအနားတွင် ပထမဆုံးအကြိမ် လူထုရှေ့မှောက်သို့ ထွက်ရှိလာ ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် သူမသည် အစ်ကိုဖြစ်သူ နိုင်ငံတွင် ကွင်းဆင်းစစ်ဆေးသည့် ခရီး စဉ်များနှင့် အခြားသောနိုင်ငံရေး အခမ်းအနားများသို့ ရံဖန်ရံခါ အတူလိုက်ပါ လာခဲ့သည်ကို တွေ့ရှိခဲ့ရ သည်။ ထိုစဉ်အချိန်က သူမ၏ရာထူးကို တရားဝင် ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင် သတင်းအေဂျင်စီ KCNA က သူမကို အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဌာနဆိုင်ရာ ဒု-ညွှန်မှူးရာထူးအဆင့်ဖြင့် နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကင်ယိုဂျုံသည် အဘိုးဖြစ်သူ တည်ထောင်ခဲ့သည့် ကာတွန်းရုပ်ရှင် စတူဒီယိုတစ်ခုကို အစ်ကိုဖြစ်သူ ကင်ဂျုံ အွန်းနှင့်အတူ သွားရောက်ခဲ့သေးသည်ဟု သိရသည်။

ကင် မိသားစုသည် ကမ္ဘာ့အလယ်တွင် အထီးကျန်တည်ရှိနေပြီး ဆင်းရဲနွမ်းပါးနေသော မြောက်ကိုရီးယား နိုင်ငံကို ဆယ်စုနှစ်ခြောက်ခုကျော်ကြာ တင်းကျပ်စွာ အုပ်ချုပ်လာခဲ့သည်။ ယခုအခါ ကင်ဂျုံအွန်း၏ ညီမဖြစ် သူ ကင်ယိုဂျုံသည် သူမ၏ အဒေါ်ဖြစ်သူ ကင်ကျုံဟွေကဲ့သို့ပင် နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူကို အနီးကပ် ပံ့ ပိုးပေးသည့် နေရာမှ ပါဝင်လုပ်ဆောင်သွားလိမ့်မည်ဟု စောင့်ကြည့်သူများက ထင်ကြေးပေး ပြောကြား လျက် ရှိသည်။

Ref: AFP
Mizzima

0 comments:

Post a Comment