Monday, November 17, 2014

သွေးစွန်းသော မူဆလင်လူမျိုးတွေရဲ့ Ashura ခေါ် ကလေးငယ်တွေရဲ့ နဖူးဓားလှီးပေးတဲ့ ရိုးရာဓလုံးအစဉ်အလာအကြောင်း



Ashura ဆိုတာ Shi’a မူဆလင်ကလေးတွေရဲ့ နှဖူးကို ဓားနဲ့လှီးပေးတဲ့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအစဉ်အလာ တစ်ခုပဲဖြစ်တယ်။

အိန္ဒိယနိုင်ငံ Mumbia မှာ အရေးကြီးပွဲတော်ဖြစ်တဲ့ Ashura အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ Shi’a မူစလင်အမျိုးသားငယ်လေးတွေရဲ့အရေပြားလှီးခံရပြီးတဲ့နောက် Shi’a မူစလင်တွေက သူတို့အပြစ်တွေအားလုံး ပပျောက်သွားပြီလို့ မှတ်ယူပေးကြပါတယ်။Ashura ဟာ ပရောဖက်မိုဟာမက်ရဲ့ မြေး Husayn ibn Ali ကွယ်လွန်ခြင်းကို အမှတ်ရစေဖို့ ကျင်းပပြုလုပ်တဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။ အစ္စလမ်ပြက္ခဒိန်ရဲ့ (၁၀) ရက်မြောက်တဲ့နေ့မှာ ကျင်းပတဲ့ Ashura နေ့ ဟာ မူဆလင် နိုင်ငံအများစုရဲ့ နိုင်ငံတော် ရုံးပိတ်ရက် ဖြစ်လာခဲ့တယ်။ လူမျိုးနဲ့ ဘာသာရေးအသိုင်းအဝိုင်းတွေကလည်း ဓားတွေနဲ့ သံကြိုးတွေအသုံးပြီး အသားနာရတဲ့ ရိုးရာဓလေ့အရပြုလုပ်တဲ့ ဝတ်ပြုခြင်းတွေပြုလုပ်လာပါတယ်။

Imam Hussain အဖြစ်လည်း သိရတဲ့ Husayn ibn Ali ဟာ လွန်ခဲ့တဲ့ အနှစ် (၁,၃၀၀) က Karbala စစ်ပွဲအတွင်း သေဆုံးခဲ့သူဖြစ်တယ်။

ခေတ်အဆက်ဆက်က မူဆလင်တွေ ဓားလက်နက်တွေ ကိုင်ဆောင်ပြီး အချင်းချင်း ခုတ်ဖြတ် တိုက်ခိုက်ကြတာကြောင့် အရှေ့အလယ်ပိုင်းဒေသရဲ့ နိုင်ငံအများစုမှာရှိတဲ့ Shi’as မူဆလင်တွေဟာ ဒီအခမ်းအနားကျင်းပပြုလုပ်နေစဉ် ကိုယ်ပေါ်သွေးပေကျံစေကြပါတယ်။

ဒီနှစ်မှာကျင်းပတဲ့ အဲဒီအခမ်းအနားမှာတော့ အီရတ်နိုင်ငံက Shi’a ဘုရားဖူးတွေဟာ ISIS ရဲ့ ဗုံးခွဲမှုတွေကြောင့် ဒဏ်ရာရ စစ်သား (၂) ဦးနဲ့ အရပ်သား (၁၁) ယောက်အပါအဝင် လူ (၃၅) ယောက် သေဆုံးစေခဲ့ပြီး ပျက်စီးနစ်နာမှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။

Source: Mirror

Trend Myanmar

0 comments:

Post a Comment