Sunday, November 30, 2014

မြေမြှုပ်မိုင်းဆန့်ကျင် ရေးတေးသီချင်းနဲ့ စန္ဒီမြင့်လွင်ရဲ့ အမှတ်တရ



Equality Myanmar ကနေ စီစဉ်ရိုက်ကူးတဲ့ မြေမြှုပ်မိုင်းဆန့်ကျင် ရေး တေးသီချင်းဗီဒီယိုမှာ စောဖိုး ခွားနဲ့အတူ စန္ဒီမြင့်လွင်လည်း ပါဝင် ကူညီရိုက်ကူးပေးထားပါတယ်။ ‘မြေ မြှုပ်မိုင်းဆန့်ကျင်ရေး’ တေးသီချင်း မှာကိုယ်တိုင်ပါဝင်သီဆိုပေးခဲ့သူ စန္ဒီ မြင့်လွင်က “ဒါရိုက်တာ ဦးဖိုးဇော်က ဒီမြေမြှုပ်မိုင်းအကြောင်းကို ပညာပေး လေးတစ်ခုအနေနဲ့ ကချင်ပြည်နယ် မှာ စစ်ဖြစ်တဲ့အကြောင်းလေးတွေ ကို သီချင်းလုပ်ချင်တယ်၊ လုပ်ပေး ပါဦးဆိုတာနဲ့ လုပ်ပေး ဖြစ်တာ။ ဒီးဒီ ဒီသီချင်း လေးကို သူတို့သဘောမကျ မချင်း
ဆိုပေးတယ်။ရိုက်ကူးရေး ဘက်မှာ လည်း အတတ်နိုင်ဆုံးအဆင်ပြေ အောင်လုပ်ပေးတယ်။ ဘာပဲ ပြောပြော ဒီသီချင်း လေးကလည်း လူ မှုရေး ပရဟိတ တစ်ခုပါပဲ။ကိုယ် တတ်နိုင် သလောက် တတ် နိုင် တဲ့ အားနဲ့ လုပ် ပေးခွင့်ရတဲ့ အတွက် ပျော် လည်း ပျော်ပါ တယ်။ ဒီအလုပ်လေးက အကျိုးရှိ တယ်လို့လည်းခံစားမိတယ်” လို့ပြော ပြပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ကလီယို ပက်ထရာအမ်တီဗီကို၂ဝ၁၅မှာ ထွက်ဖို့ရှိကြောင်းလည်း ပြောပြခဲ့ပြီး တခြား စီစဉ်ထားတဲ့ တေး စီးရီးတွေကို လည်း အ ကောင်းဆုံး ဖြစ်အောင်ဖန် တီးနေတယ်လို့လည်းပြောပြခဲ့ပါ တယ်။

သိမ့်သိမ့်

Popular Journal

0 comments:

Post a Comment