Friday, November 21, 2014

လေးပွင့်ဆိုင်တွေ့ဆုံရေးဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ သမ္မတတိကျစွာ မဖြေ


ထိပ်သီးဆွေးနွေးပွဲအပြီး နှုတ်ဆက်နေကြစဉ်(ဓာတ်ပုံ - သမ္မတရုံး)

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိVOA နှင့် တွေ့ ဆုံမေးမြန်းခန်းတွင် နိုင်ငံတော်သမ္မတက တိကျစွာဖြေဆိုခြင်းမရှိဘဲ ယခုပြုလုပ်ခဲ့သည့် ၁၄ ဦးဆွေးနွေးပွဲကို မည်သည့်အချိန်တွင် ဆက်လက်လုပ်ဆောင်မည်ဆိုသည်ကိုလည်း တိကျစွာ ဖြေဆိုခဲ့ခြင်းမရှိပေ။‘‘တိုင်းပြည်တစ်ပြည်လုံးရဲ့ အရေးကိစ္စဟာ ကျွန်တော်တို့ လေးယောက်ထဲနဲ့ ဆွေးနွေးပြီးတော့ အဆုံးအဖြတ်ပေးမလား။တိုင်းပြည်တစ်ပြည်လုံးရဲ့ကိစ္စကို ကျွန် တော်တို့ လေးယောက်ထဲနဲ့ အ ဆုံးအဖြတ်ပေးတာ ဆွေးနွေးတာ ဟာ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခု၊ သို့သော်လည်း ဒီ လေးယောက် ထဲနဲ့ ဆွေးနွေးဆုံးဖြတ်မယ်ဆိုရင် တော့ မပြည့်စုံဘူးလို့ ထင်တယ်’’ ဟု သမ္မတ ဦးသိန်းစိန်က ပြော သည်။

တိုင်းပြည်အတွက် အရေး ကြီးသော ကိစ္စရပ်များ တိုင်ပင်ဆွေးနွေးရန် လေးပွင့်ဆိုင်တွေ့ ဆုံရေးအစား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ၁၄ ဦးပါဝင်သော ဆွေး နွေးပွဲပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

သို့သော် ဆွေးနွေးမှုပြုလုပ် ရာတွင် ထိရောက်စွာ ဆွေးနွေးနိုင်ရန် အချိန်လိုအပ်မှုရှိသော်လည်း လူဦးရေများပြားသဖြင့် အချိန်အ ကန့်အသတ်ဖြင့်သာ ဆွေးနွေးနိုင် ကြောင်းလည်း သမ္မတကအင်တာဗျူးတွင် ပြောကြားထားသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအပါအ၀င် အ ခြားတိုင်းပြည်အတွက် အရေးကြီး ကိစ္စရပ်များ တွေ့ဆုံဆွေး နွေးရန် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့သော်လည်း လက်တွေ့တွင် အခြားနိုင်ငံရေးပါတီကိုယ်စားလှယ်များပါ ပါဝင်သည့် ၁၄ ဦးပါဝင်သော တွေ့ဆုံဆွေးနွေးမှုသာ ဖြစ်ပေါ်လာခဲ့ သည်။

‘‘လေးပွင့်ဆိုင် မဖြစ်နိုင်ဘူး ဆိုတာတော့ မဟုတ်ဘူး။ သို့သော်လည်း ကျွန်တော်တို့ ခုနကလို၊ပုဂ္ဂိုလ်ချင်းကတော့ တစ်ယောက်တည်းလည်း တွေ့နေကြတာ။တစ် ဦးချင်းတွေ တွေ့နေကြတာရှိတာ ပဲ။ အဲဒီတော့ လေးယောက်ထဲ ဆွေးနွေးမယ့် အစား၊ အများနဲ့ ဆွေးနွေးတာက ပိုပြီးတော့ ကောင်းမလားဆိုပြီး ဒီ Concept နဲ့ ကျွန်တော်တို့ သွားနေတာပါ’’ဟုသမ္မတက ပြောသည်။

၎င်းတွေ့ဆုံဆွးနွေးမှုကို အ မေရိကန်သမ္မတ ဘားရက်အိုး ဘားမားအပါအ၀င် နိုင်ငံတကာ ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်ခြင်းမပြုမီ ရက်ပိုင်းအ လိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူများနေသောကြောင့် ခေါင်းဆောင်များကြားအတွင်းကျကျမဆွေးနွေးနိုင်ခဲ့ပေ။

ယင်းဝေဖန်မှုများအပေါ် ‘‘ဒါ ဟာ ရုပ်ပြအနေနဲ့ ကျွန်တော်တို့ ဆွေးနွေးတာ မဟုတ်ဘူး။ အဲဒီအ စည်းအဝေးမှာလည်း ပြောလိုက် တယ်။ မကြာမကြာ ကျွန်တော်တို့တွေ့ကြရအောင်။ မကြာမကြာ ဆွေးနွေးရအောင်။ ဒါဟာ ကျွန် တော့်ရဲ့ နိုင်ငံရေးစေတနာပါပဲ’’ ဟု ဦးသိန်းစိန်က ပြောကြားသည်။


7Day Daily

0 comments:

Post a Comment