Tuesday, November 25, 2014

သင်တို့နှစ်ဦးဟာ တကယ့်ချစ်ကြတဲ့စုံတွဲ ဖြစ်မဖြစ် ဒီအချက်(၁၀)ချက်က ပြောပြနိုင်



သင်ဟာ အချစ်ဆိုတာကို ယုံကြည်တဲ့သူ၊ ရူးရူးမူးမူး ချစ်တတ်သူဆိုပေမယ့် သင့်ရဲ့ချစ်သူဟာ သင့်အတွက် သင့်တော်တဲ့သူ၊ မှန်ကန်တဲ့သူလားဆိုတာ သိဖို့တော့ ခက်ခဲပါတယ်။ ဒီလိုသိဖို့ အချိန်ဘယ်လောက်ယူရမှာလဲ တစ်နှစ်လား၊ ဆယ်နှစ်လား၊ တစ်သက်လုံးများလား။ ဒီတော့ ခုသင်တွဲနေတဲ့သူက သင့်အတွက် တကယ်သင့်တော်တဲ့သူ ဖြစ်မဖြစ်ဆိုတာကို ခုဖော်ပြပေးမယ့် အချက်ကလေးတွေကြည့်ရင်း သင်စဉ်းစားဆုံးဖြတ်နိုင်ပါပြီ။၁။တစ်ခြားသူတွေကို မပြောတဲ့ အကြောင်းအရာတွေ သူ့ကို ပြောဖြစ်တယ်။

ဒါဟာ သူ့ကို ယုံကြည်လို့ပါပဲ။ ဘ၀အကြောင်း၊ မိသားစုအကြောင်း စတာတွေကို တစ်ပါးသူကို မပြောဖူးပေမယ့် သူ့ကိုကျတော့ ဖွင့်ဟဖြစ်နေတယ်။

၂။သင့်အားနည်းချက်တွေ ဘာလဲဆိုတာ သူသိမှာ မကြောက်ဘူး။

တကယ်အားကိုးယုံကြည် ချစ်ပြီဟေ့ဆိုရင် ကိုယ့်ချစ်တဲ့သူကို ကိုယ့်အားနည်းချက်က ဘာဆိုတာ ပေးသိဖို့ ၀န်မလေးပါဘူး။ ကိုယ့်အားနည်းချက်ကြောင့် သူစွန့်ပစ်မသွားဘူးဆိုတာသိနေတာပဲလေ။

၃။သူ့ကိုလေးလေးစားစားဆက်ဆံတတ်တယ်။

ချစ်သူတွေ ဖြစ်သွားကြလို့ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးသွားပေမယ့် အချင်းချင်းထားရှိတဲ့ လေးစားမှုလေးကတော့ ဆက်ရှိနေရပါမယ်။ ဒါဟာ ချစ်သူစုံတွဲတွေကြား ပျောက်ကွယ်စပြုနေတဲ့ အရာပါ။

၎။ကိုယ့်မိဘတွေနဲ့ သူ့ကို ပေးတွေ့ချင်လာမယ်။

ကိုယ်မိသားစုဝင်တွေနဲ့ ကိုယ့်ကို မိတ်ဆက်ပေးချင်ပြီ ဆိုကတည်းက နှစ်ဦးစလုံးဟာ အတည်ရည်ရွယ်ထားတယ်ဆိုတဲ့ သဘောပါပဲ။

၅။သူပြောတာနဲ့ ပတ်သက်ပြီး ကွဲလွဲရဲတယ်။

သူ့အမြင်နဲ့ကိုယ့်အမြင် ဘယ်လိုရှိတယ်ဆိုတာကို ထောက်ပြပြောဆို ကွဲလွဲရဲတယ်။ အဲ့ဒီလို မဟုတ်ဘူး တစ်ယောက်ရဲ့ပြောစကားကို ခေါင်းအမြဲတမ်းညိမ့်တတ်တာမျိုးဟာ ရေရှည်အတွက် မကောင်းပါဘူး။

၆။ဘ၀အတွက် အရေးကြီးတဲ့အရာတွေ သူနဲ့အတူ လုပ်ဆောင်ချင်တယ်။

အိမ်ထောင်ပြုဖို့ ငွေစုမယ်ဆို သူနဲ့အတူ ဘဏ်မှာ account အတူတူ ဖွင့်တာမျိုး၊ အလှူအတန်းကိစ္စတွေမှာ နှစ်ယောက်အတူ လှူတာမျိုး၊ အရေးတကြီးပွဲတွေမှာ သူ့ကိုပါ ခေါ်သွားတာမျိုးတွေပေါ့။

၇။တစ်ဦးရဲ့ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်တွေကို နားလည်လက်ခံပေးနိုင်တယ်။

လူဆိုတာ ပြီးပြည့်စုံနေတာမျိုးတော့ မရှိပါဘူး။ တစ်ဦးရဲ့ ချို့ယွင်းအားချက်ကို တစ်ဦးက နားလည်လက်ခံပေးနိုင်တယ်ဆိုရင် ဒီလိုအတွဲ မြဲပြီဆိုတော သေချာပါတယ်။

၈။သူနဲ့အတူ အမြဲရှိချင်တယ်။ သူ့ကို ငြီးငွေ့တဲ့စိတ်ဘယ်တော့မှ မဖြစ်ဘူး။

ဒီနေ့တော့ သူ့ကို သိပ်မတွေ့ချင်ဘူးဆိုတာမျိုး ဘယ်တော့မှ မရှိသလို စက္ကန့်တိုင်း အတူရှိချင်စိတ်မျိုး ပိုင်ဆိုင်ထားမယ်ဆိုရင် ဒါဟာ ရေရှည်အတွက်လည်း ကောင်းပါတယ်။

၉။လိုအပ်တာထက် ပိုသ၀န်တိုတာမျိုး မဖြစ်ဘူး။

အပြစ်မရှိ အပြစ်ရှာပြီး သ၀န်တိုနေတာမျိုးတွေ မဖြစ်ဘူး။ သူ့ကို စိတ်ချယုံကြည်တတ်တာမျိုးဟာ အတွဲတိုင်းဖြစ်သင့်တဲ့ အချက်ပါ။

၁၀။သူဟာ သင့်ကို ပိုတော်၊ ပိုတတ်၊ ပိုကောင်းတဲ့သူ ဖြစ်လာစေတယ်လို့ သင်ယုံတယ်။

ကိုယ်နဲ့တွဲတဲ့ ကိုယ့်ချစ်သူက ကိုယ့်ကောင်းကျိုးအတွက် ၊ အလုပ်အတွက်၊ ကိုယ့်ဝါသနာရပ်တွေအတွက် တွန်းအားဖြစ်စေတယ်၊ လမ်းမှန်ပြပေးနိုင်တဲ့သူ ၊ ကိုယ့်ကိုအရင်ထက် ပိုတော်၊ ပိုထက်မြက်လာအောင် လုပ်ပေးနိုင်တဲ့သူဆိုရင်တော့ ဘယ်တော့မှ လက်လွတ်မခံပါနဲ့တော့။

Ref:yourtango.com

မေသော် 
Trend Myanmar

0 comments:

Post a Comment