Thursday, November 27, 2014

နည်းဥပဒေမရှိသေးသည့် ဥပဒေများအတွက် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆို တင်သွင်း


ပြည် ထောင်စု လွှတ်တော်မှ ဥပဒေများပြ ဋ္ဌာန်းလိုက်သော်လည်း လိုအပ်သည့် နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်း များ မထွက်သေးသဖြင့် ပြည်သူကို လက်တွေ့အကျိုးမပြုသည့်အတွက် ပြဋ္ဌာန်းဥပဒေများနှင့် သက်ဆိုင်သည့် နည်းဥပဒေများနှင့် စည်းမျဉ်းစည်း ကမ်းများ အမြန်ဆုံးထုတ်ပြန်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း လိုက်ကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ သည်။နိုဝင်ဘာ၂၆ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးလိုက်သည့် ဥပဒေများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ အကောင်အထည်ဖော်နိုင်ရေး အ တွက် နည်းဥပဒေများ စည်းမျဉ်း စည်းကမ်းများကို အချိန်နှင့်တစ်ပြေး ညီ ဆောလျင်စွာ ထုတ်ပြန်ဆောင် ရွက်ပေးရန် ပြည်ထောင်စုအစိုးရ သို့ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ် တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

''ဒီအဆိုကို တင်သွင်းရတဲ့ အ ကြောင်းအရင်းကတော့ ပြည်ထောင် စုလွှတ်တော်ကြီးရဲ့ တာဝန်ကြီးတစ် ခုနဲ့ ဆက်စပ်နေလို့ဖြစ်ပါတယ်။ ကျွန် မတို့ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ် တော်ရဲ့အဓိကတာဝန်ကတော့ ပြည် သူနဲ့နိုင်ငံတော်ကိုအကျိုးပြုမယ့် ဥပ ဒေများထုတ်ပြန်ဖို့ဖြစ်ပါတယ်။ ဒါပေ မဲ့ ဒီဥပဒေတွေက တကယ်ထိရောက် မှုရှိမှ တကယ်ပဲပြည်သူတွေရဲ့ဘဝ အပေါ်မှာ ထိရောက်မှုရှိမှသာလျှင် ပြည်သူကိုအကျိုးပြုတယ်လို့ ဆိုနိုင် ပါတယ်။

စက္ကူပေါ်မှာပဲရှိတဲ့ ဥပဒေ တွေဆိုရင်တော့ ပြည်သူတွေကိုအကျိုး မပြုနိုင်ပါဘူး၊ ဥပဒေပြဋ္ဌာန်းပြီးရင် နည်းဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း တွေ အမြန်ဆုံး ထုတ်ဖို့လိုပါတယ်၊ ဒါမှလဲ လွှတ်တော်ကနေ ပြဋ္ဌာန်း လိုက်တဲ့ဥပဒေတွေဟာ ပြည်သူတွေ ရဲ့ဘဝနဲ့ ဆက်ဆံမှုရှိသွားမှာပါ၊ ပြည် သူတွေရဲ့ဘဝနဲ့ ဆက်စပ်မှုမရှိသရွေ့ တော့ ဥပဒေ ဥပဒေသာပြုတယ်၊ ဥပ ဒေကလွန်ပြီးတော့ နိုင်ငံကို အကျိုး ပြုနိုင်မှာမဟုတ်ဘူးလို့ ပြောချင်ပါ တယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သို့ အရေးကြီးအဆိုအ ဖြစ် တင်သွင်းရာတွင် ပြောကြားခဲ့ သည်။

ဥပဒေပြဋ္ဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်း များ မထွက်သေးသည့် သတင်းမီ ဒီယာဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေနှစ်ခုကြောင့် အငြင်းပွားမှုများ ဖြစ်နေသည်ကိုလည်း ယင်းက ဥပ မာပေး ပြောကြားခဲ့သည်။

''အရေးကြီးတဲ့ဥပဒေတစ်ခုက အမျိုးသားပညာရေးဥပဒေပါပဲ။ အဲဒီ ဥပဒေဟာ အများသိတဲ့အတိုင်း အ ခုဆိုရင် ဒီဥပဒေရဲ့အပေါ် ကျောင်း သားများဟာ ဆန္ဒပြနေကြတယ်။ အ မျိုးသားပညာရေးဥပဒေဟာ ကျွန်မ တို့နိုင်ငံရဲ့ အခုပစ္စုပ္ပန်အတွက်သာ မဟုတ်၊ အနာဂတ်အတွက် အင်မတန် မှ အရေးကြီးတဲ့ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကိုရေးဆွဲတဲ့နေရာမှာ အချိန် ယူပြီးတော့ သက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်မှုနဲ့ ရေးဆွဲခဲ့တာပါ။ အခုထိ တော့ နည်းဥပဒေ မထွက်သေးပါ ဘူး။ မထွက်သေးသရွေ့တော့ ဒီအ မျိုးသားပညာရေး ဥပဒေဟာ ဘယ် လိုထိရောက်မှုရှိတယ်၊ မိမိတို့ဘဝ အတွက် ဘယ်လို ပတ်သက်မယ်ဆို တာကို ကျောင်းသားလူငယ်များဟာ မသိနိုင်ပါဘူး။ အမျိုးသားပညာရေး ဥပဒေနဲ့ဆက်စပ်နေတဲ့ နည်းဥပဒေ တွေ အမြန်ဆုံးထုတ်ပြန်ပေးဖို့ လို ပါတယ်။ ဒါမှလဲ ကျောင်းသားတွေ ရဲ့မကျေနပ်ချက်တွေကို သေသေချာ ချာဆွေးနွေးပြီးတော့ ညှိနှိုင်းတိုင်ပင် ပြီးတော့ အဖြေရှာနိုင်မှာဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

သတင်းမီဒီယာဥပဒေမှာလည်း ဥပဒေအဖြစ် နှစ်ဆန်းမှစတင်ကာ ပြဋ္ဌာန်းခဲ့သော်လည်း ယခုအချိန်ထိ နည်းဥပဒေများနှင့် စည်းမျဉ်းစည်း ကမ်းများ မထွက်ရှိသေးသဖြင့် မီဒီ ယာဥပဒေသည် သက်ရောက်မှု မရှိ သေးကြောင်း ယင်းကပြောကြားခဲ့ သည်။

''သတင်းမီဒီယာလုပ်ငန်းဟာ တိုးတက်သင့်သလောက် မတိုးတက် တဲ့အပြင် သံသယများ၊ စိုးရိမ်စိတ်များ ဟာ တစ်နေ့ထက်တစ်နေ့ ပိုများလာ တာမြင်တွေ့နေရပါတယ်''ဟု ဒေါ် အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏လွှတ်တော်သို့တင်သွင်းသည့် အဆို ပါတင်ပြချက်ပါ အရေးကြီးအဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက ကန့်ကွက် သူမရှိ ထောက်ခံခဲ့သောကြောင့် လွှတ် တော်က အတည်ပြုခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး အ စိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရှေ့ နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်း ထွန်းဦးက နည်းဥပဒေများထုတ်ပြန် ရန် အခြားအခက်အခဲများအပါအ ဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဥပဒေရေးဆွဲရေးဆိုင်ရာ ကျွမ်းကျင် မှု အားနည်းနေသေးခြင်းကြောင့်ဖြစ် ကြောင်း လွှတ်တော်တွင် ပြောကြား ခဲ့သည်။

Democracytoday

0 comments:

Post a Comment