Thursday, November 20, 2014

ရဲနှစ်ဦးနှင့် အရပ်သားတစ်ဦးကို ဓားနှင့်ထိုးသူအား မြောက်ဦးရဲက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး


ရခိုင်ပြည် နယ်၊ မြောက်ဦးမြို့တွင် ရဲနှစ်ဦးနှင့် အရပ်သားတစ်ဦးကို ဓားနှင့်ထိုးခဲ့ သည့် ထွက်ပြေးလွတ်မြောက်နေသူ အား နိုဝင်ဘာ ၂ဝရက်တွင် မြောက် ဦးရဲက ဖမ်းဆီးရမိလိုက်ပြီဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အမှုကျူးလွန်ခဲ့သူအား မြောက် ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာ၏ အနောက်ဘက်ရှိ တောင်ကြားတွင် နိုဝင်ဘာ၂ဝ ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ်၎ဝ ဝန်းကျင်ခန့်က ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး သူ့အားဖမ်းဆီးစဉ် ရဲကိုဓား ဖြင့်ပြန်လည်ခုခံသည့်အတွက် ရဲက အဓိကရုဏ်းနှိမ်နင်းရေးသုံး ၁၂ဗို့ ပြောင်းချောသေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်သောင်းကအ တည်ပြုပြောသည်။

''သေနတ်နှစ်ချက်ပစ်ဖောက် ဖမ်းဆီးခဲ့ရလို့ သူ့ရဲ့ဝဲဘက်ဒူးခေါင်း မှာ ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိခဲ့ တယ်''ဟု ယင်းကပြောသည်။

အမှုကျူးလွန်သူကို ဖမ်းဆီးရမိ သည်နှင့် မြောက်ဦးမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီဖြစ်ပြီး ယင်းအား တရားဥပဒေအရ အရေး ယူသွားမည်ဖြစ်ကြောင်း ယင်းက ဆိုသည်။

ယခုဖမ်းဆီးရမိသူမှာ မြောက် ဦးမြို့၊ ရွှေတောင်ရပ်ကွက်မှ အသက် ၄ဝဝန်းကျင်ခန့်ရှိ ဦးအောင်ကျော် စိန်ဖြစ်ပြီး သူသည် နိုဝင်ဘာ ၁၈ရက် နေ့၊ ညနေ ၃နာရီခန့်က မြောက် ဦးမြို့၊ ကံလှရပ်ကွက်ရှိ မင်းဘာကြီး လမ်းပေါ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး၊ နယ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ် ဦးတို့ကို အသင့်ပါလာသောဓားဖြင့် ထိုးခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက် သွားခဲ့ခြင်းဖြစ်သည်။

ဓားထိုးခံရသည့် အရပ်သားအမျိုး သားတွင် ရင်ဘတ်တွင်ထိုးသွင်းဒဏ် ရာတစ်ချက်၊ ရဲတပ်ကြပ်ကြီးတွင် လည်ပင်းနှင့်နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီနှင့် နယ် ထိန်းရဲတွင် ဘယ်ဘက်နို့အုံတို့တွင် ထိုးသွင်းဒဏ်ရာတစ်ချက်စီအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

‪Democracytoday‬

0 comments:

Post a Comment