Sunday, November 30, 2014

ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ်သင့်ဟု နိုင်ငံတော်သမ္မတ၏ ပညာရေးဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင်ဒေါက်တာရင်ရင်နွယ် ပြောကြား

ပညာရေး သည် နိုင်ငံရေးကစားကွက်မဖြစ် သင့်ဟု နိုင်ငံတော်သမ္မတ၏ပညာ ရေးဆိုင်ရာ အကြံပေးအဖွဲ့ခေါင်း ဆောင် ဒေါက်တာရင်ရင်နွယ်က ပြော ကြားလိုက်သည်။

နိုဝင်ဘာ ၃ဝရက်က ကုန် သည်စက်မှုအသင်းချုပ်တွင် ပြုလုပ် သည့် မြန်မာနိုင်ငံစီးပွားရေးအကူး အပြောင်းဆွေးနွေးစရာနှင့်ရွေးချယ် စရာအကြောင်းအရာ (Myanmar's Economic Transition ; Issues and Options) ဆိုင်ရာဟောပြော ပွဲတွင် ယင်းကဲ့သို့ပြောကြားလိုက် ခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတ၏ ပညာ ရေးဆိုင်ရာ အကြံပေးအဖွဲ့ခေါင်း ဆောင် ဒေါက်တာရင်ရင်နွယ်က ''အ မျိုးသားပညာရေးဥပဒေကို တချို့ ဆန္ဒတွေပြနေကြတယ်။ တကယ်တော့ နဂိုမူမရှိတဲ့ဘဝကနေ ပြန်လုပ်တယ် ဆိုတဲ့အတွက် တိုးတက်မှုကတော့ ပြောရမယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားဘာသာစကားတွေ သင်ကြားခွင့်ပေးထားတယ်။ တက္က သိုလ်အုပ်ချုပ်ရေးစနစ်ကတော့ Decentralize (ဗဟိုချုပ်ကိုင်မှုလျှော့ ချ) လုပ်လိုက်ပါပြီ။ အဲဒီအတိုင်း အတာကို မကျေနပ်တဲ့သူတွေရှိရင် လဲရှိမယ်။ ပညာရေးစနစ်သည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ဘူး။ ကျွန်မတို့ စိတ်ရှည်ရပါမယ်'' ဟု ပြောသည်။

လက်ရှိမြန်မာ့ပညာရေးစနစ် သည် အထူးညံ့ဖျင်းနေခြင်းကြောင့် ပြုပြင်ပြောင်းလဲပြီး မူလတန်းနှင့်အ လယ်တန်းအဆင့်များကို အခမဲ့စနစ် များပြုလုပ်နေကြောင်း ဒေါက်တာရင် ရင်နွယ်က ထပ်မံ ပြောသည်။

ဒေါက်တာရင်ရင်နွယ်က''ပညာ ရေးအတွက် သုံးတဲ့ဘတ်ဂျက်က အ ရင်ကထက် ငါးဆလောက် တက်လာ တယ်ဆိုပေမယ့် ဒေသတွင်းနိုင်ငံတွေ ထက် နည်းပါးနေသေးတယ်''ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦး ဖြစ်သည့် ဦးကျော်လင်းဦးက''သူ (ဒေါက်တာရင်ရင်နွယ်) ဆိုလိုတဲ့ သဘောက အခုလက်ရှိကျောင်းသား တွေက အမျိုးသားပညာရေးဥပဒေ နဲ့ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုမှု တွေများနေတာကို ရည်ညွှန်းတာဖြစ် ပါလိမ့်မယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်လည်း ကျောင်းသား တွေက ဆန္ဒတွေစောလွန်းနေတယ် လို့မြင်ပါတယ်။ သူတို့ဖြစ်ချင်တဲ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ဆို တာကလည်း အဆင့်မြင့်ပညာရေး ဥပဒေမှာပါဖို့ရှိပါတယ်။ နောက်ပြီး ဗဟိုချုပ်ကိုင်မှုတွေများလွန်းနေတယ် ဆိုတာကလည်း ပြောရမယ်ဆိုရင် သိပ်ပြီးခြေခြေမြစ်မြစ် မရှိလှဘူး။ ပညာရေးနဲ့ပတ်သက်ပြီး မူဝါဒတွေ ကို အကောင်အထည်ဖော်ရာမှာ ဝန် ကြီးတစ်ပါးတည်းက ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ တက္ကသိုလ်အလိုက်၊ ဦးစီး ဌာနတွေအလိုက် ပညာရှင်တွေပါ ပါ ဝင်တဲ့ကော်မရှင်ဖွဲ့စည်းပြီး ဝိုင်းဝန်း ဆွေးနွေးဆုံးဖြတ်ကြတာ ကျွန်တော့် အနေနဲ့ပြောရမယ်ဆိုရင် ပိုလို့တောင် ကောင်းသေးတယ်လို့ မြင်ပါတယ်'' ဟု ပြောကြားသည်။

မန္တလေးတက္ကသိုလ်ပါမောက္ခ ချုပ်ဒေါက်တာမောင်သင်းက''ပညာ ရေးကို နိုင်ငံရေးလှည့်ကွက်တစ်ခုအ နေနဲ့သုံးတယ်ဆိုတာနဲ့ပတ်သက်ပြီး တော့ ဘာမှသဘောထားမှတ်ချက်မ ပေးလိုပါဘူး။ ဆရာမကြီး (ဒေါက် တာရင်ရင်နွယ်)က တစ်ခုခုကိုကြို မြင်တာဖြစ်နိုင်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရဆိုရင် ပြီးခဲ့တဲ့ရက် ပိုင်းက မန္တလေးက တက္ကသိုလ် ကျောင်းသားအချို့နဲ့တွေ့ဆုံကြတဲ့ အခါမှာ ကျောင်းသားတွေဘက်က ကျောင်းသားနဲ့သက်ဆိုင်တဲ့ တောင်း ဆိုမှုတွေပဲတွေ့ရတယ်။ တခြားကိစ္စ တွေလည်း မပြောခဲ့ကြပါဘူး။ တကယ့် ကျောင်းသား စစ်စစ်တွေနဲ့တွေ့ခဲ့ရတာပါ။ နောက်ကွယ်မှာဘာရှိတယ် ဆိုတာမျိုးတော့ မပြောတတ်ပါဘူး'' ဟု ပြောသည်။

လက်ရှိတွင် အမျိုးသားပညာ ရေးဥပဒေကို ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့များမှ ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိ သည်။

ဓါတ်ပုံ - ရန်ကုန်စီးပွားရေးတက္ကသိုလ်နှစ်(၅ဝ)ပြည့်ရွှေရတုနှင့် ဘောဂဗေဒဌာန နှစ်(၉ဝ)ပြည့်အထိမ်းအမှတ် ပညာရပ်ဆိုင်ရာဟောပြောပွဲကျင်းပစဉ်။

Democracytoday

0 comments:

Post a Comment