Tuesday, November 11, 2014

ဘ၀ကို ပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ဖို့ သုံးနှစ်အရွယ် ကလေးတွေဆီက ပြန်လည်သင်ယူသင့်တဲ့အရာများ



အရွယ်ရောက်လာပြီဆိုတာနဲ့ ကျောင်း၊ အလုပ် လူမှုရေးကိစ္စများစွာနဲ့ စိတ်တွေဖိစီးတွေ ဖြစ်လာတတ်ကြပါတယ်။ အချစ်ရေးကြောင့် စိတ်ရှုပ်တတ်ကြရသလို အိမ်တွင်းရေးကိစ္စတွေကြောင့်လည်း အာရုံတွေ နောက်ကြရပါတယ်။ တစ်ခါတစ်လေ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ဘာတွေများ လုပ်ရမလဲဆိုတဲ့ အတွေးမျိုးတွေတောင် တွေးမိလာတတ်ကြတဲ့အထိပါပဲ။ အမှန်တော့ ကိုယ့်ရှေ့က ကလေးတွေ၊ ကိုယ့်ပတ်ဝန်းကျင်က ကလေးငယ်တွေ၊ ကိုယ့်မောင်ငယ်၊ ကိုယ့်ညီမလေး၊ တူ၊ တူမလေးတွေရဲ့ အပြုအမူလေးတွေကို သတိလက်လွတ်နေခဲ့မိတာကြောင့် ဘ၀မှာ အေးချမ်းပျော်ရွှင်စွာ နေထိုင်ရမယ့် နည်းလေေးတွကို မတွေးမိတာပါ။ သူတို့လေးတွေဆီက ကိုယ်တွေ ပြန်သင်ယူသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ အဲ့ဒီအရာတွေက သင့်ရဲ့နေ့စဉ်ဘ၀ကို ပိုမိုလွယ်ကူလာစေမှာ ဖြစ်သလို ပျော်ရွှင်ငြိမ်းချမ်းစေနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။၁။ ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေကို သေချာဂရုတစိုက် စားပေးပါ။

ကလေးတွေဟာ အသီးအနှံတွေကို ဂရုတစိုက် စားဖြစ်ကြပါတယ်။ စားရတာလည်း သဘောကျကြပါတယ်။ ဟင်းသီးဟင်းရွက်တွေဆိုရင်လည်း မိဘတွေ ကျွေးတဲ့အတိုင်း ကုန်စင်အောင် စားတတ်ကြပါတယ်။

၂။ အနမ်းခြွေပါ။

သင်တကယ်ချစ်ခင်နှစ်သက်သူတွေကို အနမ်းပေးဖို့ မ၀ံ့မရဲမဖြစ်ပါနဲ့။ သင့်မိသားစုဝင်၊ သင့်ချစ်သူ စတဲ့ အရေးပါတဲ့သူတွေကို အနမ်းပေးတာဟာ သင့်ဘ၀ရဲ့ ပျော်ရွှင်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။

၃။ကိုယ့်ထက် အသက်ကြီးတဲ့သူတွေ၊ အတွေ့အကြုံများတဲ့သူတွေစကားကို လက်ခံပါ။

တစ်ခါတစ်လေ အသက်အရွယ် ကွာဟမှုတွေကြောင့် ဖြစ်တတ်တဲ့ အနေအထားမတူညီမှုတွေကို မေ့သင့်သလောက် မေ့ပြီး သူတို့ပေးတဲ့ အကြံဥာဏ်ကို တတ်နိုင်သလောက် ယူကြည့်ပါ။

၎။ရယ်မောပါ။

တစ်နေ့မှာ ကလေးငယ်တွေလို အကြိမ်ပေါင်းများစွာ ရယ်မောနိုင်အောင်ကြိုးစားပါ။

၅။ညအိပ်ယာဝင်ခါနီးတိုင်း စာဖတ်ပါ။

ငယ်ငယ်တုန်းက ကိုယ့်မိဘကို ပုံပြင်စာအုပ်ဖတ်ခိုင်းသလိုမျိုး ခု အချိန်မှာ ကိုယ့်ဘာသာကိုယ် အိပ်ယာဝင်ခါနီး စာဖတ်ဖြစ်အောင် ဖတ်ပါ။

၆။ငိုချင်တဲ့အခါ ငိုချပစ်လိုက်ပါ။

တစ်ခါတစ်လေ အောင့်အီးသည်းခံရတာတွေ များလာတာမျိုး ကြုံဖူးမှာပါ။ ငိုချင်တဲ့စိတ်ကို ဖုံးကွယ်ဟန်ဆောင်နေရတာ ပင်ပန်းပါတယ်။ ငိုချင်ရင် ငိုချပစ်လိုက်ပါ။ ပေါ့သွားပါလိမ့်မယ်။

၇။တောင်းပန်တတ်ပါစေ၊ ပြီးတော့ အလွယ်တကူ ခွင့်လွှတ်တတ်ပါစေ။

ကိုယ်မှားရင် ဆောရီးပါ၊ တောင်းပန်ပါတယ်ပြောဖို့ မ၀ံ့မရဲမဖြစ်ပါနဲ့။ သူတစ်ပါးတောင်းပန်တဲ့အခါလည်း လက်ခံနားလည်ပြီး ခွင့်လွှတ်ပေးလိုက်ပါ။ အပူတွေ ယူမထားပါနဲ့။

၈။အိမ်ပြန်လာတဲ့ အဖေ၊ အမေကို ဆီးကြိုနှုတ်ဆက်ပါ။

ငယ်ငယ်တုန်းက အဖေပြန်လာရင်၊ ဒါမှမဟုတ် အမေပြန်လာရင် မုန့်ပါမလားဆိုတဲ့အတွေး၊ ဒါမှမဟုတ်လည်း လွမ်းဆွတ်တဲ့ ခံစားမှုလေးတွေနဲ့ တံခါးပေါက်ဆီကို အပြေးသွားပြီး ပွေ့ဖက်ဆီးကြိုတာမျိုးလေး ခုချိန်မှာ ပြန်လုပ်ကြည့်ပါ။ နွေးထွေးတဲ့ မိသားစုဘ၀လေး ပြန်ရယူပါ။

၉။မှန်ထဲမှာ ကိုယ်လုပ်ချင်တဲ့ မျက်နှာအမူအယာမျိုးတွေ လုပ်ပါ။

အမြဲတမ်း ရုပ်တည်နဲ့ နေတာမျိုးဟာ လူကို အိုမင်းရင့်ရော်စေပါတယ်။ ကိုယ်တစ်ယောက်တည်း ရှိတဲ့အချိန် ဖိစီးမှုတွေ လျှော့ချပစ်ဖို့ မမေ့ပါနဲ့။ မှန်ရှေ့မှာ ငယ်ငယ်တုန်းကလို လျှာထုတ်လိုက်၊ မျက်လုံးပြူးလိုက် စသဖြင့် ကိုယ့်အတွက် အဆင်ပြေအောင် နေတတ်သလို နေပါ။

၁၀။ အကူအညီလိုတဲ့အခါ ဖွင့်ပြောပြီး တောင်းပါ။

မာနဆိုတာ နေရာတိုင်းထားဖို့တော့ မသင့်တော်ပါဘူး။ ကိုယ်တကယ်အကူအညီလိုအပ်လာရင်တော့ ကိုယ့်ကို ကူညီနိုင်မယ့်သူကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ကူညီနိုင်မလား မေးကြည့်ပါ။

၁၁။မေးခွန်းတွေမေးပါ။

ကလေးတွေဟာ သိပ်အမေးအမြန်းထူတယ်လို့ ပြောကြတယ်မဟုတ်လား။ သင်လည်း ကလေးငယ်တွေလိုပဲ မေးမြန်းဖို့ မတွန့်ဆုတ်ပါနဲ့။ သိချင်တာတွေကို မေးပါ။

၁၂။ကိုယ့်ဘာသာကိုယ် စကားပြောပါ။

ငယ်ငယ်တုန်းက ဆော့တဲ့အခါပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းရှိနေချိန်ပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် စကားပြောဖူးကြမှာပါ။ ခုလည်း အဲ့ဒီအကျင့်လေးရှိနေဖို့ လိုပါတယ်။ တစ်ခါတစ်လေ အားပေးတာ၊ စိတ်ဓာတ်ကျတဲ့အခါ မကျဖို့ ကိုယ့်ကိုယ့်ကိုယ် ဖေးမပြောဆိုတာ မျိုးတွေ လုပ်ဖြစ်အောင် လုပ်ပေးပါ။

၁၃။ဆုမွန်ကောင်းတောင်းပေးပါ။

ကလေးဘ၀တုန်းက ဘုရားဝတ်ပြုတဲ့အချိန် မေတ္တာပို့တာ၊ ဆုမွန်ကောင်းတောင်းတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ခုချိန်ထိ ဆက်လက်ထိန်းသိမ်းထားသင့်တဲ့ အရာပါပဲ။

၁၄။စိတ်ကူးယဉ်ပါ။

ငါကြီးလာရင် ဘာလုပ်မယ်ဆိုတဲ့ အတွေးမျိုးတွေ ငယ်ငယ်တုန်းက ရှိဖူးကြပါတယ်။ ခုလည်း ငါဘယ်လိုဖြစ်ရင် ဘာဆိုတာမျိုး စိတ်ကူးအိပ်မက်တွေ ဆက်မက်နေဖို့ လိုပါတယ်။

၁၅။ဂီတသံကြားတဲ့အခါ ပျော်ရွှင်မြူးတူးတတ်တဲ့သူ ဖြစ်ပါစေ။

ကလေးတွေဟာ ဂီတသံကြားရင် လက်ခုပ်တီးပြီး ခြေထောက်လေးတွေ ဆောင့်ဆောင့် ကတတ်ကြပါတယ်။ သူတို့လိုပဲ ဂီတသံကြားလိုက်တာနဲ့ သင့်စိတ်လန်းဆန်းသွားနိုင်ရင် ဒါကောင်းတဲ့အချက်ပါ။

၁၆။အိပ်ယာကို ပုံမှန်ဝင်ပါ။

ကောင်းတဲ့အကျင့်ဆိုတာ ဆက်ထိန်းထားသင့်ပါတယ်။ ငယ်ငယ်တုန်းက ပုံမှန်အိပ်ချိန်လေးအတိုင်း ခုလည်း ပုံမှန်အိပ်ချိန်မှာ အိပ်ပြီး အိပ်ရေးဝနေမယ်ဆိုရင် သင့်ရဲ့အလုပ်တွေဟာ ပိုမိုပြီးမြောက်ပါလိမ့်မယ်။

၁၇။အရာရာတိုင်းကို အသည်းအသန်၊ အပြူးအပြဲ မလုပ်ဆောင်ပါနဲ့။

အပူအပင်မရှိတဲ့ ကလေးငယ်တွေရဲ့ အပြုအမူကို အတုယူပါ။ သူတို့ဘာသာသူတို့ ပျော်ရွှင်အောင် ကြိုးစားနေထိုင်ကြသလို အရာရာတိုင်းကို အသည်းအသန်လုပ်ဆောင်ခြင်းကနေ ကင်းရှင်းအောင် နေကြပါတယ်။

Ref:yourtango.com

မေသော် 
Trend Myanmar

0 comments:

Post a Comment