Friday, October 30, 2015

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ စောင့်ကြည့်သည့် အဖွဲ့ခုနစ်ဖွဲ့ စောင့်ကြည့်လေ့လာမည်

 နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ် အတွင်း မဲစာရင်းများ တိကျမှန် ကန်မှုရှိစေရန် ရွေးကောက်ပွဲလေ့ လာစောင့်ကြည့်ရေး အဖွဲ့ခုနစ်ဖွဲ့ ရှိကြောင်း မွန်ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။
အဆိုပါခုနစ်ဖွဲ့အနက် ဖန် တီးအိမ်၊ People Alliance For Credible Elections (PACE)၊ အမျိုးသားလူငယ် ကွန်ဂရက်၊ စကားဖြူနှင့် Rain Maker အဖွဲ့တို့ သည် ပြည်နယ်ကော်မရှင်ခွင့်ပြု ချက်ဖြင့် မွန်ပြည်နယ်တစ်ခုလုံး ကို စောင့်ကြည့်မည်ဖြစ်သည်။
ကျန်အဖွဲ့နှစ်ဖွဲ့  အနက် ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာစောင့်ကြည့်ရေး အဖွဲ့သည် ကျိုက်ထိုမြို့နယ်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်ရုံးတို့သည် လမိုင်းမြို့နယ်တို့တွင် စောင့်ကြည့်မည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ဆိုသည်။
‘‘ရွေးကောက်ပွဲ စောင့်ကြည့် ဖို့အဖွဲ့တွေက ကော်မရှင်ရုံးမှာ ခွင့်ပြုစာတင်တာ ၂၄ ရက်က ပိတ်သွားပြီ။ ထပ်တိုးလာဖို့ မရှိတော့ ဘူး’’ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ရွေး ကောက်ပွဲစောင့်ကြည့်ရန် ဖန်တီး အိမ်မှ ၇၀ ဦး၊ PACE မှ ၅၇ ဦး၊ အမျိုးသားလူငယ် ကွန်ဂရက်မှ ၃၆ ဦး၊ စကားဖြူအဖွဲ့မှ ၁၈ ဦး၊ Rain Maker မှ ၁၅၆ ဦး၊ ကျိုက် ထိုမြို့နယ်လုံးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့မှ ၄၂ ဦး၊ မသန်စွမ်းသူ များရှေ့ဆောင်မှ ၁၅ ဦးဖြင့် စောင့်ကြည့်သူဦးရေ စုစုပေါင်း ၃၉၄ ဦးရှိကြောင်း ပြည်နယ်ကော်မရှင် ရုံးစာရင်းအရ သိရသည်။

‘‘ကျွန်တော်တို့အဖွဲ့က ရွေး ကောက်ပွဲစည်းရုံးရေး ကာလက နေ မဲစာရင်းထုတ်ပြန်တဲ့ အထိ စောင့်ကြည့်မယ်။ အခုအချိန်မှာ တော့ ကျွန်တော်တို့ စောင့်ကြည့် ထားတဲ့အချက်တွေကို သတင်း ထုတ်ပြန်လို့တော့ မရသေးဘူး’’ ဟု PACE အဖွဲ့မှ မွန်ပြည်နယ် တာဝန်ခံတစ်ဦးက စောင့်ကြည့် ရေးနှင့်ပတ်သက်ပြီး ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မဲရုံ အရေအတွက်နှင့် စောင့်ကြည့်သူ အရေအတွက် မျှတခြင်းမရှိသော ကြောင့် မုဒုံ၊ ကျိုက်ထို၊ ရေးမြို့တို့တွင် ၎င်းအဖွဲ့က အများဆုံး စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၁၉ ရုံရှိပြီး မဲပေးခွင့်ရှိသူဦးရေ ၁၅ သိန်းတစ်သောင်းကျော် ရှိ ကြောင်း မွန်ပြည်နယ် ကော်မရှင်ရုံးက သတင်းထုတ်ပြန်ထား သည်။

မွန်ပြည်နယ်တွင် ပြည်ခိုင် ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားတိုး တက်ရေးပါတီ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုး သားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီးပါတီ (မွန်)၊ ကရင်ပြည်သူ့ပါတီ၊ ဖလုံ စဝေါ်ပါတီနှင့် တစ်သီးပုဂ္ဂလအပါ အဝင် ပါတီ ၁၄ ခု ဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်သည်။

မွန်ပြည်နယ်တွင် အမျိုးသား လွှတ်တော်အတွက် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၂၀ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၀ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် ကရင်၊ ပအိုဝ်း၊ ဗမာ တစ်နေရာစီ အပါအဝင် စုစုပေါင်း ၄၅ နေရာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
7 day

0 comments:

Post a Comment