Tuesday, September 2, 2014

အလှမယ်မေမြတ်နိုးနှင့်တွေ့ဆုံခြင်း

'မြတ်နိုးရဲ့အဖြစ်အပျက်က အလှမယ် အရွေးခံရပြီးတော့ လူကုန်ကူးခံရသလိုပါပဲ'
=========================================


ကိုရီး ယားနိုင်ငံတွင် ကျင်းပသည့် Miss Asia Pacific World 2014 သရဖူ သိမ်းခံရခြင်းနဲ့ပတ်သက်၍ အလှမယ် မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို စက်တင်ဘာ ၂ရက်က House of Memories တွင်ပြုလုပ် ခဲ့ရာ ယင်းသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများနှင့် မေးမြန်းဖြေ ကြားချက်များကို ဖော်ပြလိုက်ပါသည်။မေး - အခုဖြစ်ပျက်နေတဲ့ မေမြတ် နိုးကို စွပ်စွဲနေတဲ့ အကြောင်းအရာ တွေကိုလည်း အသေးစိတ်ပြောပြ ပေးပါဦး။

ဖြေ - Miss Asia Pacific World 2014 သရဖူကို ပြန်လည်ရုပ်သိမ်း မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေက အခု မှစပြီးတော့ ခြိမ်းခြောက်ခဲ့တာမဟုတ် ပါဘူး။ ပြိုင်ပွဲကနေပြိုင်ပြီးတော့ ပြန်လာကတည်းက ခြိမ်းခြောက်ခံနေ ရတာပါ။ ကိုရီးယားအဖွဲ့အစည်းက နေပြီးတော့ ခြိမ်းခြောက်တာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံကိုကိုယ်စားပြု နေတဲ့ Nation Director တွေလို့နာ မည်ယူထားတဲ့ သူတွေက ခြိမ်းခြောက် နေတာပါ။ အရင်တုန်းက အကြောင်း အရာကို ပြန်ပြီးတော့ပြောမယ်ဆိုရင် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကိုရီး ယားမှာ မြတ်နိုးယှဉ်ပြိုင်နေစဉ်ကာ လမှာကတည်းက Nation Director လို့ နာမည်ယူထားတဲ့ဆရာနဲ့ဆရာမက သူတို့ကမြန်မာနိုင်ငံကို ဘယ်တုန်းက မှ အားမပေးခဲ့ဘူးလို့ပြောခဲ့သလို ပြိုင်ပွဲဝင်နေတဲ့ မြတ်နိုးကို အားပေး စကားမပြောတဲ့အပြင် မေမြတ်နိုး သမီး သရဖူမရနိုင်ဘူး၊ သမီးရဲ့ အားနည်းချက်တွေက ဘာတွေပါဆို ပြီးတော့ ထောက်ပြခဲ့ပါတယ်။ ဆရာ မတို့ကတော့ အားပေးနေမှာမဟုတ် ဘူးလို့လည်း ပြောပါတယ်။ ဒီလိုမျိုး အားပေးစကားတွေမဟုတ်ဘဲ စိတ် ပျက်စေတဲ့စကားတွေကို ပြောခံနေ ရတဲ့ကြားထဲက မြတ်နိုးသရဖူကိုကြိုး စားပြီးတော့ ရအောင်ယူခဲ့ပါတယ်။မြတ်နိုးက ကျောင်းမပြီးသေးတော့ တီချယ်လှနုကို ကျောင်းတက်ချင် သေးတယ်၊ ကိုရီးယားနဲ့ပေါင်းပြီး တော့ အလုပ်မလုပ်ချင်သေးဘူးလို့ ပြောတော့ တီချယ်က သုံးနှစ်စာချုပ် မချုပ်ဘူးဆိုရင် မြတ်နိုးကို ဟိုဘက် က သရဖူပြန်သိမ်းလိမ့်မယ်လို့ ခြိမ်း ခြောက်ခဲ့တာကြောင့် မြတ်နိုးစာချုပ် ချုပ်ခဲ့ရပါတယ်။ မြတ်နိုးအနေနဲ့ Nation Director တွေကို အဆက် အသွယ်မလုပ်ခဲ့ဘူးဆိုတဲ့ တီချယ်လှနု ရဲ့ပြောထားတာကိုလည်း မြတ်နိုး ပြောပြချင်ပါတယ်။

မြန်မာနိုင်ငံကို သရဖူ ကိုရပြီးတော့ ပြန်လာတဲ့အချိန် မှာ တီချယ်က မြတ်နိုးရဲ့မကောင်း ကြောင်းတွေကို ပြောပြီးတော့ သတင်း တွေဖြန့်ပါတယ်။ အဲဒီမှာကိုရီးယား က မြတ်နိုးကိုဆက်သွယ်ပြီးတော့ နင့်ရဲ့တီချယ်လှနုထွန်းက တစ်နေ့တစ် နေ့ နင်ရဲ့ မကောင်းကြောင်းတွေကိုပဲ ပြောနေပါတယ်။ သူတို့ရွေးချယ်ထား တဲ့ အလှမယ်က ဘာပဲဖြစ်နေဖြစ်နေ သူတို့ရွေးချယ်ထားတာဖြစ်တဲ့အတွက် သူတို့ဘက်ကတော့ လက်တွဲမဖြုတ် ဘူး။ နောက်ဆုံးကျရင် Nation Director တွေကိုပဲ လက်တွဲဖြုတ် မယ်၊ နင်လည်းသူတို့နဲ့စာချုပ်လည်း မချုပ်နဲ့၊ အဆက်အသွယ်လည်းမလုပ် နဲ့လို့ပြောတာကြောင့် မြတ်နိုးတီချယ် လှနုတို့ကို အဆက်အသွယ်ဖြတ်ခဲ့ရ တာပါ။ ကိုရီးယားကိုမြတ်နိုးသဘော နဲ့မြတ်နိုးထွက်သွားခဲ့တာမဟုတ်ပါ ဘူး။ ကိုရီးယားဘက်ကသူတွေက လာဖို့ပြောခဲ့တာကြောင့် မြတ်နိုး ကိုရီးယားကို ထွက်သွားခဲ့တာပါ။ ဟိုရောက်မှသိတာက သူတို့နှစ်ဖွဲ့က ပူးပေါင်းလုပ်တယ်ဆိုတာပါပဲ။

မေး - စပွန်ဆာကိစ္စကိုလည်း ပြော ပြပေးပါဦး။

ဖြေ - မြတ်နိုးနဲ့အမေကို ကိုရီးယား မှာနေဖို့ ထိုင်ဖို့စားသောက်စရိတ် အားလုံးကို အကုန်အကျခံမယ်လို့ ကိုရီးယားဘက်ကပြောထားပြီး ဟို ရောက်တော့ ဘာမှ မစီစဉ်ပေးပါ ဘူး။ Kpop အဖွဲ့ လုပ်မယ်ဆိုတာ ကလည်း သူတို့အစီအစဉ်တွေ ပြောင်းလဲလိုက်တယ်ဆိုတာကို ပြောပါ တယ်။ သီချင်းခွေလုပ်ဖို့လည်း အစီ အစဉ်မရှိဘူးလို့ ပြောပါတယ်။ တစ် ယောက်တည်းပဲ အလုပ်လုပ်ရမယ်။ အဲဒီအတွက် ပြင်ဆင်ပေးမယ်လို့ ပြောပါတယ်။ အရင်ဦးဆုံးအလှအပ တွေပြင်ပေးမယ်။ ခေါင်းအစ ခြေ အဆုံး ပလတ်စတစ်ဆာဂျရီလုပ်ပေး မယ်၊ မြတ်နိုးနဲ့အမေနှစ်ယောက်စလုံး ငြင်းပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။ မြတ်နိုးရဲ့နေထိုင်စရိတ်တွေ အတွက် ငွေလိုအပ်တယ်တဲ့။ လိုအပ်တဲ့ငွေတွေ ရဖို့အတွက် စပွန်ဆာရှာပါလို့ပြော ပါတယ်။ အဲဒီစပွန်ဆာရှာရင်လည်း ကိုယ်အစီအစဉ်နဲ့ကိုယ် ရှာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အဖော် အဖြစ်သွားရောက်ပြီးတော့ အတူတူ ရှိပေးရမယ်လို့ ပြောပါတယ်။ ကိုရီးယား ဗီဇာသက်တမ်းက မလုံလောက်ဘူး။ ကိုရီးယားဗီဇာကို ဒီထက်ကြာအောင် လုပ်ဖို့အတွက် ဂျပန်ကိုသွားပါ။ ပြီးရင် ဗီဇာသက်တမ်းတိုးပါလို့ ပြောပါတယ်။ ဂျပန်ကိုသွားတဲ့အခါ မှာလည်း အမေကို မြန်မာနိုင်ငံကို ပြန်ပို့ပေးမယ်။

ကိုရီးယားနိုင်ငံကို ရောက်ပြီးလို့ နှစ်ရက်လောက်ကြာ တော့ အမေနဲ့မြတ်နိုးကို ဘူဆန်က ပလတ်စတစ်ဆာဂျရီလုပ်တဲ့ အ ဆောက်အအုံကို ခေါ်သွားပါတယ်။ သူတို့ပြောတဲ့အတိုင်း ပလတ်စတစ် ဆာဂျရီကို မလုပ်ခဲ့တဲ့အတွက်မြတ်နိုး တို့ကို စားသောက်စရိတ်မပေးဘဲ ထားခဲ့တာပါ။ သူတို့အစီအစဉ်က တော့ မြတ်နိုးကို ပလတ်စတစ်ဆာဂျရီ လုပ်ပြီးသွားရင် သူတို့ဆီကစီးပွား ရေးလုပ်ငန်းရှင်တွေက ပိုကြိုက်လာ မယ်၊ အဲတော့မှ ပိုက်ဆံရမယ်လို့ ပြောပြပါတယ်။ စပွန်ဆာအတွက် ကိုရီးယားမှာတင် မလုံလောက်ရင် ဂျပန်ကိုလည်းသွားပြီးတော့ စပွန်ဆာ ရှာရမယ်လို့ပြောပါတယ်။ အဲဒါကြောင့် သူတို့နဲ့ မြတ်နိုးလက်တွဲပူးပေါင်းလို့ မဖြစ်တော့ဘူးဆိုတာ သိလိုက်ပါ တယ်။

မေး - သရဖူကိုခိုးပြီးတော့ မေမြတ် နိုးက မြန်မာနိုင်ငံကိုပြန်လာတယ် ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

ဖြေ - မြတ်နိုးအကြောင်းစုံကို သိ လိုက်တဲ့အတွက် မြတ်နိုးမြန်မာနိုင်ငံ ကိုပြန်လာတော့မယ်ဆိုပြီး ဆုံးဖြတ် ချက်ချတယ်။ လေယာဉ်နဲ့ပြန်လာ တဲ့အချိန်မှာပဲ သူတို့က သရဖူသိမ်း တဲ့စာကို ထုတ်ပြန်ခဲ့တာပါ။ မြတ်နိုး က စာထုတ်လိုက်တဲ့အချိန်မှာ သရဖူ ပြန်သိမ်းလိုက်တာ မသိပါဘူး။ မြတ်နိုး ပြည်တွင်းကိုပြန်ရောက်မှ သိရတာ ပါ။ အဲဒီစာမှာ ပြည်တွင်းက Nation Director တွေဆီကို ပြန်အပ်ပေးဖို့ ပဲ ပြောထားတာတွေ့ပါတယ်။

မေး - မြတ်နိုးအမေက ဗီဇာအတုနဲ့ ကိုရီးယားကိုလိုက်သွားတယ်ဆိုတာ နဲ့ပတ်သက်ပြီးတော့လည်း ပြောပြ ပေးပါဦး။

ဖြေ - ကိုရီးယားဘက်ကနေပြီး တော့ မြတ်နိုးကိုလှမ်းခေါ်တဲ့အချိန် မှာ အမေအတွက်ကိုလည်း စရိတ် ငြိမ်းလို့ စာပို့လာပါတယ်။ အဲဒီစာ အတိုင်းပဲ မြတ်နိုးတို့ကိုရီးယားသံရုံး မှာ ဗီဇာလျှောက်ခဲ့တာပါ။ အဲဒီမှာ မြတ်နိုးနဲ့အတူတူ အမေ့ကိုလည်း ဗီဇာသုံးလနေထိုင်ခွင့်ပေးခဲ့တာပါ။ အမေက ဗီဇာအတုလုပ်တာမဟုတ် ပါဘူး။

မေး - သရဖူကိုပြည်တွင်းက Nation Director တွေကိုပြန်အပ် မှာလား။

ဖြေ - အမှန်အတိုင်းအပြောရရင် ဒီလိုမျိုး မြန်မာအမျိုးသမီးတစ် ယောက်ကို စော်ကားတယ်။ မြန်မာ နိုင်ငံကို စော်ကားတဲ့ Organization က ပေးတဲ့သရဖူကို မြတ်နိုး မလိုချင်ပါဘူး။ ဖြစ်နိုင်ရင် အခုချက် ချင်းပြန်သွားပေးလိုက်ချင်ပါတယ်။ ဒါပေမဲ့ သူတို့စာထဲကအတိုင်းလည်း Nation Director ကိုလည်းမပေး နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဘက်က ကိုယ်စားပြု Nation Director တစ်ယောက်ဖြစ် ပြီးတော့ ကိုယ့်နိုင်ငံဘက်ကမပါဘဲ ကိုယ့်နိုင်ငံ မကောင်းကြောင်းကို နိုင်ငံ တကာကို လိုက်ပြောတယ်။ မြတ်နိုး ရဲ့မကောင်းကြောင်းကို ကိုရီးယား ဘက်ကိုပြောနေတဲ့Nation Director ပြီးတော့ အလှမယ်တွေကို တစ်ယောက်ပြီး တစ်ယောက် သရဖူ သိမ်းနေတဲ့ စိတ်ဓာတ်မျိုးကိုလည်း မကြိုက်တဲ့အတွက် မြတ်နိုးဘက်က သူတို့ကိုဘယ်လိုမှ သရဖူပြန်အပ်မှာ မဟုတ်ပါဘူး။

မေး - ကိုရီးယား Organization ဘက်က မေမြတ်နိုးဘက်က တောင်း ပန်မယ်ဆိုရင် ပြန်ပြီးတော့လက်တွဲ မယ်လို့ပြောခဲ့ပါတယ်။ အဲဒီအတွက် မြတ်နိုးဘက်ကရော တောင်းပန်ဖို့ရှိ လား။

ဖြေ - မြတ်နိုးသရဖူကို ခိုးလာတာ မဟုတ်တဲ့အတွက် ကိုရီးယား Organization ကိုပြန်အပ်မှာပါ။ ဒါပေမဲ့ လည်း ကိုရီးယား Organization ဘက်ကမြန်မာနိုင်ငံမကောင်း ကြောင်းတွေ၊ အသရေဖျက်ပြီးတော့ ပြောခဲ့တာတွေ၊ လိမ်လည်မှုတွေနဲ့စွပ် စွဲခဲ့တာတွေ၊ မေမြတ်နိုးကသရဖူကို ခိုးပြီးတော့ ပြန်သွားပါတယ်ဆိုတာ တွေနဲ့ပတ်သက်ပြီးတော့ ပြောထား တာတွေက မြန်မာနိုင်ငံကိုစော်ကား နေတာပါ။ သူတို့အမှားကို မြတ်နိုး အမှားလို ပုံချခဲ့တာတွေအတွက် မြန်မာနိုင်ငံကို တောင်းပန်စာပေးရ မယ်။ အဲဒီလိုတောင်းပန်စာပေးမှ မြန်မာနိုင်ငံက သက်ဆိုင်ရာလူကြီး တွေရှေ့မှာ မြတ်နိုးသရဖူကိုပြန်ပေး မှာပါ။ မြန်မာနိုင်ငံကိုယ်စားပြုအနေ နဲ့ သွားယှဉ်ပြိုင်ခဲ့တဲ့မြတ်နိုးကိုရောနိုင်ငံကိုပါ ကမ္ဘာပေါ်မှာ အရှက်ရ အောင်လုပ်ခဲ့တဲ့ Organization ရဲ့ လုပ်ရပ်တွေကြောင့် မြတ်နိုးမြန်မာ နိုင်ငံကို ပြန်ခဲ့တာပါ။ မြတ်နိုးဘက် ကဘာအမှားလုပ်မိလို့ သူတို့ကို တောင်းပန် ရမှာလဲ။ မြန်မာနိုင်ငံက တောင်းပန်စရာ မလိုပါဘူး။ မြတ်နိုး ကတောင်းပန်လိုက်ရင် မြန်မာနိုင်ငံ ကအရှုံးပေးလိုက်သလို ဖြစ်သွားမှာ ပါ။ အဲဒီအတွက်သမီးဘက်က တောင်း ပန်စရာအကြောင်း လုံးဝမရှိပါဘူး။ မြန်မာနိုင်ငံက ကိုရီးယားနိုင်ငံကို လုံးဝတောင်းပန်စရာ မလိုသလို မြတ် နိုးဘက်ကလည်း တောင်းပန်မှာမ ဟုတ်ပါဘူး။

မေး - သရဖူက ကန်ဒေါ်လာတစ်သိန်း တန်တယ်ဆိုတာကရော ဟုတ်လား။

ဖြေ - မြတ်နိုး ဒီသရဖူက ဘယ် လောက်တန်တယ်ဆိုတာ မသိပါ ဘူး။ သိလို့လည်း ဒီပြိုင်ပွဲကိုဝင်ပြိုင် ခဲ့တာမဟုတ်ပါဘူး။ သရဖူရဲ့တန်ဖိုး ကြောင့် ကိုရီးယားကိုပြန်မအပ်ချင် တာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ မြတ်နိုးသိတာကတော့ ကိုရီးယား Organization ဘက်က ပြောထား တာကတော့ ဒီသရဖူက သူတို့အလ ကားရထားတာပါ။ စပွန်ဆာတစ် ယောက်က လက်ဆောင်အဖြစ်ပေး ထားပြီးတော့ ဒေါ်လာတစ်သိန်းလည်း မတန်ပါဘူးလို့ ပြောထားပါတယ်။

မေး - ပြည်တွင်း Organization တစ်ခုကနေပြီးတော့ မိန်းကလေး တစ်ယောက်ကိုလူကုန်ကူးသလို ဖြစ် နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး တော့ရော ဘာဆက်လုပ်သွားမလဲ။

ဖြေ - မြတ်နိုးရဲ့အဖြစ်အပျက်က အလှမယ်ရွေးခံရပြီးတော့ လူကုန်ကူး ခံရသလိုပါပဲ။ မြတ်နိုးဒါကိုလည်း သည်းမခံနိုင်ပါဘူး။ မြတ်နိုးကအ သက်မပြည့်သေးတဲ့အတွက် မြတ်နိုး ကိုကူညီပေးမယ်ဆိုရင် မြတ်နိုးဥပဒေ အရ လုပ်ချင်ပါတယ်။ အဲဒီလိုမျိုး ကိုရီးယားဘက်က မြတ်နိုးကိုလုပ် တာကလည်း ပြည်တွင်း Nation Director တွေမကောင်းလို့လို့ မြတ် နိုးယုံကြည်ပါတယ်။

မေး - အသက်လိမ်ထားတာနဲ့ပတ် သက်ပြီးတော့ရော ဘာပြောချင်လဲ။

ဖြေ - မြတ်နိုးရဲ့မွေးသက္ကရာဇ်က ၁၉.၁ဝ.၉၈ ပါ။ အဲဒါကို တီချယ်လှ နုတို့သိပါတယ်။ သူတို့ကမြတ်နိုးကို ကမ်းလှမ်းကတည်းက တီချယ်လှနု တို့ မွေးသက္ကရာဇ်ကို သိပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကိုဝင်ပြိုင်လို့ရပါ တယ်။ သမီးဝင်ပြိုင်ပါ။ ကျန်တာတီ ချယ်တို့ တာဝန်ယူပါတယ်လို့ ပြော ပါတယ်။ ဝင်ခွင့်ကိုလည်း တီချယ် လှနုတို့ဘက်ကပဲ စီစဉ်ခဲ့တာပါ။ ကိုရီး ယားကနေပြီးတော့ မြတ်နိုးကို ရွေး ချယ်လိုက်တဲ့အချိန်မှာ အသက် ၁၈ နှစ်ဆိုပြီးတော့ ဖောင်ဖြည့်ထားတာ ကိုသိရပါတယ်။ မြတ်နိုးကမေးတော့ တီချယ်လှနုက ဆရာမတို့အရှက် မကွဲအောင် သမီးကမီဒီယာတွေနဲ့ အားလုံးကို အသက်၁၈နှစ်လို့ပဲပြော ပေးဖို့ပြောပါတယ်။

မေး - နောက်ပိုင်းဘာဆက်လုပ် သွားမလဲ။

ဖြေ - မြတ်နိုး နောက်ပိုင်း ပညာ ရေးပိုင်းကိုပဲ ဦးစားပေးလုပ်သွား တော့မှာပါ။


‪Democracytoday‬

0 comments:

Post a Comment