Tuesday, September 2, 2014

လူမည်း မိခင်က မွေးတဲ့ လူဖြူ ကလေးငယ်



မိခင်တစ်ယောက်က အသားအရောင်ကွဲပြားတဲ့ ကလေးကိုမွေးဖွားဖို့ဆိုတာ လူ တစ်သန်း မှာ တစ်ယောက်သာဖြစ်နိုင်ခြေရှိတဲ့ ကိစ္စရပ်တစ်ခုပါ။ နီုင်ဂျီးရီးယားလူမျိုး အသက် ၃၂ နှစ် အရွယ် Catherine Howarth ဟာ သူမရဲ့သားလေးJonah ကို မွေးဖွားပြီး ပထမဆုံးတွေ့လိုက်တဲ့အခါ အံ့အားသင့်ခဲ့ရပါတယ်။အသားဖြူဖြူ ၊ မျက်လုံးအစိမ်းရောင် နဲ့ အညိုရောင်ဖျော့ဖျော့ ဆံသားတွေနဲ့ သူမရဲ့သား Jonah ဟာ ယခုအချိန်မှာ အသက် သုံးလအရွယ်ရှိနေပါပြီ။ နိုင်ဂျီးရီးယားသူ လူမည်းတစ်ဦးဖြစ်တဲ့ မိခင်ရဲ့ လက်ထဲက ဖွေးစွတ်နေတဲ့ အသားအရေရှိတဲ့ လူဖြူကလေးငယ်ရဲ့ မြင်ကွင်းဟာ ရှားပါးပါတယ်။

Catherine Howarth ရဲ့ မိဘ၂ဦးလုံးက နိုင်ဂျီးရီးယားလူမျိုး လူမည်းတွေဖြစ်ကြပြီး သူမရဲ့ခင်ပွန်း အသက်၃၄ နှစ်အရွယ် Richard ကတော့ လူဖြူတစ်ယောက်ဖြစ်ပြီး အလုပ်အကိုင်ကတော့ ဆေးဘက်ဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

၂၀၁၀ခုနှစ်တုန်းကလည်း Benjaman နဲ့ Angela Ihegboro တို့ လူမည်းမိဘ၂ဦးကနေ လူဖြူသမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး အဲဒီလို အသားရောင် ကွဲပြားတဲ့ ကလေးကို မွေးဖွားတာဟာ အရမ်းကို ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တွေဖြစ်ပါတယ်။



Ref:dailymail.co.uk

Trend Myanmar

0 comments:

Post a Comment