ရန်ကုန်မြို့ကနေ မော်တော်ကား ဝယ်ပြီး နေရပ် ပြန်လာတဲ့ မိသားစု တစ်စု စီးလာတဲ့ လိုက်ထရပ်ကားနှစ်စီးကို အမြန်လမ်းမှာ တခြားလိုက်ထရပ်ကား တစ်စီးက ဝင်တိုက်လို့ လူခြောက်ဦး သေဆုံးသွားပြီတော့ ခြောက်ဦး ဒဏ်ရာ ရတယ်လို့ အခင်းဖြစ်ပွားရာနေရာ အနီးကျေးရွာတွေက ဒေသခံတွေက ပြောဆိုကြပါတယ်။
မိုင်တိုင်အမှတ် ၁၄၂ အနီး ရပ်နားထားစဉ် ဒီနေ့ မနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်က ဝင်တိုက်ခဲ့တာလို့ သူတို့က ဆိုပါတယ်။နောက်က ဝင်တိုက်တဲ့ လိုက်ထရပ်ကား အပါအဝင် ကားသုံးစီးကမှာ လိုက်ပါလာတဲ့ လူခြောက်ဦး သေဆုံးပြီး ဒဏ်ရာရရှိခဲ့တဲ့ ခြောက်ဦးမှာလည်း တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ အဲဒီဆေးရုံရဲ့ လက်ထောက် ဆေးရုံအုပ် ဒေါက်တာ သီတာစိုးက ပြောပါတယ်။
အမြန်လမ်းဘေးမှာ လိုက်ထရပ်ကား နှစ်စီးကို ရပ်တန့်ပြီး အိပ်စက် အနားယူနေချိန် တခြား လိုက်ထရပ်ကား တစ်စီးက ဝင်တိုက်ခဲ့တာပါ။ အဲဒီယာဉ်တိုက်မှုကြောင့် ဝင်တိုက်တဲ့ လိုက်ထရပ်ယာဉ်မောင်း အပါအဝင် အမျိုး သား၊ အမျိုးသမီး ငါဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးက ဆေးရုံမှာ သေဆုံးတာလို့ တောင်ငူ ပြည်သူ့ ဆေးရုံကြီးမှ ဆေး၊ လူမှုဆက်ဆံရေးမှူး ဦးအောင်မျိုးမင်းဇော်က ပြောပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ မန္တလေးမြို့မှာ နေထိုင်သူ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ ရန်ကုန်မြို့မှာ နေထိုင်သူ အမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်ပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ ရန်ကုန်မြို့မှာ နေထိုင်သူ အမျိုးသားနှစ်ဦး၊ မော်ကျွန်းမြို့နေ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ မန္တလေးမြို့က အမျိုးသားနှစ်ဦး ပါဝင်တယ်လို့ ဒေါက်တာသီတာစိုးက ဆိုပါတယ်။
“ဒေါ်ချိုချိုဆိုသူက ဆေးရုံကြီးကို ရောက်လာပြီး မကြားဘူး ဆုံးသွားတယ်။ အတွင်းလူနာအဖြစ် ကျန်တဲ့ ၆ ဦးက ကျိုးပဲ့ဒဏ်ရာ ရရှိမှုမျိုး ရှိပေမဲ့ စိုးရိမ်စရာ မရှိတော့ပါဘူး” လို့ ဦးအောင်မျိုးမင်းဇော်က ရှင်းပြပါတယ်။
လိုက်ထရပ်ကား နှစ်စီးဟာ ဒီနေ့ မနက် ၄ နာရီခန့်မှာ လမ်းပေါ်ဘီးတစ်ဝက်တင်ပြီး ရပ်နားထားချိန်မှာ ရန်ကုန်ကနေ မောင်းနှင်လာတဲ့ လိုက်ထရပ်ကားတစ်စီးဟာ ကားရှေ့ဘီးပေါက်ပြီးတော့ အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ထိန်းသိမ်းရေးအဖွဲ့ အင်ဂျင်နီယာမှူးရုံးရဲ့ ရုံးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၄ မှာလည်း နိုဝင်ဘာလ ၁၀ ရက်နေ့က တောင်ကြီးမြို့ကနေ ဘုရားဖူးပြီး ပြန်လာတဲ့ စိန်အိုးစည် ဘုရားဖူးယာဉ် တိမ်းမှောက်ခဲ့လို့ လူ ၁၂ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
The Voice Weekly
0 comments:
Post a Comment