Tuesday, November 11, 2014

ဆက်ကြေးသုံးသိန်း ကောက်ခံမှု ငါးသောင်းစီ ပေးလိုက်ရ


မြန်ပြည်မြောက်ပိုင်း၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု တာမခန်ကျေးရွာတွင် ဦးအောင်ဝင်း၊ ဦးယောကြီးတို့အပါဝင် ဒေသခံများကို ဆက်ကြေးသုံးသိန်းစီ ကောက်ခံထားရာမှ ဆက်ကြေးငွေကျပ် (၅)သောင်းစီ ပေးလိုက်ရတယ်လို့ သိရှိရသည်။KIO တာမခန်တိုက်နယ်မှူး ဦးဆန်းလှအောင်နှင့် ဒေါ်ခွန်မိုင်တို့ ဦးဆောင်ပြီးတော့ ဟောင်ပါးတိုက်နယ်နှင့် တာမခန်အနောက်ဘက်ကမ်း ရှဖီးတိုက်နယ်တို့တွင် ဆက်ကြေးကောက်ခံနေတာပါ၊ တာမခန်က ဦးအောင်ဝင်း၊ ဦးယောကြီးတို့အပါဝင် (၁၀)ဦးကတော့ (၅)သောင်းစီ ပေးလိုက်ရပါတယ်လို့ တာမခန်ဒေသခံတစ်ဦးက ပြောဆိုပါသည်။
တာမခန်က ဦးအောင်ဝင်း၊ ဦးယောကြီးနှင့် ဒေသခံ(၁၂)ဦးတို့ ပိုင်ဆိုင်သော သဲကျောက်ကား တစ်စီးလျှင် ဆက်ကြေးငွေ သုံးသိန်းကျပ်စီကို (၂၀.၁၁.၂၀၁၄)ရက်နေ့ နောက်ဆုံးထား၍ နန့်နားလှိုင် KIA ရှေ့တန်းရုံးတွင် လာရောက်ပေးဆောင်ရန် ကောက်ခံထားပြီး (S.E.A)သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဆက်ကြေးကောက်ခံမှုအား ဖြေရှင်းပေးရန် မြစ်ကြီးနားမြို့အခြေစိုက် KIO နည်းပညာအထောက်အကူပြုအဖွဲ့ကို မိတ္တူပေးဖို့ထားတာလည်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက

0 comments:

Post a Comment