အမေရိကန်သမ္မတ ဘားရက်အိုဘားမား ယခု သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ ဒုတိယအခေါက် ရောက်လာပေဦးတော့မည်။မြန်မာနိုင်ငံတွင်တော့ သူ ၂၀၁၂ က ထက်ထက်သန်သန် အမွှမ်းတင် ထောက်ခံခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည်ရပ်တန့်နေပြီ (သို့မဟုတ်) နောက်ပြန်လှည့်သွား ပြီဟူ၍ပင် လေ့လာဝေဖန်သူတို့၏ စိုးရိမ်နေချိန်တွင် အိုဘားမား နောက်တစ်ခေါက်
ရောက်လာခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမားကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်းမြင်ရန် စောသေးသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာချိန်တွင် အိုဘားမား၏ မြန်မာပြည်ခရီး ဒုတိယအကြိမ် စတင်တော့မည်ဖြစ်သည်။မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အရှိန်ကျလာစဉ် အမေရိကန်နိုင်ငံရေးအတက်အကျ ရေစီးတွင် မြန်မာနိုင်ငံ မသိမသာ လိုက်ပါနေရလေရာ နေပြည်တော်တွင်လည်း မကျေနပ်စရာများ တိုးလာနေသည်။
“သိသိသာသာ အပြောင်းအလဲတွေ လုပ်ပြပေမယ့်လည်း မြန်မာနိုင်ငံဟာ မဆုံးနိုင်တဲ့ ဖိအားပေးမှုတွေနဲ့ပဲ ရင်ဆိုင်နေရတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင်က နယူးယော့ခ်တွင် ပြော သည်။
“နှင်းဆီပင်မှာ ဆူးတွေရှိရပါမလားလို့ အပြစ်ပြောရင်လည်း ရတာပဲ၊ ဒါမှမဟုတ် သြော်ဒီဆူးပင်မှာ နှင်းဆီပန်းလေးတွေ ပွင့်နေပါလားလို့ ကျေနပ်ဝမ်းသာရင်လည်း ဖြစ်တာပါပဲ” ဟု ဦးကျော်တင်က အမေရိကား၏ ၁၆ ယောက် မြောက်သမ္မတ အီဗရာဟင်လင်ကွန်း၏ စကားကိုငှား၍ ပြောသည်။ ဦးကျော်တင်၏ စကား သည် ငါတို့ပြုပြင်ပြောင်းလဲရေးတွေ ထင်ထင်ရှားရှားလုပ်ပေမယ့် အသိအမှတ်ပြုမခံရဟု ယူဆနေသည့် မြန်မာအစိုးရ အဖွဲ့ဝင်များ၏ ခံစားချက်ကို သံယောင်လိုက်ခြင်းဖြစ်သည်။
၂၀၁၂ ခု၊ နိုဝင်ဘာလအတွင်း သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ ပထမဆုံး အလည်ရောက်လာသည့် တာဝန်ထမ်းဆောင်ဆဲ အာဏာလက်ရှိ အမေရိကန်သမ္မတအဖြစ် တရားဝင် အလည်ရောက်လာစဉ် ကျောင်းသူ ကျောင်းသားလေးများက အမေရိကန် အလံနှင့် မြန်မာအလံကိုကိုင်ကာ လမ်းတစ်လျှောက် အော်ဟစ်ကြိုဆိုခဲ့ကြသည်။ သမ္မတအိုဘားမားက ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားရာ “ကျွန်တော် ရွေးကောက်ပွဲမှာက တိပေးခဲ့တဲ့အတိုင်း အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ အစိုးရတွေနဲ့ ထိတွေ့ဆက် ဆံပြီး မိတ်ဆွေလက်ကမ်းပါမယ်လို့ ပေးခဲ့တဲ့ကတိကို အကောင်အထည်ဖော်ဖို့ ရောက်လာတာပါ” ဟု ပြောခဲ့သည်။
တိုင်းတာလုပ်ဆောင်စရာတွေ များစွာကျန်ရှိသေးသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေး လက်အောက်တွင်
နေခဲ့ရပြီးနောက် ပြုပြင်ပြောင်းလဲရေးကို လက်ခံလုပ်ဆောင်လိုသော မြန်မာအစိုးရ၏ စိတ်ဆန္ဒကို အိုဘားမားက ချီးမွမ်းခဲ့သည်။
“ကျွန်တော်တို့ နှစ်နိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ ခပ်စိမ်းစိမ်းနေခဲ့ကြတယ်” ဟု အမေရိကန်-မြန်မာ ဆက်ဆံရေးကို ပြောပြခဲ့သည်။
နောက် နှစ်နှစ်အကြာတွင်တော့ အမေရိကန်သည် မြန်မာနိုင်ငံကို အထောက်ခံဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်ကို အိမ်ဖြူတော်တွင် လက်ခံကြိုဆိုခဲ့သည်။ အမေရိကန် အစိုးရ သံတမန်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် မြန်မာနိုင်ငံကို တိုးလျှိုပေါက် ရောက်လာခဲ့သည်။ အမေရိကန် ကုမ္ပဏီကြီးများကလည်း မြန်မာနိုင်ငံတွင် နောက်လေးနှစ် ကာလအတွင်း ဒေါ်လာ သန်း ၁,၀၀၀ ခန့် ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့ကြသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေးကို အနီးကပ်လေ့လာ ကြည့်နေခဲ့ရာ အိုဘားမား
မြန်မာနိုင်ငံကို လာရောက်ခဲ့ရခြင်း၏ အဓိကအကြောင်းတရားကိုပင် မေ့ကုန်ကြသည်။
အိုဘားမားက မြန်မာနိုင်ငံအတွက် စပါယ်ရှယ်လာခဲ့ခြင်းမဟုတ်ပါ။ အခြားမြန်မာ့ခေါင်းဆောင်များနှင့် အတူဒေသတွင်း ထိပ်သီး ညီလာခံတက်ရန် လာခဲ့ခြင်းသာဖြစ်သည်။ ၂၀၁၂ ခုနှစ်မှ စ၍ မြန်မာ့အပြောင်း အလဲလမ်းခရီးတွင် တွေ့ကြုံရသော စိန်ခေါ်မှုများကို အာရုံစိုက်ကြည့်နေခဲ့ကြသည်။ အမေရိကန်က ထဲထဲ ၀င်ဝင် ထိတွေ့ဆက်ဆံလာတော့ နောက်ထပ်အပြောင်းအလဲတွေ ထပ်လုပ်ပေးဖို့ အမေရိကန်တွင်ဖိအား ပေးစရာ သိပ်မကျန်တော့ဟုလေ့လာ သူအချို့က ဆိုသည်။ မြန်မာ့အပြောင်း အလဲသည် အလွန်သိမ်မွေ့ ခက်ခဲသော အဆင့်ကို ရောက်နေပြီလေ။
“မြန်မာနိုင်ငံက ကနဦး “စ” ဖွင့်ပေး လိုက်တော့ မြန်မာပြုပြင်ပြောင်းလဲရေးကို အတော် အကောင်းမြင် မျှော်လင့်ခဲ့ကြတယ်။ အစိုးရက
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာကို လွယ်ကူတဲ့ အလုပ်တွေပဲ လုပ်ပြနေတာပဲ” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ
လေ့လာရေးစင်တာမှ အထက်တန်းသုတေသီ Murray Hiebert က ပြောသည်။ ထိုအဖွဲ့သည် အရှိန်အဝါကြီးသော ဝါရှင်တန် အခြေစိုက် သုတေသီအဖွဲ့ဖြစ်ပြီး မကြာသေးမီက မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အကြောင်း အစီရင်ခံစာတစ်စောင်ကို ပူးတွဲရေးသားခဲ့ကြသည်။
အောက်တိုဘာ ၃၀ ရက်က သမ္မတ အိုဘားမားသည် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ဖုန်းဆက်ပြီး အရေးတကြီးပြဿနာများကို ဆွေးနွေးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လွတ်လပ်ပြီး တရားမျှတ သော ရွေးကောက်ပွဲဖြစ်လာရန် ၂၀၀၈ ဖွဲ့စည်းပုံကို အပြောင်းအလဲလုပ်ပေးရန် လိုအပ်ကြောင်း အဓိက ပါဝင်သည်။
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် ကန့်သတ်နေထိုင်ကြရသော၊ မွတ်စလင်များ၊ နိုင်ငံတွင်းမှ ထွက် ပြေးနေကြရသော မွတ်ဆလင်များနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ အရေးယူဆောင်ရွက် နေမှုများအ ကြောင်းလည်းပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ တစ်နှစ် ကျော်ကြာသည့်တိုင် အပြီးသတ်လက်မှတ်မထိုးနိုင်သည့် ကိစ္စကိုလည်း အိုဘားမားက ဆွေးနွေးသည်။
ဤ မဖြေရှင်းနိုင်သေးသော ပြဿနာများကြောင့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားပြီဟု စိုးရိမ်မှုများလည်း ကြီးထွားလာသည်။ မြန်မာနိုင်ငံ
အပေါ် ထားရှိသည့် အမေရိကန်နိုင်ငံခြားရေး ပေါ်လစီတွင် အဓိက ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသော ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်က ရန်ကုန်၌ ပြုလုပ်ခဲ့သော သတင်းစာကွန်ဖရင့်တွင် ပြောကြား၍ မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို အကောင်းမြင်ရန် အချိန်မတန်သေးပါဟု ပြောကြားခဲ့သည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် ထံမှ ထိုသို့သော အသိပေးချက်မျိုး ထွက်လာသော်လည်း ဝါရှင်တန်မှ လေ့လာဆန်းစစ်သူများကမူ အိုဘားမား အစိုးရသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးတွင် နှောင့်နှေးမှုများရှိနေကြောင်း သိသိနှင့်ပင် အစိုးရကို ချဉ်းကပ်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။
“အိမ်ဖြူတော်ကရော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကပါ သူတို့အနေ နဲ့ မြန်မာနိုင်ငံဒီမိုကရေစီဟာ မြေပြင်ကနေပြီး ဘွားခနဲပေါ်ထွက်လာမယ်လို့ မျှော်လင့်မထားဘူးဆိုတဲ့စကားကို တစ်လျှောက် လုံးပြော လာခဲ့ကြတာပါ”ဟု အာရှိဆိုဆိုက် ယက်တီမှ ထိပ်တန်းပညာရှင်တစ်ဦးလည်း ဖြစ်၊ မြန်မာနိုင်ငံတွင် ၁၉၉၉ မှ ၂၀၀၂ ခုနှစ်အထိ ကောင်စစ်ဝန် ဖြစ်ခဲ့သူ ပရုခ်ဆီလာကလက်က ပြောသည်။
အိုဘားမားအစိုးရ၏ မဟာဗျူဟာကို ရှုတ်ချပြောဆိုသူမရှိဟူ၍လည်း မဆိုသာပေ။လူ့အခွင့်အရေး အသိုင်း အ၀န်းထဲမှ ပုဂ္ဂိုလ် များနှင့် မြန်မာနိုင်ငံစောင့်ကြည့် လေ့လာရေးအဖွဲ့ဝင်များအားလုံးက မြန်မာနိုင်ငံတွင် ဖြေရှင်းစရာ ပြဿနာတွေရှိနေ ဆဲဖြစ်ပါ လျက် မြန်မာနိုင်ငံ၏တိုးတက်မှုကို မဆိုင်းမတွထုတ်ဖော်ချီးကျူးခြင်းမှာ သူ၏ နိုင်ငံခြားရေးမူဝါဒ၏ အောင်မြင်မှုအဖြစ် ပြလိုသောကြောင့်ဟု စွပ်စွဲကြသည်။
ကွန်ဂရက်လွှတ်တော်ကလည်း နှုတ်ဆိတ်နေသည်မဟုတ်ပါ။ လွှတ်တော်အမတ် နှစ်ဒါဇင်ကျော်တို့က နိုဝင်ဘာ ၇ ရက်တွင် စာရေးပို့ကြ သည်။ ထိုစာ၌ အမေရိကန်သည် မြန်မာနိုင်ငံက မွတ်စလင်ဆန့် ကျင် ရေးစိတ်ဓာတ်ကဲ့သို့သော ပြဿနာများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကဲ့သို့သော ပြဿနာများတွင် ခိုင်မာသော ရပ်တည်ချက်ကို မပြနိုင်သေးပါက “အရေးပါသော ရှေ့တိုးမှုများ ကို ထောက်ခံအားပေးခြင်း” မျိုးကို မပြုလုပ်သင့်ကြောင်း ဖော်ပြထားပေသည်။
ထိုနေ့မှာပင် ရီပတ်ဗလီကန် အထက်လွှတ်တော် အမတ်များဖြစ်သော မာ့တ်ကာ့ခ်တို့က ဒုတိယစာ တစ်စောင်ကို ပို့ခဲ့သေးသည်။
မစ္စတာ ရူဘီယိုနှင့် မစ္စတာကာ့ခ်တို့က ယခင်အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေး ယူမှုကို ချီးကျူးပြောဆို သော်လည်း “သူတို့ နိုင်ငံ၌ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေ မျိုးကိုကား လက်ခံဖွယ်မဟုတ်၊ ပုံမှန် ဆက်ဆံ ရေး ဆက်လက်ကျင့်သုံးသွားရေးသည် အဓိပ္ပာယ်ရှိ၍ ဤပြဿနာများနှင့် ပတ်သက်၍ နောက်ကြောင်းပြန် လှည့်၍ မသွားနိုင်လောက်သော တိုးတက်မှုများ အပေါ်တွင်တည်နေလိမ့်မည်” ဖြစ်ကြောင်း သတိပေး ထားသည်။
ကွန်ဂရက်လွှတ်တော်သည် အိမ်ဖြူ တော်နှင့်မတူဘဲ “ အမေရိကန်ရှိ ကျယ် ပြန့်သော နိုင်ငံရေးအကျိုး စီးပွားများကို ကိုယ်စားပြုပြီး အကြောင်းအရာ တစ်ရပ်ရပ်ကို သိပ်ကြာကြာ အာရုံစိုက်ခြင်းမျိုး မရှိပါဘူး။ ပြီးတော့ အထူးအကျိုးစီးပွား အုပ်စုများရဲ့ သြဇာအများကြီး အလွှမ်းခံရပါတယ်”ဟု ကလက်က ပြောသည်။ ၎င်းက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို ဆန့်ကျင်တော်လှန်မှု မျိုးကား မျှော်လင့်မထားသော အရာမျိုးဖြစ်ကြောင်းလည်း ပြောသည်။
ဤနိုင်ငံရေး လှုပ်ရှားမှုအင်အားများကြောင့် ဦးသိန်းစိန်အစိုးရအတွင်း၌ အချို့ က ယင်းတို့အစိုးရ၏ အောင်မြင်မှုများကို မျက်ကွယ်ပြုပြီး မိမိတို့အစိုးရသည် မမျှမတ ပြောဆို ဆက်ဆံခံနေရသည်ဟူသော ပြောစရာမျိုးတွေ ဖြစ်လာစေခဲ့သည်။
သြဂုတ်လအတွင်းက နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးကိုပင် ကွက်ကြည့်မည် ဆိုပါက ပြန်ကြားရေးဝန်ကြီး သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာနိုင်ငံတွင် ပြောင်းလဲစရာတွေက အများအပြား ရှိနေသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို အပြစ်ပြောသည်မှာ “မျှတမှု” မရှိကြောင်း ပြောခဲ့သည်။
အောင်မြင်မှုအများအပြားကို မမြင်ဘဲကျော်သွားသည်ဟု ဦးရဲထွဋ်က ပြောသည်။ “သူတို့ (မြန်မာအရာရှိ များ)က ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်များမှာ အမေရိကန်ရဲ့ ထောက်ခံမှုကို ပိုလိုလားခဲ့ကြတယ်။ အဲဒီ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တုန်းကတော့ သူတို့ ရဲ့ အောင်မြင်မှုတွေအတွက် သူတို့ကို ချီးကျူးခဲ့ကြပြီး အခုတော့ တစ်ခါ တစ်ရံ သူတို့ အလုပ်မရသေးဘဲ ကျန်နေသေးတာ တွေအတွက်ပဲ တောက်လျှောက်သတိပေး ပြောဆိုနေ ကြတာတွေပဲ တွေ့လာကြတယ်လို့ တစ်ခါတစ်ရံ တွေးမိစရာရှိပါတယ်”ဟု မစ္စတာ ဟိုင်းဘတ်က ပြော သည်။
အိုဘားမားအစိုးရထဲမှ ပုဂ်္ဂိုလ်များနှင့် အမေရိကန်၏ ချဉ်းကပ်နည်းကို ထောက်ခံသူများက အမေရိကန် အစိုးရသည် ဥရောပ သမဂ္ဂကဲ့သို့ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုကို အပြည့်အ၀ ရုပ်သိမ်းခြင်းမရှိသေးကြောင်း နှင့် မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီး မြှုပ်နှံမည့် အမေရိကန်စီးပွားရေးလုပ်ငန်း ရှင်များ၏ လိုအပ်ချက်များကို လည်း သတိပေး ထုတ်ပြန်ချက်များပြုခဲ့ကြောင်းထောက်ပြကြသည်။ ထိုလိုအပ်ချက်များ သည် တာဝန်ရှိရှိ တာဝန်သိသိဖြင့် စီးပွားရေး ထိတွေ့ဆက်ဆံမှုအတွက် အရေးကြီး သောအချက်များဖြစ်ကြောင်း ၎င်းတို့ က ပြောကြသည်။
အောက်တိုဘာ ၃၁ ရက်က အမေရိ ကန် အစိုးရသည် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီမှ ပြည်သူ့လွှတ် တော်အမတ်နှင့် ယခင်အစိုးရ လက်ထက်တုန်းက စက်မှုလက်မှုဝန်ကြီး တာဝန်ယူခဲ့သူ ဦးအောင်သောင်း အား ပြစ်ဒဏ်ခတ် အရေးယူခဲ့သည့် အကြောင်းမှာ ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းသည် “မြန်မာနိုင်ငံ၏ အပြု သဘောဆောင်သော နိုင်ငံရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းရေးတို့ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက် ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်” ဟူ၍ ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် ၎င်း၏ ရပ်တည်မှုအပေါ် သံသယ၀င်နေသူများအား သူ့အပေါ် စိတ်ချယုံ ကြည်လာအောင် လုပ်ပြလိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက ရှုမြင်ကြသည်
Monday, November 10, 2014
သမ္မတ အိုဘားမား ခရီးစဉ်နှင့် မြန်မာ့ ပြုပြင်ပြောင်းလဲရေး
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment