ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ကြာရာပတ္တီး(အေ)နယ်မြေအတွင်းသို့ နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီ ၅ မိနစ်အချိန်ခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့ ၀င်ရောက်လာပြီး လူငယ်(၇)ဦး အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။``ဒီလိုမြို့ပေါ်မှာ ညအချိန်မတော် ၀င်ဖမ်းတာ KIA အဖွဲ့ကလွဲလို့ အခြားမရှိပါဘူး။ အရပ်ဝတ်တွေ ၀တ်ထား ပေမယ့် သေနတ်တွေနဲ့လေ၊ ပြီးတော့ အဖမ်းခံရတာ အသက်မပြည့်သေးတဲ့ ကလေးတွေပါသွားတာ´´ ဟု မိဘ အုပ်ထိန်းသူတစ်ဦးက ပြောသည်။
KIA အဖွဲ့မှ ဖမ်းဆီးသွားသော လူငယ်(၇)ဦးမှာ ကြာရာပတ္တီး(အေ)နယ်မြေ၊ တပ်ကုန်းရပ်ကွက်တွင် နေထိုင် သော မနန်းရှင်(၂၄)နှစ်၊ မောင်ဝဒန်ဂျုံး(၁၆)နှစ်၊ မောင်နန်းဟီဆင်(၁၇)နှစ်၊ မောင်ဖော်ဆန့်ထူး(၂၀)နှစ်၊ မဒဒွန်ကင်း(၁၈)နှစ်၊ မခေါ်ဆာ(၁၇)နှစ်၊ မောင်ကိဘွမ်(၁၉)နှစ်တို့ ဖြစ်ကြောင်း သိရသည်။
``အဖမ်းခံရတဲ့ ၇ ယောက်မှာ ယောက်ျားလေး ၄ ယောက်နဲ့ မိန်းကလေး ၃ ယောက်ပါ၊ မြို့ပေါ်မှာနေတဲ့ လူငယ်တွေကိုတောင် ၀င်ဖမ်းတယ်ဆိုတော့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ သဘောဖြစ်နေတာပေါ့၊ ရပ်ကွက်/ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် KIA ကို ကြောက်နေရတာဆိုတော့ ဘာမှ မပြောရဲဘူးနဲ့တူပါတယ်´´ ဟု ယင်းရပ်ကွက်နေ ရ၀မ်လူမျိုးတစ်ဦးက ပြောသည်။
အဆိုပါအဖွဲ့မှ လူငယ်(၇)ဦးအား ကြာရာပတ္တီး(အေ)နယ်မြေအနောက်ဘက် နန်ကျင်ကျေးရွာလယ်ကွင်း အတိုင်း အင်ခိုင်ဘွမ်တောင်ကြောဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်၊ KIO နည်းပညာအထောက်အကူပြုအဖွဲ့(Technical Advisory Team-TAT)ရုံးသို့ ဆက်သွယ်ကာ ပြန်လည်စေလွှတ်ပေးရေး KIA အဖွဲ့ထံ တောင်းဆိုထားကြောင်း သိရှိရပါသည်။
ညီသစ်(မြစ်ကြီးနား)
Kachin Daily News
Monday, November 10, 2014
မြစ်ကြီးနားမြို့တွင် ညအချိန်မတော် လူငယ်(၇)ဦးအား KIA အဖွဲ့မှ ၀င်ရောက်ဖမ်းဆီး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment