Wednesday, November 12, 2014

(၆)ကြိမ်မြောက်အာဆီယံကုလသမဂ္ဂထိပ်သီးအစည်းအဝေးတွင် ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြောကြားခဲ့သည့် မိန့်ခွန်း


လေးစားအပ်သော ပြည်ထောင် စုမြန်မာနိုင်ငံ သမ္မတဦးသန်းစိန်နှင့် ဝန်ကြီးများခင်ဗျား။

(၆)ကြိမ်မြောက် အာဆီယံ- ကုလသမဂ္ဂအစည်းအဝေးကို ထပ်မံ တက်ရောက်ခွင့်ရ၍ အထူးဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံ၏ပထမဆုံး အာဆီယံဥက္ကဋ္ဌတာဝန်ယူ ရတဲ့အတွက် သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုချီးကျူးပါတယ်။
မြန်မာနိုင်ငံရဲ့ဒေသတွင်းနဲ့နိုင် ငံတကာရေးရာမှာ တက်ကြွစွာပါဝင် လုပ်ဆောင်လာတဲ့အတွက်လဲ ကြို ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့စွမ်းဆောင် မှုကိုလဲ ဂုဏ်ပြုပါတယ်။ ပြုပြင်ပြောင်း လဲမှုတွေကို စိတ်ဝင်တစားရှိတာတွေ၊ ပြည်သူတွေရဲ့ဘဝတိုးတက်အောင် လုပ်ဆောင်မှုတွေကိုလဲ ဂုဏ်ယူပါ တယ်။
၂ဝ၁၅ခုနှစ်အထွေထွေရွေး ကောက်ပွဲအတွက် ပြင်ဆင်နေတဲ့နိုင် ငံတစ်ခု အနေနဲ့အရေးကြီးတဲ့ စံသတ် မှတ်ချက်တွေနဲ့တွေ့ကြုံရမှာဖြစ် ပါတယ်။ မြန်မာပြည်သူတွေနဲ့အစိုး ရတို့က မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက် မှုနဲ့အမျိုးသား ပြန်လည်သင့်မြတ် ရေးကိစ္စတွေမှာ ကုလသမဂ္ဂရဲ့အကူ အညီတွေကို သိကြမှာဖြစ်ပါတယ်။

လေးစားအပ်တဲ့ လူကြီးမင်း များခင်ဗျား။
ကမ္ဘာကြီးဟာ စိန်ခေါ်ခံနေရတဲ့ အချိန်တွေကို ဖြတ်သန်းနေရပါတယ်။ ကျွန်တော်တို့ဟာ ပြဿနာပေါင်းစုံ နဲ့ရင်ဆိုင်နေကြရပါတယ်။ အနောက် အာဖရိက အီဘိုလာရောဂါတိုက်ဖျက် ရေး၊ ဖိလစ်ပိုင်က တိုင်ဖွန်းဟိုင်ယဉ် ပြန်လည်ထူထောင်ရေး ''သဘာဝတ ရားတွေထဲက ပြန်လည်ထမြောက်ဖို့ နဲ့လူသားစိတ်ဓာတ်ရှင်သန်ရေးကို လုပ်ဆောင်ရမှာဖြစ်ပြီး ကျွန်တော် တို့ရဲ့ ကျန်းမာရေးစနစ်ကြီးဟာလဲ စမ်းသပ်ခံနေရပါတယ်။

အခြားကိစ္စရပ်အများအပြား ဟာ လူသားတွေပြုလုပ်တဲ့ ပြဿနာ တွေဖြစ်ပါတယ်။ ဆီရီးယားနဲ့အီရတ် က ပဋိပက္ခတွေ၊ တောင်ဆူဒန်က ငတ် မွတ်ခေါင်းပါးမှု တွေဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့အစွန်းရောက်တွေနဲ့ အခြေခံဝါဒီတွေဟာ တိုးပွားလာနေ ပါတယ်။ ဒီဒေသမှာပါဝင်နေတာ တွေ့ရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီး ဟာ ဒီစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ဖြေရှင်း နေရပါတယ်။ ဒီလိုဖြေရှင်းရာမှာ အ ဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံလို ဒေသ ဆိုင်ရာအဖွဲ့တွေနဲ့အတူ ပူးပေါင်းလုပ် ဆောင်လျက်ရှိပါတယ်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်း ကိုအတည်ပြုပြီး နှစ်ပေါင်း ၇ဝ ကြာ တဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့လုံခြုံ ရေး၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးဆိုတဲ့ ကတိကဝတ်တွေကို ပြန် လည်ဆန်းသစ်ဖို့အတွက် ယခုအခါ လက်တွဲသွားကြရမယ့်အချိန်ကို ရောက်နေပါပြီ။ ၂ဝ၁၅ ခုနှစ်ဟာ နိုင်ငံတကာအတွက် အရေးကြီးတဲ့ နှစ်ဖြစ်ပါတယ်။ ထောင်စုနှစ်ရည်မှန်း ချက်ဖြစ်တဲ့ဖွံ့ဖြိုးမှုကို ထိန်းထားနိုင် ဖို့နဲ့ ဘဏ္ဍာရေးထောက်ပံ့နိုင်ဖို့ အချိန် အခါသည်လဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရာသီဥတုပြောင်း လဲမှုအတွက် ခိုင်မာတဲ့သဘောတူ ညီချက်တစ်ခုရှာဖွေနေပါတယ်။ ကမ္ဘာကြီးမှာ နှစ်ဒီဂရီစင်တီဂရိတ် တိုးပွားလာခြင်းဟာ နိုင်ငံများစွာကို ခြိမ်းခြောက်နေပါတယ်။ အထူးသ ဖြင့် ဒီဒေသက ပင်လယ်ကမ်းစပ် နိုင်ငံတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ ရာသီဥတုပြောင်းလဲမှုအတွက် ဆွေးနွေးပွဲကို လီမာ၊ ပီရူးနိုင်ငံတွေ အပြင်နောက်လမှာ ပဲရစ်မြို့မှာ ကျင်း ပပါလိမ့်မယ်။
ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် ကျွန်တော်ယခုကြေညာချင်တာက
ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းနဲ့ နိုင်ငံရေးမစ်ရှင်ကို တီမောလိစ် ခေါင်းဆောင်ဟောင်း ဂျိုစ်ရာမို့စ် ဟော်တာက ခေါင်းဆောင်ပါလိမ့် မယ်။ ကျွန်တော်တို့ဟာ လူ့အခွင့်အ ရေးကိုရှေ့တန်းတင်လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး စိုးရိမ်ဖွယ်ရာချိုးဖောက်မှုပြဿနာ ပြန်လည်တုံ့ပြန်ရာမှာ တိုးတက်မှု ရရှိဖို့ဖြစ်ပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ခိုင်မာမှုနဲ့ဥပဒေကို စောင့် ကြပ်ကာကွယ်မှုတွေဟာ အဖွဲ့ရဲ့လူ့ အခွင့်အရေးလုပ်ဆောင်မှုတွေအ ဖြစ် လူ့အခွင့်အရေးဆိုင်ရာ အာဆီ ယံအစိုးရကော်မရှင်တွေအကြား ပူး ပေါင်းလုပ်ဆောင်မှုတွေကို တွေ့မြင် နေရပါတယ်။
လူနည်းစုနဲ့ထိခိုက်နစ်နာတဲ့ သူ တွေကို ခွဲခြားဆက်ဆံခြင်းနဲ့ အမျိုး သမီးတွေကို အကြမ်းဖက်မှုတွေဟာ ဒီဒေသတွင်းမှာ စိုးရိမ်ဖွယ်ရာမြင့် တက်နေပါတယ်။ ကုလသမဂ္ဂက လူ့အခွင့်အရေးကာကွယ်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့အသင့်ဖြစ်ပါတယ်။ တရားမျှတမှုကိုအားပေးဖို့နဲ့ တာဝန် ယူမှုရှိဖို့လိုပါတယ်။ လူမှုအဖွဲ့အစည်း တွေ ဒီလုပ်ငန်းတွေအတွက် အဓိက ကျပါတယ်။ ဒီအဖွဲ့တွေနဲ့ အုပ်စုတွေ ဟာ အမျိုးသားကြိုးပမ်းမှုမှာ ပါဝင် ဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်ပါ တယ်။
လူကြီးမင်းများခင်ဗျား
ဒီရည်ရွယ်ချက်ကြီးမားတဲ့ အစီ အစဉ်အတွက် အဖွဲ့အစည်းနဲ့အဖွဲ့ ဝင်နိုင်ငံများပံ့ပိုးမှုကို အမှန်ပဲလိုအပ် ပါတယ်။ ငြိမ်းချမ်းရေး၊ လူ့အခွင့်အ ရေးနဲ့ အာဆီယံဒေသတွင်းနဲ့ တစ် ကမ္ဘာလုံးဖွံ့ဖြိုးရေးအတွက် ဆက် လက်ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်။
သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။

Democracytoday

0 comments:

Post a Comment