Wednesday, November 12, 2014

ဘာမှမပြောင်းလဲသေးပါဘူး ခေါင်းစဉ်ဖြင့် တစ်ကိုယ်တော်ဆန္ဒပြ



အစိုးရသစ်လက်ထက်တွင် ပြည်သူများအတွက် အရာရာတိုးတက်ပြောင်းလဲ လာခြင်းမရှိဟုဆိုကာ ဘာမှမပြောင်းလဲသေးပါဘူး ခေါင်းစဉ်ပါ ဆိုင်းဘုတ်ကိုလွယ်ပြီး မန္တလေး FNIFL က ဦးကိုကြီး တစ်ဦးထဲတစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။အစိုးရသစ်လက်ထက်မှာ ပြည်သူများရဲ့ စား | ဝတ် | နေရေး အပါအဝင် နိုင်ငံရဲ့ နိုင်ငံရေး စီးပွါးရေး ကျန်းမာရေး ဘာသာရေး ငြိမ်းချမ်းရေးလွတ်လပ်ခွင့် အစရှိသဖြင့် မည်သည်အရာများ ဖွံ့ဖြိုးတိုးတက်
ပြောင်းလဲသွားခဲ့လိုလည်း၊ မည်သို့ သောကိစ္စတွေမှာများ တိုးတက်ပြောင်းလဲသွားသလည်း တိုးတက်ပြောင်းလဲသွားတဲ့အရာများ တစ်ခုလောက်ရှိရင် ပြောကြည့်ပါ” ဟု ဦးကိုကြီးက ဆိုသည်။
ပုဒ်မ ၄၃၆ ပြုပြင်ရေး၊ ၅၉(စ) ပြုပြင်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံရေး၊ တရားဆွဲဆိုထောင်ကျခံ တောင်သူလယ်သမား အလုပ်သမားများ အမြန်လွှတ်ပေးရေး ကိုအလေးပေးလုပ်ဆောင်ရန် ၎င်းကတောင်းဆိုထားသည်။
နံနက် ၈ နာရီအချိန်မှ စတင်ကာ ၎င်း၏နေအိမ်မှ စတင်ဆန္ဒထုတ်ဖော်ခဲ့ပြီး ရတနာပုံတက္ကသိုလ်လမ်းနှင့် ရန်ကုန်မန္တလေး လမ်းထောင့်မှ ၇၈-လမ်းမကြီး ပြတိုက်မှတ်တိုင် ထိုမှတဆင့် အနောက်ဘက်သို့ ချိုးကာ မဟာမြတ်မုနိဘုရားကြီးအရှေ့ မုဒ် မှ အနောက်မုဒ်မှ ၈၄ ဗိုလ်ချုပ်လမ်း မကြီးအ တိုင်း မြောက်ဘက်သို့  မဟာအောင်မြေမြို့ နယ်| ချမ်းအေးသာစံမြို့ နယ်ဖြတ်ကာ အောင်မြေသာစံမြို့ နယ် ၂၂-လမ်းအ ထိ အရှေ့ ဘက် တစ်ပြတက်ကာ ၈၃လမ်း မြောက်ဘက်အတိုင် ၁၉ လမ်းအထိ ထိုမှ
အနောက်ဘက်ချိုးကာ ၈၆ လမ်းပေါ် ၁၈ လမ်းနှင့် ၁၉ လမ်းကြားညောင်ပင်ဈေး အထိတစ်ကိုယ်တော် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။
၎င်း၏ တစ်ကိုတော် ဆန္ဒထုတ်ဖော်သည့် အချိန်သည် မြန်မာနိုင်ငံအတွင်း အမေရိကန်သမ္မတအိုဘားမား ရောက်ရှိနေချိန်၊ အာဆီယံထိပ်သီးအစည်းအဝေးများ ကျင်းပနေချိန်နှင့် တိုက်ဆိုင်နေကြောင်းတွေ့ရသည်။

The Union Daily

0 comments:

Post a Comment