Monday, January 5, 2015

‘‘အိပ်မက်’’ကို အသွင်ဆန်းဆန်း ပုံဖော်မယ့် ချမ်းချမ်း



ထွက်ရှိထားသော တစ် ကိုယ်တော်တေးစီးရီးတိုင်းကို ပရိ သတ်များကြိုက်နှစ်သက်အားပေး မှုခံရသည့်တေးသံရှင်ချမ်းချမ်းက ၎င်း၏တတိယမြောက်စီးရီးဖြစ်သည့် ‘‘အိပ်မက်’’စီးရီးအမ်တီဗီကို ယခင်အခွေများကဲ့သို့ မတူညီ သည့်ရိုက်ကူးမှုဆန်းဆန်းများဖြင့် ဖန်တီးမည်ဖြစ်ကြောင်းသတင်း ရရှိသည်။ကိုယ်ပိုင်သံစဉ်သီချင်းများ ပါဝင်သည့် ယင်း‘အိပ်မက်’တေး စီးရီးစီဒီကို ၂၀၁၄ မေလက ထွက်ရှိထားပြီး အမ်တီဗီအခွေထွက်ရှိနိုင်မည့်အချိန်ကို ကြိုတင်မပြောနိုင်သေးကြောင်းသိရသည်။

လက်ရှိတွင် အိပ်မက်တေး သီချင်းကို သရုပ်ဆောင်ဆန်းထွဋ် နှင့် ဇာတ်လမ်းဖော်ရိုက်ကူးထား ပြီး ခပ်ဆိုးဆိုးပုံစံနှင့် ရည်းစားပစ် သွားခြင်းခံရသော ကောင်မလေးတစ်ဦးအဖြစ် သရုပ်ဆောင်ထားကြောင်း တေးသံရှင်ချမ်းချမ်းက ပြောသည်။

‘‘ဒီအိပ်မက်အခွေမှာ သီချင်း တစ်ပုဒ်နဲ့ တစ်ပုဒ်ကို ဆက်စပ်ပြီး တော့ဇာတ်လမ်းတစ်ပုဒ်ပုံစံဖြစ် အောင် ရိုက်သွားမှာ။ တခြားသီ ချင်းတွေကိုလည်း ဆန်းဆန်းလေး ရိုက်သွားမယ်။ ဘယ်လိုလဲဆိုတာ တော့ အပြီးသတ်မလုပ်နိုင်သေး တော့ နောက်မှပဲပြောပြပါမယ်’’ ဟု ၎င်းကဆိုသည်။

တေးသံရှင်ချမ်းချမ်းသည် City FM (၁၃)နှစ်ပြည့်တွင်လည်း သီချင်းတစ်ခါမှမဆိုဖူးသော ခင် ပွန်းနှင့်အတူ စုံတွဲသီချင်းတစ်ပုဒ် သီဆိုထားကြောင်းနှင့် ၎င်းတို့၏ သမီးလေးမြမိုးဂင်္ဂါ၏ ဇန်န၀ါရီ ၂၃ ရက်တွင် ကျရောက်မည့်တစ် နှစ်ပြည့်မွေးနေ့တွင် ငပလီကမ်း ခြေသို့ ပထမဆုံးအကြိမ်မိသားစု လိုက်ခရီးထွက်မည်ဖြစ်ကြောင်း ပြောသည်။

စတုတ္ထမြောက်တစ်ကိုယ် တော်စီးရီးထွက်ရှိနိုင်ရန် သီချင်းများရွေးချယ်စုဆောင်းနေပြီဖြစ်ကြောင်းနှင့် အင်္ဂလိပ်သီချင်းများကိုလည်း ကိုယ်တိုင်ရေးသားသီ ဆိုရန်အစီအစဉ်ရှိပြီး ဇာတ်ကားများတွင်လည်း အတတ်နိုင်ဆုံးသရုပ်ဆောင်သွားမည်ဖြစ် ကြောင်း တေးသံရှင်ချမ်းချမ်းက ဆိုသည်။


7Day Daily

0 comments:

Post a Comment