Monday, January 5, 2015

(၂၁) နှစ်ပြည့် Bobby Soxer ရဲ့ ‘‘21’’

ဓာတ်ပုံ−နစ်ကီ
ပထမဆုံးတစ်ကိုယ် တော်ခွေကို ‘‘21’’ဟု အမည်ပေး ထားပြီး ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ဖြန့်ချိမည်ဟု Bobby Soxer(ထက်ထက်)ကပြောသည်။

‘‘အသက် (၂၁) နှစ်မှာ ပထမ ဆုံးတစ်ကိုယ်တော်ခွေထွက်မှာမို့ လို့ 21 လို့ပေးထားတယ်။ အရင် နဲ့တော့ တူမှာမဟုတ်ဘူး။ အခု ခေတ်ပုံစံတွေရော အဓိကက အတီးသမားနဲ့ သေချာတိုင်ပင်ပြီး လုပ်ထားတယ်’’ဟု ၎င်းကပြော သည်။ကိုယ်တိုင်ရေးထားသည့် သီချင်းအများစုပါဝင်မည်ဖြစ်ပြီး လွှမ်းပိုင်၊ ဘန်နီဖြိုး၊ သိန်းလင်းစိုး တို့ရေးပေးထားသည့် သီချင်းများ ပါဝင်သကဲ့သို့ Featuring ဆို ပေးသူများက ၎င်းတို့ဆိုမည့် စာ သားများကို ကိုယ်တိုင်ရေးထား ကြောင်း ၎င်းကဆိုသည်။

‘‘Featuring အနေနဲ့က မအိုင်ရင်းဇင်မာမြင့်ရယ်၊ ကို ကျော်ထွဋ်ဆွေရယ်၊ ကိုလွှမ်းပိုင် ရယ်၊ မမိစန္ဒီရယ် သူတို့ကတော့ သူတို့ဆိုတာကို သူတို့ဟာ သူတို့ ရေးတယ်’’ဟု Bobby Soxer(ထက်ထက်)က ပြောသည်။

သီချင်းစုစုပေါင်း ၁၄ ပုဒ် ခန့်ပါဝင်မည်ဖြစ်ပြီး အချစ်သီ ချင်းအများဆုံးပါဝင်မည်ဟု ၎င်း ကဆိုသည်။

‘‘21 ကတော့ တိုင်တယ် သက်သက်ပဲ။ ဒီထဲမှာ ကိုယ့်ဟာ ကိုယ်ရေးထားတဲ့ စနေမသီချင်း ကတော့ ပရိသတ်တွေ ဖျော်ဖြေ ပွဲတွေမှာ သောင်းကျန်းလို့ အဆင်ပြေမယ်ထင်တယ်’’ဟု ၎င်းက ပြောသည်။

စနေမသီချင်းသည် ကိုယ် တိုင်စနေသမီးဖြစ်ပြီး ကာတွန်း ဇာတ်ဆောင် စနေမကို စဉ်းစားမိ ကာ ၎င်းပုံစံနှင့်လည်း တူသည်ဟု ထင်သောကြောင့် ပရိသတ်များ လွတ်လွတ်လပ်လပ်တွေး၍ရမည့် အကြောင်းအရာ တစ်ခုကို ရေး သားထားကြောင်း ၎င်းကဆို သည်။

‘‘ကိုလွှမ်းပိုင်ရေးပေးထားတဲ့ သီချင်းတစ်ပုဒ်က အန်တီမေဆွိ တို့ခေတ်က သီချင်းပုံစံတစ်ပုဒ်ပါ တယ်။ သီချင်းအကြောင်းအရာ က တစ်ယောက်တည်းနေရတာ အထီးကျန်တယ်ဆိုတဲ့အ ကြောင်းရေးထားတာလေးပါ’’ဟု ရှေး ခေတ်သီချင်းပုံစံဖန်တီးထားသည့် သီချင်းတစ်ပုဒ်အကြောင်း ပြော ပြသည်။

ပထမဆုံးတစ်ကိုယ်တော် ခွေဖြစ်သောကြောင့် စိတ်လှုပ်ရှား နေပြီး ပရိုမိုးရှင်းလုပ်မည့်နေ့ကို တွေး၍ လန့်နေကြောင်း ၎င်းကဆို သည်။

‘‘ရင်ခုန်နေတယ်။ ဘယ်လို ရင်ခုန်နေလဲ ဆိုတာကိုတော့ မပြောတတ်ဘူး’’ဟု Bobby Soxer(ထက်ထက်) ကပြောသည်။

7Day Daily

0 comments:

Post a Comment