နိုဝင်ဘာလ နောက်ဆုံးပတ်ထဲတွင် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့မှာ တိရိစ္ဆာန် ဆရာဝန် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီးထားတဲ့ သံသယရှိသူ လေးဦးကို အိန္ဒိယရဲ တွေက ပစ်သတ်လိုက်ကြောင်း သိရသည်။
အဆိုပါသံသယရှိ မုဒိမ်းသမားလေးဦးဟာ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရ သူတွေဖြစ်ပြီး သောကြာနေ့(ဒီဇင်ဘာ ၆) မနက်အစောပိုင်းက အမှုဖြစ်စဉ်ကို ပြန်လည်ပြသ စေဖို့အတွက် ၎င်းတို့လေးဦးကို အခင်းဖြစ်နေရာဆီ ပြန်လည်ခေါ်ဆောင်စဉ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်တွေကို လုယက် ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့ကာ သံသယရှိသူ လေးဦးစလုံး သေဆုံးခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဟိုက်ဒရာဘတ်အနီး ရှမ်ရှာဘက်မြို့မှ လက်ထောက်ရဲမင်းကြီး အန် ပရာကက်ရှ် ရတ်ဒီက ပြောကြားခဲ့သည်။
မုဒိမ်းကျင့်ကာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ခံခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် တိရိစ္ဆာန် ဆရာဝန် အမျိုးသမီးရဲ့ မီးကျွမ်းနေတဲ့အလောင်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တွေ့ရှိခဲ့ကြ တာဖြစ်ပြီး ယင်း မုဒိမ်းကျင့် လူသတ်မှုဖြစ်စဉ်ကြောင့် လူထု ဒေါသပေါက်ကွဲခဲ့ကာ ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုအားနည်းခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့သည်။
<<Zawgyi>>
မုဒိမ်းကျင့်သတ်ဖြတ်မှုကြောင့် အချုပ်ကျနေသူများမှ သေနတ်လု ထွက်ပြေးရန် ကြိုးစားသဖြင့် ရဲတပ်ဖွဲ့မှ အားလုံးကို ပစ်သတ်
Friday, December 6 , 2019
နိုဝင်ဘာလ နောက်ဆုံးပတ်ထဲတွင် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့မှာ တိရိစ္ဆာန် ဆရာဝန် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီးထားတဲ့ သံသယရှိသူ လေးဦးကို အိန္ဒိယရဲ တွေက ပစ်သတ်လိုက်ကြောင်း သိရသည်။
အဆိုပါသံသယရှိ မုဒိမ်းသမားလေးဦးဟာ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရ သူတွေဖြစ်ပြီး သောကြာနေ့(ဒီဇင်ဘာ ၆) မနက်အစောပိုင်းက အမှုဖြစ်စဉ်ကို ပြန်လည်ပြသ စေဖို့အတွက် ၎င်းတို့လေးဦးကို အခင်းဖြစ်နေရာဆီ ပြန်လည်ခေါ်ဆောင်စဉ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်တွေကို လုယက် ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့ကာ သံသယရှိသူ လေးဦးစလုံး သေဆုံးခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဟိုက်ဒရာဘတ်အနီး ရှမ်ရှာဘက်မြို့မှ လက်ထောက်ရဲမင်းကြီး အန် ပရာကက်ရှ် ရတ်ဒီက ပြောကြားခဲ့သည်။
မုဒိမ်းကျင့်ကာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ခံခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် တိရိစ္ဆာန် ဆရာဝန် အမျိုးသမီးရဲ့ မီးကျွမ်းနေတဲ့အလောင်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တွေ့ရှိခဲ့ကြ တာဖြစ်ပြီး ယင်း မုဒိမ်းကျင့် လူသတ်မှုဖြစ်စဉ်ကြောင့် လူထု ဒေါသပေါက်ကွဲခဲ့ကာ ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုအားနည်းခြင်းအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့သည်။

0 comments:
Post a Comment