Sunday, December 8, 2019

၂၀၁၉ ဆီးဂိမ်းတွင် မြန်မာနိုင်ငံအတွက် တတိယမြောက် ရွှေဆု မြန်မာရိုးရာလှေအသင်းရယူပေး

Image may contain: 6 people, people standing, child and outdoor

အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအားကစားအဖွဲ့ အတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို မြန်မာအမျိုးသမီးရိုးရာလှေအသင်းက ရယူပေးနိုင်ခဲ့သည်။

ဆီးဂိမ်းလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဆူဘစ်မြို့၌ ကျင်းပ ရာ မြန်မာလှေလှော်အဖွဲ့က ရိုးရာလှေပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခု၊ ကနူးပြိုင်ပွဲတွင် ငွေတစ်ခု၊ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့သည်။
ရိုးရာလှေပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားသုံးမျိုးထည့်သွင်းကျင်းပခဲ့ပြီး မြန်မာလှေ အဖွဲ့သည် မီတာ ၂၀၀ အမျိုးသမီး လေးတက် လှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ မီတာ ၂၀၀ အမျိုး သား ၁၂ တက်လှော်ပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့ကာမီတာ ၂၀၀ အမျိုးသား+အမျိုးသမီး ၂၂ တက်လှော် ပြိုင်ပွဲတွင်မူ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်း သည် ယင်းပြိုင်ပွဲတွင် ၅၄ ဒသမ ၉၄၇ စက္ကန့် ဖြင့် ရွှေတံဆိပ်ရယူနိုင်ခဲ့ပြီး ဒုတိယရခဲ့သည့် အင်ဒိုနီးရှားအသင်းကို နှစ်စက္ကန့် ဝန်းကျင် အသာရခဲ့သည်။
ငွေတံဆိပ်ဆုကို အင်ဒိုနီးရှားအသင်း၊ ကြေးတံဆိပ်ဆုကို ထိုင်းအသင်းတို့က ရရှိခဲ့ သည်။ မီတာ ၂၀၀ အမျိုးသား ၁၂ တက်လှော် ပြိုင်ပွဲတွင် မြန်မာအသင်းသည် ကြေးတံဆိပ် ဖြင့်သာ ကျေနပ် ခဲ့ရပြီး အင်ဒိုနီးရှားအသင်းက ရွှေတံဆိပ်၊ ထိုင်းအသင်းက ငွေတံဆိပ် ရရှိခဲ့သည်။ မီတာ ၂၀၀ အမျိုးသား ကနူးလှေ တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမား မျိုးလှိုင်ဝင်းက ငွေတံဆိပ် ရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဖိလစ်ပိုင်က ရွှေတံဆိပ်နှင့် ဗီယက်နမ်က ကြေးတံဆိပ်ရရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာလှေ မီတာ ၁၀၀ အမျိုး သမီးနှစ်ယောက် လှော်ပြိုင်ပွဲတွင် မြန်မာမှ ရွှေဇင်လတ်နှင့် နီလာဝင်းအတွဲက ကြေးတံဆိပ်ရရှိခဲ့သည်။ လှေလှော်ပြိုင်ပွဲ နောက်ဆုံးနေ့တွင် ရိုးရာလှေအမျိုးအစား သုံးမျိုး၊ အပြည်ပြည်ဆိုင်ရာ လှေအမျိုးအစား သုံးမျိုး ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

ရိုးရာလှေပြိုင်ပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည် ဖြစ်ပြီး မြန်မာလှေလှော်အဖွဲ့သည် ပြိုင်ပွဲ သုံးမျိုးစလုံး ယှဉ်ပြိုင်မည်ဖြစ်သည်။ ဒုတိယနေ့တွင် မီတာ ၁၀၀၀ အမျိုးသား+အမျိုးသမီး ၂၂ တက်လှော်ပြိုင်ပွဲ၊ မီတာ ၅၀၀ အမျိုးသားလေးတက်လှော် ပြိုင်ပွဲနှင့် မီတာ ၅၀၀ အမျိုး သား+အမျိုးသမီး ၂၂ တက် လှော်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် လက်ရှိ ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ရိုးရာလှေ ပြိုင်ပွဲ၌ ရွှေတစ်ခု၊ ကြေးတစ်ခု၊ ကနူးပြိုင်ပွဲ၌ ငွေနှစ်ခု၊ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ၌ ကြေးတစ်ခု ရရှိထားသည်။
ညီမြတ်သော်တာ
<zawgyi>
၂၀၁၉ ဆီးဂိမ်းတွင် မြန်မာနိုင်ငံအတွက် တတိယမြောက် ရွှေဆု မြန်မာရိုးရာလှေအသင်းရယူပေး
Sunday, December 8 , 2019

0 comments:

Post a Comment