Tuesday, December 3, 2019

ကမ္ဘာ့ရှားပါး ရေနဂါးအုပ်စုဝင် ငါးမျိုးစိတ် အင်းတော်ကြီးကန်တွင် တွေ့ရှိ


မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်မှာပါ တွေ့ရှိရန် နည်းပြီး ရှားပါးသည့် ရေနဂါးအုပ်စုဝင် ငါးမျိုးစိတ် အသစ်တစ်ခုကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်၌ တွေ့ရှိပြီး မှတ်တမ်း ထိန်းသိမ်းထားကြောင်း အင်းတော်ကြီး ပညာပေးပြခန်းမှ သိရသည်။

ရေနဂါးအုပ်စုဝင် ငါးအများစုသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ ရေငံရှိရာ အရပ်များတွင်သာ နေထိုင်ကျက်စားလေ့ ရှိပြီး အချို့သော ငါးမျိုးစိတ် များမှာ ရေချိုရေငံအစပ်တွင် နေတတ်ကြပြီး ရေငံရှိသည့် အပိုင်းတွင်သာ သွားလာနေထိုင်ကြသော်လည်း မိကျောင်းသွားကြားထိုးတံငါးဟူ၍ ဒေသအခေါ်ရှိသည့် ရေနဂါးငါးမျိုးစိတ်ကို ရေချိုဖြစ်သော အင်းတော်ကြီးကန်အတွင်း၌ တွေ့ရှိရသဖြင့် ရေချိုတွင် နေထိုင်သည့် ရှားပါးရေနဂါးငါးမျိုးစိတ်အဖြစ် အတည်ပြုမှတ်တမ်းတင် ထိန်းသိမ်းထားရှိကြောင်း အင်းတော်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြခန်းတာဝန်ခံ ဦးဇေယျာအောင်က ပြောပြသည်။
“ဒီအကောင်လေးတွေက ဇီဝဗေဒ အခေါ် Indostomidae Paradoxus မျိုးရင်း ရေနဂါးမျိုးစိတ်များ ဖြစ်ပါတယ်၊ ဒီလိုသေးငယ်ပြီး သွားကြားထိုးတံ သာသာ ရှိတဲ့ ရေနဂါး အကောင်လေးတွေဟာ အင်မတန်လှုပ်ရှားမှု နှေးကွေးကြပါတယ်၊ ဒီကောင်လေးက ရေတိမ်ပိုင်း အပင်တွေကြားမှာနေကြတယ်၊ အင်းတော်ကြီးအရှေ့ဘက်ခြမ်း ဟဲပါးရွာနဲ့ ဇော်ဂျီကွေ့တစ်ဝိုက်မှာ အများဆုံး တွေ့ရှိရပါတယ်” ဟု ဦးဇေယျာအောင်က ဆိုသည်။
ယင်းသို့ ရှားပါးသည့် ရေချိုရေနဂါးမျိုးစိတ်များသည် မြန်မာနိုင်ငံ၏ အင်းတော်ကြီးကန်အတွင်း၌သာ တွေ့ရှိရသည်ဖြစ်၍ ဆက်လက် သုတေသနပြုနိုင်ရန် ဂုဏ်ယူစွာဖြင့် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ထို့အပြင် အလျား ၁၄ မိုင်၊ အနံ ၇ မိုင် ကျယ်ဝန်းသည့် အင်းတော်ကြီးအိုင်တွင် ယခုထိန်းသိမ်း ထားရှိသည့် ငါးမျိုးစိတ်သာမက သုတေသနပြုလုပ်နိုင်မည့် အခြားသော အခြေအနေများ ရှိနေသေးကြောင်းကိုလည်း သိရသည်။
အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံရှိ အကြီးဆုံး ရေချိုအိုင်ကြီး ဖြစ်ကာကန်နှင့် ပတ်ဝန်းကျင် ကြိုးဝိုင်း(၅) ခုကို အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ်၂၀၀၄ ခုနှစ်တွင် သတ်မှတ် ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ် အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသ အဖြစ်နှင့် ၂၀၁၇ ခုနှစ်တွင် လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။
Image may contain: one or more people, plant and drink
Image may contain: sky, house, ocean, outdoor and nature
Image may contain: sky, tree, outdoor, text and nature
<<Zawgyi>>
ကမ္ဘာ့ရှားပါး ရေနဂါးအုပ်စုဝင် ငါးမျိုးစိတ် အင်းတော်ကြီးကန်တွင် တွေ့ရှိ
Wednesday, December 4 , 2019

မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်မှာပါ တွေ့ရှိရန် နည်းပြီး ရှားပါးသည့် ရေနဂါးအုပ်စုဝင် ငါးမျိုးစိတ် အသစ်တစ်ခုကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်၌ တွေ့ရှိပြီး မှတ်တမ်း ထိန်းသိမ်းထားကြောင်း အင်းတော်ကြီး ပညာပေးပြခန်းမှ သိရသည်။
ရေနဂါးအုပ်စုဝင် ငါးအများစုသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ ရေငံရှိရာ အရပ်များတွင်သာ နေထိုင်ကျက်စားလေ့ ရှိပြီး အချို့သော ငါးမျိုးစိတ် များမှာ ရေချိုရေငံအစပ်တွင် နေတတ်ကြပြီး ရေငံရှိသည့် အပိုင်းတွင်သာ သွားလာနေထိုင်ကြသော်လည်း မိကျောင်းသွားကြားထိုးတံငါးဟူ၍ ဒေသအခေါ်ရှိသည့် ရေနဂါးငါးမျိုးစိတ်ကို ရေချိုဖြစ်သော အင်းတော်ကြီးကန်အတွင်း၌ တွေ့ရှိရသဖြင့် ရေချိုတွင် နေထိုင်သည့် ရှားပါးရေနဂါးငါးမျိုးစိတ်အဖြစ် အတည်ပြုမှတ်တမ်းတင် ထိန်းသိမ်းထားရှိကြောင်း အင်းတော်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြခန်းတာဝန်ခံ ဦးဇေယျာအောင်က ပြောပြသည်။
“ဒီအကောင်လေးတွေက ဇီဝဗေဒ အခေါ် Indostomidae Paradoxus မျိုးရင်း ရေနဂါးမျိုးစိတ်များ ဖြစ်ပါတယ်၊ ဒီလိုသေးငယ်ပြီး သွားကြားထိုးတံ သာသာ ရှိတဲ့ ရေနဂါး အကောင်လေးတွေဟာ အင်မတန်လှုပ်ရှားမှု နှေးကွေးကြပါတယ်၊ ဒီကောင်လေးက ရေတိမ်ပိုင်း အပင်တွေကြားမှာနေကြတယ်၊ အင်းတော်ကြီးအရှေ့ဘက်ခြမ်း ဟဲပါးရွာနဲ့ ဇော်ဂျီကွေ့တစ်ဝိုက်မှာ အများဆုံး တွေ့ရှိရပါတယ်” ဟု ဦးဇေယျာအောင်က ဆိုသည်။
ယင်းသို့ ရှားပါးသည့် ရေချိုရေနဂါးမျိုးစိတ်များသည် မြန်မာနိုင်ငံ၏ အင်းတော်ကြီးကန်အတွင်း၌သာ တွေ့ရှိရသည်ဖြစ်၍ ဆက်လက် သုတေသနပြုနိုင်ရန် ဂုဏ်ယူစွာဖြင့် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ထို့အပြင် အလျား ၁၄ မိုင်၊ အနံ ၇ မိုင် ကျယ်ဝန်းသည့် အင်းတော်ကြီးအိုင်တွင် ယခုထိန်းသိမ်း ထားရှိသည့် ငါးမျိုးစိတ်သာမက သုတေသနပြုလုပ်နိုင်မည့် အခြားသော အခြေအနေများ ရှိနေသေးကြောင်းကိုလည်း သိရသည်။
အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံရှိ အကြီးဆုံး ရေချိုအိုင်ကြီး ဖြစ်ကာကန်နှင့် ပတ်ဝန်းကျင် ကြိုးဝိုင်း(၅) ခုကို အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ်၂၀၀၄ ခုနှစ်တွင် သတ်မှတ် ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ် အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသ အဖြစ်နှင့် ၂၀၁၇ ခုနှစ်တွင် လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။

0 comments:

Post a Comment