Tuesday, December 3, 2019

၂၀၁၉ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ ရန်ကုန်တက္ကသိုလ်သည်အဆင့် ၇၂၂၁ တွင်ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

Image may contain: one or more people and outdoor

ဒီဇင်ဘာ ၂ ရက်က ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ ၂၀၁၉ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ ရန်ကုန်တက္ကသိုလ်သည် အဆင့် ၇၂၂၁ တွင်ရှိနေကြောင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ၌ ၂၀၁၆ ခုနှစ်တွင် ၁၃၀၇၂၊ ၂၀၁၇ ခုနှစ်တွင် ၉၆၁၉ ၊ ၂၀၁၈ ခုနှစ်တွင် ၈၇၂၆ ဖြစ်ပြီး ယခုနှစ် ၂၀၁၉ ခုနှစ် တွင် ၇၂၂၁ တွင် ရှိသည်ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
၂၀၁၅ အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်အား ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် ဖြစ်လာရန် လိုအပ်သည့် အချက်များ ဖြည့်ဆည်းနေပြီး မကြာမီအချိန်တွင် ရန်ကုန်တက္ကသိုလ် သည် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် ဖြစ်လာမည်ဖြစ်သည်။
နိုင်ငံတကာ တက္ကသိုလ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် ထိရောက်ရန်နှင့် နိုင်ငံ့အကျိုးပြု အသုံးချသုတေသန လုပ်ငန်းများအတွက် ရန်ကုန်တက္ကသိုလ်၌ သင်ကြားနေသော သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်မှုများ၊ အသစ်ပြန်လည်ရေးဆွဲမှုများ၊ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်သည့်အစောပိုင်းများတွင် ယူနီ ဗာစတီကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ဟူ၍ ပေါ်ထွက်ခဲ့သည်။ ၁၉၄၀ နှင့် ၅၀ ပြည့်နှစ်များတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့သည်။
Image may contain: tree, sky, house and outdoor
<<Zawgyi>>
၂၀၁၉ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ ရန်ကုန်တက္ကသိုလ်သည်အဆင့် ၇၂၂၁ တွင်ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Wednesday, December 4 , 2019

ဒီဇင်ဘာ ၂ ရက်က ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ ၂၀၁၉ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ ရန်ကုန်တက္ကသိုလ်သည် အဆင့် ၇၂၂၁ တွင်ရှိနေကြောင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ၌ ၂၀၁၆ ခုနှစ်တွင် ၁၃၀၇၂၊ ၂၀၁၇ ခုနှစ်တွင် ၉၆၁၉ ၊ ၂၀၁၈ ခုနှစ်တွင် ၈၇၂၆ ဖြစ်ပြီး ယခုနှစ် ၂၀၁၉ ခုနှစ် တွင် ၇၂၂၁ တွင် ရှိသည်ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
၂၀၁၅ အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်အား ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် ဖြစ်လာရန် လိုအပ်သည့် အချက်များ ဖြည့်ဆည်းနေပြီး မကြာမီအချိန်တွင် ရန်ကုန်တက္ကသိုလ် သည် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် ဖြစ်လာမည်ဖြစ်သည်။
နိုင်ငံတကာ တက္ကသိုလ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် ထိရောက်ရန်နှင့် နိုင်ငံ့အကျိုးပြု အသုံးချသုတေသန လုပ်ငန်းများအတွက် ရန်ကုန်တက္ကသိုလ်၌ သင်ကြားနေသော သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်မှုများ၊ အသစ်ပြန်လည်ရေးဆွဲမှုများ၊ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်သည့်အစောပိုင်းများတွင် ယူနီ ဗာစတီကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ဟူ၍ ပေါ်ထွက်ခဲ့သည်။ ၁၉၄၀ နှင့် ၅၀ ပြည့်နှစ်များတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့သည်။

0 comments:

Post a Comment