Tuesday, December 3, 2019

၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ ပြုလုပ်ကျင်းပ

Image may contain: one or more people and text

အာဂျင်တီးနားနှင့် ကိုလံဘီယာတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲအတွက် မဲခွဲပွဲ ပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ ဘရာဇီးလ်အသင်းသည် အိမ်ရှင် ကိုလံဘီယာအသင်း ပါဝင်သည့် အုပ်စု(B)တွင် ကျရောက်ခဲ့သည်။

မဲခွဲပွဲရလဒ်အရ အုပ်စု(A)တွင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘိုလစ်ဗီးယား၊ ဥရုဂွေး၊ ချီလီနှင့် ပါရာဂွေးတို့ ကျရောက်ခဲ့ပြီး အုပ်စု(B)တွင် ကိုလံဘီယာ၊ ဘရာဇီးလ်၊ ကာတာ၊ ဗင်နီဇွဲလား၊ အီကွေဒေါနှင့် ပီရူးတို့ ကျရောက်ခဲ့သည်။
၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲတွင် တောင်အမေရိကမှ (၁၀)သင်းနှင့် ဧည့်သည်အဖြစ် ဖိတ်ခေါ်ထားသော (၂)သင်း စုစုပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်၍ (၆)သင်းစီပါဝင်သော အုပ်စု(၂)ခု ခွဲခြားခဲ့ခြင်းဖြစ်ကာ အုပ်စုတစ်ခုမှ အသင်း(၄)သင်းစီ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲသည် ၁၉၈၃ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း အိမ်ရှင်တစ်နိုင်ငံထက်ပို၍ လက်ခံကျင်းပသည့် ပထမဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၀၊ ဇွန်(၁၂)မှ ဇူလိုင်(၁၂)အထိ ကျင်းပသွားမည်ဖြစ်သည်။
ယခုပြိုင်ပွဲကို အာဂျင်တီးနားနှင့် ကိုလံဘီယာတို့က သက်ဆိုင်ရာအုပ်စုအလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို ကိုလံဘီယာတွင် ကျင်းပသွားမည်ဖြစ်သည်။
No photo description available.
Image may contain: one or more people and text
Image may contain: 3 people, people standing and suit

<<Zawgyi>>
၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ ပြုလုပ်ကျင်းပ
Wednesday, December 4 , 2019

အာဂျင်တီးနားနှင့် ကိုလံဘီယာတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲအတွက် မဲခွဲပွဲ ပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ ဘရာဇီးလ်အသင်းသည် အိမ်ရှင် ကိုလံဘီယာအသင်း ပါဝင်သည့် အုပ်စု(B)တွင် ကျရောက်ခဲ့သည်။
မဲခွဲပွဲရလဒ်အရ အုပ်စု(A)တွင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘိုလစ်ဗီးယား၊ ဥရုဂွေး၊ ချီလီနှင့် ပါရာဂွေးတို့ ကျရောက်ခဲ့ပြီး အုပ်စု(B)တွင် ကိုလံဘီယာ၊ ဘရာဇီးလ်၊ ကာတာ၊ ဗင်နီဇွဲလား၊ အီကွေဒေါနှင့် ပီရူးတို့ ကျရောက်ခဲ့သည်။
၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲတွင် တောင်အမေရိကမှ (၁၀)သင်းနှင့် ဧည့်သည်အဖြစ် ဖိတ်ခေါ်ထားသော (၂)သင်း စုစုပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်၍ (၆)သင်းစီပါဝင်သော အုပ်စု(၂)ခု ခွဲခြားခဲ့ခြင်းဖြစ်ကာ အုပ်စုတစ်ခုမှ အသင်း(၄)သင်းစီ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲသည် ၁၉၈၃ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း အိမ်ရှင်တစ်နိုင်ငံထက်ပို၍ လက်ခံကျင်းပသည့် ပထမဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၀၊ ဇွန်(၁၂)မှ ဇူလိုင်(၁၂)အထိ ကျင်းပသွားမည်ဖြစ်သည်။
ယခုပြိုင်ပွဲကို အာဂျင်တီးနားနှင့် ကိုလံဘီယာတို့က သက်ဆိုင်ရာအုပ်စုအလိုက် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို ကိုလံဘီယာတွင် ကျင်းပသွားမည်ဖြစ်သည်။

0 comments:

Post a Comment