ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့မရဲစခန်းက သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့်ခံထားရသူ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်နှင့် ၆ ဦးကို ၆ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး၊ ဦးစိုးထွန်းရှိန်က သူ၏ အကျိုးဆောင် ရှေ့နေ အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမှုတွင် အကျိုးဆောင်အဖြစ် စတင်လိုက်ပါခဲ့သည့် တရားလွှတ်တော်ရှေ့နေကြီး ဦးလှိုင်ထွဏ်းသည် ဦးစိုးထွန်းရှိန်၏ သဘောဆန္ဒအရဟုဆိုကာ ရှေ့နေပါဝါရုတ်သိမ်းခဲ့ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မျိုးသွင်က ရှေ့နေ့အဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသည့် ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုး၊ စောမောင်တို့သည် ဒီဇင်ဘာ ၉ ရက်နေ့က ရမည်းသင်းမြို့မရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ကြပြီး ယနေ့ရုံးချိန်တွင် တရားလိုဖြစ်သူ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း မှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးအေးဇော်အား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။
<<Zawgyi>>
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ၆ကြိမ်မြောက် ရုံးထုတ်ကာ တရားခံရှေ့နေအပြောင်း အလဲပြုလုပ်
Monday, December 16, 2019
ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့မရဲစခန်းက သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့်ခံထားရသူ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်နှင့် ၆ ဦးကို ၆ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး၊ ဦးစိုးထွန်းရှိန်က သူ၏ အကျိုးဆောင် ရှေ့နေ အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမှုတွင် အကျိုးဆောင်အဖြစ် စတင်လိုက်ပါခဲ့သည့် တရားလွှတ်တော်ရှေ့နေကြီး ဦးလှိုင်ထွဏ်းသည် ဦးစိုးထွန်းရှိန်၏ သဘောဆန္ဒအရဟုဆိုကာ ရှေ့နေပါဝါရုတ်သိမ်းခဲ့ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မျိုးသွင်က ရှေ့နေ့အဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသည့် ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုး၊ စောမောင်တို့သည် ဒီဇင်ဘာ ၉ ရက်နေ့က ရမည်းသင်းမြို့မရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ကြပြီး ယနေ့ရုံးချိန်တွင် တရားလိုဖြစ်သူ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း မှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးအေးဇော်အား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။

0 comments:
Post a Comment