Friday, December 6, 2019

မြဝတီမြို့ရှိ စားသောက်ဆိုင်၌ တစ်သောင်းကျပ်တန် ငွေစက္ကူ အတု ၁၇၉ ရွက် ဖမ်းမိ

Image may contain: one or more people

<zawgyi>
မြဝတီမြို့ရှိ စားသောက်ဆိုင်၌ တစ်သောင်းကျပ်တန် ငွေစက္ကူ အတု ၁၇၉ ရွက် ဖမ်းမိ
Friday, December 6 , 2019

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ၁၄း၁၅ အချိန် မြဝတီမြို့၊ (၅) ရပ် ကွက်၊ Complex စားသောက်ဆိုင်၌ ငွေစက္ကူအတုများ လဲလှယ်နေကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ ထိုင်းနိုင်ငံသား ကိုနွေ (၄၅)နှစ်၊ (ဘ) ဦးသိန်း၊ တာ့ခ်မအံကျေးရွာ၊ ထိုင်းနိုင်ငံနေသူ၊ (ယခင် သင်္ဃန်းညီနောင်ကျေးရွာ၊ မြဝတီမြို့နယ်နေသူ)၊ ရာဇာ (၃၂) နှစ်၊ (ဘ) ဦးခင်မောင်လွင်၊ (၅)ရပ်ကွက်၊ မြဝတီမြို့နယ်နေသူနှင့် မိုဟာမက်အလီ (ခ) ကျာ်တင်မြင့်(၄၈)နှစ်၊ (ဘ)ဦးမောင်နီ၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်နေသူတို့ ၃ ဦးအား တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၁၇၉ ရွက် တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၂၀း၃၀ အချိန်တွင် ကိုနွေပါ ၃ ဦး(ဖမ်းမိ) အား မြဝတီမြို့မရဲစခန်း၊ (ပ) ၁၃၁၉/၂၀၁၉၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment