၁။ အိန္ဒိယရေတပ်တွင် ဖွင့်လှစ်သည့် လက်နက်နှင့်လက်နက်စနစ်ဆိုင်ရာသင်တန်း (Long Gunnery Course) အား နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ရေတပ်အရာရှိငယ် စုစုပေါင်း ၁၇ ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်လှစ်ခဲ့သည့်နေရာမှာ အိန္ဒိယနိုင်ငံ၊ ကိုချီမြို့ရှိ ရေတပ်သင်တန်းကျောင်းတစ်ခုဖြစ်သည့် INS Droncharya သင်တန်းကျောင်းတွင် ဖြစ်သည်။
သင်တန်းသို့
(က) ဘင်္ဂလားဒေ့ရှ်
(ခ ) အင်ဒိုနီးရှား
(ဂ ) ကင်ညာ
(ဃ) မလေးရှား
(င ) မြန်မာ
(စ ) နိုင်ဂျီးရီးယား
(ဆ) ဂါနာ
(ဇ ) သီရိလင်္ကာ
(ဈ ) တန်ဇန်းနီးယား နှင့်
(ည) မော်ရေးရှပ်စ် နိုင်ငံတို့မှ ရေတပ်အရာရှိငယ်များ တက်ရောက်ခဲ့ကြသည်။
၂။ သင်တန်းဆင်းအခမ်းအနားသို့ INS Dronacharya ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် ဆူနေးလ် ကူးမား ရွိုင်းလ် တက်ရောက်ခဲ့သည်။ ယခုကဲ့သို့ နိုင်ငံစုံရေတပ် များမှ အရာရှိငယ်များအားဖိတ်ခေါ်၍ လက်နက်နှင့် လက်နက်စနစ်ဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားရခြင်းမှာ ရေတပ်အရာရှိငယ်များအနေဖြင့် မိမိတို့တာဝန်ယူ ထိန်းသိမ်းကိုင်တွယ်ရသည့် ရေတပ်ဆိုင်ရာလက်နက်များအား ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိ စေရန်နှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာစေရန် အတွက်ဖြစ်သည်။
၃။ သင်တန်းတွင် ဂါနာနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ အရာရှိငယ် များ ဆုအသီးသီးရရှီခဲ့သည်။ အဆိုပါသင်တန်းနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ လေ့ကျင့် ရေးနှစ်အတွက် အိန္ဒိယအစိုးရနှင့် India Technical and Economic Cooperation (ITEC) တို့က လိုအပ်သည်များ ထောက်ပံ့ပေးခဲ့သည်။ သင်တန်းကာလမှာ ၇ လခွဲ ဖြစ်သည်။ သင်တန်းဆင်းအရာရှိငယ်များသည် သက်ဆိုင်ရာရေတပ်အသီးသီးသို့ ပြန်လည်ရောက်ရှိကြသည့်အခါ လက်နက်နှင့် လက်နက်စနစ်ပိုင်းဆိုင်ရာ တာဝန်ခံများ အဖြစ် တာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ Long Gunnery (Foreign) သင်တန်း ကို INS Dronacharya တွင် နှစ်စဉ် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

<<Zawgyi>>
အိန္ဒိယရေတပ်တွင် သင်တန်းတက်ရောက်နေသော နိုင်ငံပေါင်းစုံရေတပ်များမှ အရာရှိငယ် ၁၇ ဦး သင်တန်းပြီးမြောက်
Sunday, December 8 , 2019
၁။ အိန္ဒိယရေတပ်တွင် ဖွင့်လှစ်သည့် လက်နက်နှင့်လက်နက်စနစ်ဆိုင်ရာသင်တန်း (Long Gunnery Course) အား နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ရေတပ်အရာရှိငယ် စုစုပေါင်း ၁၇ ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်လှစ်ခဲ့သည့်နေရာမှာ အိန္ဒိယနိုင်ငံ၊ ကိုချီမြို့ရှိ ရေတပ်သင်တန်းကျောင်းတစ်ခုဖြစ်သည့် INS Droncharya သင်တန်းကျောင်းတွင် ဖြစ်သည်။ သင်တန်းသို့
(က) ဘင်္ဂလားဒေ့ရှ်
(ခ ) အင္ဒိုနီးရွား
(ဂ ) ကင္ညာ
(ဃ) မေလးရွား
(င ) ျမန္မာ
(စ ) နိုင်ဂျီးရီးယား
(ဆ) ဂါနာ
(ဇ ) သီရိလကၤာ
(ဈ ) တန်ဇန်းနီးယား နှင့်
(ည) မော်ရေးရှပ်စ် နိုင်ငံတို့မှ ရေတပ်အရာရှိငယ်များ တက်ရောက်ခဲ့ကြသည်။
၂။ သင်တန်းဆင်းအခမ်းအနားသို့ INS Dronacharya ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် ဆူနေးလ် ကူးမား ရွိုင်းလ် တက်ရောက်ခဲ့သည်။ ယခုကဲ့သို့ နိုင်ငံစုံရေတပ် များမှ အရာရှိငယ်များအားဖိတ်ခေါ်၍ လက်နက်နှင့် လက်နက်စနစ်ဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားရခြင်းမှာ ရေတပ်အရာရှိငယ်များအနေဖြင့် မိမိတို့တာဝန်ယူ ထိန်းသိမ်းကိုင်တွယ်ရသည့် ရေတပ်ဆိုင်ရာလက်နက်များအား ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိ စေရန်နှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာစေရန် အတွက်ဖြစ်သည်။
၃။ သင်တန်းတွင် ဂါနာနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ အရာရှိငယ် များ ဆုအသီးသီးရရှီခဲ့သည်။ အဆိုပါသင်တန်းနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ လေ့ကျင့် ရေးနှစ်အတွက် အိန္ဒိယအစိုးရနှင့် India Technical and Economic Cooperation (ITEC) တို့က လိုအပ်သည်များ ထောက်ပံ့ပေးခဲ့သည်။ သင်တန်းကာလမှာ ၇ လခွဲ ဖြစ်သည်။ သင်တန်းဆင်းအရာရှိငယ်များသည် သက်ဆိုင်ရာရေတပ်အသီးသီးသို့ ပြန်လည်ရောက်ရှိကြသည့်အခါ လက်နက်နှင့် လက်နက်စနစ်ပိုင်းဆိုင်ရာ တာဝန်ခံများ အဖြစ် တာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ Long Gunnery (Foreign) သင်တန်း ကို INS Dronacharya တွင် နှစ်စဉ် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

0 comments:
Post a Comment