Sunday, December 8, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ ) တွင် တရားရင်ဆိုင်ရန် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာ

Image may contain: 5 people, people smiling, people standing and suit

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။

ဒီဇင်ဘာ၁၀ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ တင်ပြချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ ) က ပထမကြားနာမှု၊ဒီဇင်ဘာ ၁၁ရက်နေ့တွင် မြန်မာ၏ လျှောက်လဲချက်အား ပထမကြားနာမှုများပြုလုပ်ပြီး၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၂ နိုင်ငံလုံးကို သီးခြားစီခွဲပြီး ဒုတိယကြားနာမှု ပြုလုပ်မည်ဟု သိရသည်။
Image may contain: 10 people, people smiling, people standing, suit and shoes
Image may contain: 9 people, people smiling, people standing and suit
<zawgyi>
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ ) တွင် တရားရင်ဆိုင်ရန် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာ
Sunday, December 8 , 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။
ဒီဇင်ဘာ၁၀ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ တင်ပြချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ ) က ပထမကြားနာမှု၊ဒီဇင်ဘာ ၁၁ရက်နေ့တွင် မြန်မာ၏ လျှောက်လဲချက်အား ပထမကြားနာမှုများပြုလုပ်ပြီး၊ ဒီဇင်ဘာ ၁၂ ရက်တွင် ၂ နိုင်ငံလုံးကို သီးခြားစီခွဲပြီး ဒုတိယကြားနာမှု ပြုလုပ်မည်ဟု သိရသည်။

0 comments:

Post a Comment