Tuesday, December 31, 2013

“မဟာ” ကြောင့် နောင်တမရခဲ့ဘူးဆိုတဲ့ ဇော်ဝင်းထွဋ်နဲ့ အင်တာဗျူး


အဆိုတော် ဇော်ဝင်းထွဋ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
နှစ်ပေါင်း ၄၀ ကြာမှ မြန်မာပြည်မှာ ပြန်လည်ကျင်းပခွင့်ရခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲကြီးမှာ ပြဇာတ်တပုဒ် ကသလို ပါဝင် ဖျော်ဖြေ တင်ဆက်သွားခဲ့တဲ့ “မဟာ” ဆိုတဲ့ သီချင်းကို အားလုံး မြင်တွေ့ ခံစားမိလိုက် ကြမယ် ထင်ပါတယ်။ ဒီသီချင်း ဖျော်ဖြေမှုဟာ တခြားသော ဖျော်ဖြေမှုတွေထက် ပရိသတ် ပိုမိုနှစ်ခြိုက်ခဲ့တယ် လို့လည်း သိရပါတယ်။ဒီသီချင်းဟာ မြန်မာနိုင်ငံမှာ ရော့ခ်ဘုရင် တဆူဖြစ်တဲ့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ မူပိုင် တေးသီချင်းတပုဒ် ဆိုရင်လည်း မမှားပါဘူး။ ၁၉၉၅၊ ၉၆ ကာလတွေက ပေါ်ပေါက်ခဲ့တဲ့ ဒီ “မဟာ” သီချင်းဟာ သူ့ရဲ့ အတိတ်က သမိုင်းကြောင်းတွေလည်း ရှိခဲ့တာတော့ အမှန်ပါပဲ။ တချိန်က ဒီသီချင်းဆိုလို့ ဇော်ဝင်းထွဋ်ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် ဆီးဂိမ်းမှာ ဒီသီချင်းကိုပဲ လူတွေက နှစ်ခြိုက်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီသီချင်းရဲ့ သမိုင်းအစကို သီချင်းမူပိုင် အဆိုရှင် ဇော်ဝင်းထွဋ်နဲ့ အတူ ဧရာဝတီ သတင်းထောက် မစပ်စုက ပြန်လည်တူးဖော် ပြောဆို ဖြစ်ခဲ့ပါတယ်။

Monday, December 30, 2013

ကျောပြင် နဲ့ ဂုတ်ပိုးအဆီတွေ ကျမယ် ၊ ရင်ကို တင်းရင်း လှပစေမယ်


နည်းလမ်း ( ၁ ) ခါး ၊ ကျောပြင် နဲ့ ဂုတ်ပိုးအဆီတွေ ကျမယ် ၊ ရင်ကို တင်းရင်း လှပစေမယ် ...
ခြေနှစ်ဘက် ကို စု ၊ ဒူးဆန့် ၊ ခါးဆန့် မတ်မတ်ရပ်ပြီး ခေါင်းငုံ့ထားပါ ၊ လက်နှစ်ဘက် ကို နောက်ပစ်ပြီး ခါးမှာ ကပ်ထားပါ ။ 

Sunday, December 29, 2013

အရောင်ဆန်းလေးတွေ၊ အရောင်စပ် ဖက်ရှင်လေးတွေနဲ့ ဆန်းသစ်လှပခဲ့တဲ့ အနုပညာရှင်တွေရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်


အခုဆိုရင် မြန်မာနိုင်ငံ ရုပ်ရှင်လောကသားတွေကို မှတ်တိုင်စိုက်ထူခွင့်ပေးတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ဒီ ၂၀၁၂ခုနှစ်အတွက် ထူးချွန်ဆုချီးမြှင့်ပေးတဲ့ အကယ်ဒမီပွဲကြီးကို ရုပ်ရှင်သရုပ်ဆောင်တွေကလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ လူစုံသလို ဖက်ရှင်ကလည်း အရောင်စုံ အသွေးစုံနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုလို့တောင် သစ်လွင်ဆန်းသစ်လာတဲ့ ဒီဇိုင်းတွေကို အားလုံးပဲ မြင်တွေ့ရမှာပါ။ ဒီနှစ်ရဲ့ ဖက်ရှင်အပေါ်မှာ အနည်းငယ် သုံးသပ်ကြည့်ရရင်တော့ အရောင်နုလေးတွေကို စပ်ပြီး အဓိကထား ၀တ်ဆင်သွားတာ တွေ့ရပါတယ်။

သမ္မတနှင့် သူ၏ ပြောရေးဆိုခွင့်ရှိသူ

J-s-30-12
၂၀၁၃ ခုနှစ်တွင် ပြည်သူလူထုအကြား လက်တွေ့အကောင်အထည်ပေါ်မှု နည်းပါးသော်လည်း ပြောစမှတ်တွင်သည့် မိန့်ခွန်းများစွာ ပြောကြားခဲ့သူ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့

J-30-12
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် Facebook စာမျက်နှာတွင် ဖော်ပြထားမှု တစ်ခုအား တွေ့ရစဉ်

၂၀၁၃ ခုနှစ်တွင် ပြည်သူလူထုအကြား လက်တွေ့အကောင်အထည်ပေါ်မှု နည်းပါးသော်လည်း ပြောစမှတ်တွင်သည့် မိန့်ခွန်းများစွာ ပြောကြားခဲ့သူ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၏ ခံကတုတ်အနေဖြင့် ဝေဖန်မှုများကို တုံ့ပြန်ပြောကြားသူ သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်တို့အား ၂၀၁၃ ခုနှစ်၏ Person of the Year အဖြစ် Weekly Eleven News ဂျာနယ်က ရွေးချယ်ဖော်ပြပါသည်။ ၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်များ ဖြစ်စေခဲ့သည့် နှစ်တစ်နှစ်ဟု ဆိုပါလျှင် ၂၀၁၃ ခုနှစ်သည် အကောင်းထက် အဆိုးက ပိုများခဲ့သော နှစ်တစ်နှစ်ဟု သတ်မှတ်ရမည်ဖြစ်သည်။

ကိုယ်ပေါ်မှာ အမွှေးအမျှင်တွေပေါက်နေတဲ့ ကလေးမလေး


အသက်၆နှစ်အရွယ်တရုတ်ပြည်ကကလေးမလေးတစ်ယောက်ရဲ့ အဖြစ်က သနားစရာပါ။ သူ့ အသက် ၂နှစ်အရွယ်မှာ မိခင်ဖြစ်သူက သူ့ ကိုပစ်သွားခဲ့ပြီး ဖခင်ဖြစ်သူ ကသူ့ ကိုနေ့ ကလေးထိန်းဌာနကိုအပ် ပြီးတဲ့နောက်လုံးဝခြေရာဖျောက်သွားခဲ့ပါတယ်။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူ့ ရဲ့ ဦးလေးဖြစ်သူက သူ့ ကိုနေ့ ကလေးထိန်းဌာနက ရွာကလေးကိုပြန်ခေါ်လာခဲ့ပါတယ်။အခုကျောင်းနေရ မယ့်အရွယ်ရောက်နေပြီဖြစ်တဲ့လီလီဟာ ကျောင်းတက်ခွင့် မရသေးပါဘူး
လီလီကိုမွေးဖွားလာတော့သူ့ ကိုယ်ပေါ်မှာအနက်ရောင်အကွက်တွေနဲ့ ပါ။ မွေးစကကအရေပြားပေါ်မှာအနက်ရောင်အကွက်တွေဟာ နောက်တော့ အမွှေးတွေပေါက်လာပါတယ်။ သူ့ အမေက ဒီအမွှေးအမျှင်တွေနဲ့ သမီးငယ်ကိုရှက်ပြီးစွန့် ပစ်သွားပါတယ်။ နောက်တော့သူ့ အဖေကလည်း သူ့ ကလေးထိန်းဌာနကိုပို့ ပြီးဘယ်တော့မှပေါ်မလာတော့ပါဘူး။
A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
ကလေးထိန်းဌာနမှာနှစ်တစ်ဝက်လောက်နေခဲ့ရပြီး သူနဲ့ အတူနေရတဲ့ကလေးတွေကသူ့ ကိုကြောက် ကြတယ်။နောက်ဆုံးတော့ ကလေးထိန်းဌာနရဲ့ အကြီးအကဲက လီလီရဲ့ ဆွေမျိုးသားချင်းများကလေးမကို ပြန်လာခေါ်ဖို့ သတင်းစာမှာကြော်ငြာထည့်လိုက်ပါတယ်။
ကံအားလျော်စွာ သူ့ ရဲ့ ဦးလေးဖြစ်သူက ဒီကြေငြာကိုတွေ့ ပြီးသူ့ ကလေးထိန်းဌာနကနေရွာ ကိုပြန်ခေါ်ခဲ့ပါတယ်။
A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
သူ့ ကိုဓာတ်ပုံရိုက်တော့ လီလီက သူ့ ရဲ အရေပြားပေါ်က အနက်ကွက်လေးတွေကို တချိန်လုံးကုတ်နေပါတယ်။ဒီအနက်ကွက်လေးတွေက ယားတယ်။နာတော့မနာဘူးလို့ သူကပြောပါတယ်။သူ့ လက်ချောင်းလေးတွေနဲ့ သူ့ ကိုယ်ပေါ်က
အနက်ကွက်လေးတွေကိုတစ်ကနေငါးအထိ ပြန်ရေတွက်ကြည့် တတ်တယ်။  ငါးထက်ပိုပြီးတော့ လည်းသူ မရေတတ်တော့ဘူး။ငါးပြီးရင်နောက်ထပ်ဘာဂဏာန်းလာသလဲဆိုတာလည်းသူမသိရှာဘူး။
A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
ဒီအနက်ကွက်တွေဟာလက်သီးဆုပ်အရွယ်၊ကျပ်ပြားဝိုင်းအရွယ်ရှိပြီး အဲဒီအပေါ်မှာအမွှေးတွေပေါက်လာတာပါ။ သူ့ ကိုယ်ခန္ဒာရဲ့  ၆၀ရာနှုန်းကို ဒီအမွှေးတွေကဖုံးလွှမ်းထားပါတယ်။
A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
လီလီက အရမ်းကိုတက်ကြွအားမာန်ပြည့်တဲ့ကလေးမပါ။ အရမ်းလဲရီတတ်တယ်။ တခြားကလေးတွေနဲ့ ကစားဖို့ ကြိုးစားပေမယ့်သူ့ ကိုကြောက်ကြတယ်။ သူ့ ကို ရီစရာတစ်ခုလို သဘောထားကြတယ်။သူ့ ကိုပေးထားတဲ့နာမည်ပြောင်က မျောက်မလေးတဲ့။ 

ကျောင်းကသူ့ အိမ်နဲ့ မီတာ၁၀၀လောက်ပဲဝေးပေမယ့် လီလီခင်မျာဘယ်တုန်းကမှ ကျောင်း ထဲကိုမ၀င်ဖူးခဲ့ရှာပါဘူး။ သူ့ မိသားစုကဆင်းရဲတာအပြင် ကလေးတွေကသူ့ ကိုအလွန် အမင်းကြောက်ကြတာကြောင့် ကျောင်းကသူ့ ကို လက်မခံတာဖြစ်ပါတယ်။ 
mp4U

A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.

The Melting Pot 4 U

ကမ္ဘာကျော်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့  စာအုပ်



 

အသက် ၆ နှစ်အရွယ်ပဲ ရှိသေးတဲ့ Elena Desserich လို့အမည်ရတဲ့ ကလေးမငယ်လေး တစ်ဦးဟာ ဦးနှောက်ကင်ဆာရောဂါ ခံစားနေရသူ တစ်ဦး ဖြစ်ပါတယ်။

Saturday, December 28, 2013

ချစ်သူသက်တမ်းတစ်လျှောက် အမြဲတမ်းပြုမူရမယ့် အချက်(၁၀)ချက်


အချစ်ရေးတစ်ခု အောင်မြင်ဖို့ သော့ချက်တချို့ကတော့ သင်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပြုမူဆက်ဆံတတ်ကြတဲ့ အသေးအဖွဲ့ကိစ္စလေးတွေထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီအချက်လေးတွေကို တချို့က မေ့လျော့ထားတတ်ကြပါတယ်။

မျှော်ကြလေပြီ အကယ်ဒမီ


အနုပညာရှင်များက အောင်မြင်မှု မှတ်တိုင်တစ်ခုအဖြစ် မျှော်လင့်ကြသော အကယ်ဒမီ၊ ပရိသတ်များက ကိုယ်ချစ်ခင် အားပေးသော အနုပညာရှင်များကို အားပေးဖို့နှင့် ဖက်ရှင်ဒီဇိုင်းများကို လေ့လာဖို့အတွက် စောင့်မျှော် ကြည့်ရှုကြသော အကယ်ဒမီ၊ နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာများနှင့် မျက်နှာသစ် ဒီဇိုင်နာများက မိမိတို့၏လက်ရာ ဒီဇိုင်းဆန်းများကို အပြိုင်အဆိုင်၊ ထုတ်ဖော် ပြသခွင့်ရသည့် အကယ်ဒမီ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီမှစတင်ပြီး ရန်ကုန်မြို့တော် သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁) တွင် ကျင်းပတော့မည် ဖြစ်သည်။
၂၀၁၂ ခုနှစ် အကယ်ဒမီ ပေးပွဲမှာ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် လုပ်ငန်း နောက်ဆုံး တာဝန်ယူ ချီးမြှင့်ပေးခြင်း ဖြစ်ပြီး နောက်နှစ်မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင် ကျင်းပသွားမည် ဖြစ်သည်။ ယခုနှစ် အကယ်ဒမီ ပေးပွဲအတွက် ဇာတ်ကားများကို အကဲဖြတ်သည့် အဆင့်နှင့် အကယ်ဒမီ ဗန်းကိုင်များ ရွေးချယ်မှုမှအစ အခမ်းအနား အစီအစဉ် တော်တော်များများတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင် အတတ်ပညာရှင်များစွာ ပါဝင်ဆောင်ရွက်ခွင့် ရခဲ့သည်။

ယခုနှစ်အကယ်ဒမီဆုခန့်မှန်းခြင်းနှင့်လွတ်လပ်စွာသတင်းယူခွင့်အပေါ် စာနယ်ဇင်းဆရာတို့ ၏အမြင်


မြန်မာနိုင်ငံတွင် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပေးအပ်ပွဲ(သို့မဟုတ်)အကယ်ဒမီပေးပွဲ ကျင်းပလာခဲ့သည်မှာ အခုဆိုရင် ၅၇ကြိမ်မြောက် ရှိပြီဖြစ်သည်။  အကယ်ဒမီဆုပေး ပွဲ အခမ်းအနား စီစဉ်တင်ဆက်မှုမြင်ကွင်းပုံရိပ်များနဲ့အတူ အနုပညာရှင်တို့၏အကယ်ဒမီရင်ခုန်သံများကို ပရိသတ်များအတွက် ပြည့်စုံစွာ တင်ဆက်ဖော်ပြပေးနိုင် ရန်စွမ်းေ ဆာင်ကြိုးပမ်းကြသည့် သတင်းမီဒီယာများ အနေဖြင့် ယခုနှစ်အကယ်ဒမီ ဆုပေးပွဲမှာ လွတ်လပ်စွာသတင်းယူနိုင်ခြင်းရှိမရှိအပေါ်  စာနယ်ဇင်းမီဒီယာလော ကမှစာနယ် ဇင်းဆရာများဖြစ် ကြသည့်  ဆရာဦးဝင်းငြိမ်း၊ ဆရာဦးမြတ်ခိုင်၊ ဆရာ ဦးအောင်စိုးသူ၊ ဆရာကျော်သီဟ(ဟင်္သာတ)၊ ဆရာ လွမ်းဝေနိုင်တို့အားမေးမြန်းပြီးအ ကယ်ဒမီ ဆုပေး ပွဲနှင့် အကယ်ဒမီဆန်ခါ တင် ခုနစ်ကားအပေါ်အမြင်များကို တင်ဆက်လိုက်ပါသည်။

Friday, December 27, 2013

ဆန်းသစ်တီထွင် အကယ်ဒမီ ဖက်ရှင်



ဝါဝါဝင်းရွှေ-
“အခုခေတ်မော်ဒယ်လေးတွေ၊ မင်းသမီးလေး တွေ တော်တော် များများကတော့ တချို့ချိတ်လေးတွေကို ရိုးရိုး မဟုတ်ဘဲ ဒီဇိုင်းလေးတွေဆန်းပြီးလုပ်ကြတယ်။ တစ်ခုရှိ တာက အကယ်ဒမီပွဲတက်ဝတ်စုံကို လုံလုံခြုံခြုံလေးတွေပဲ ဖြစ်စေချင်ပါတယ်။အန်တီဝါကတော့အမြဲတမ်း မြန်မာ ဆန်ဆန်၊ ရိုးရိုးပဲဝတ်ဖြစ်တယ်။ ဒီဇင်ဘာလလည်းဖြစ်၊ သဇင်ပန်းလည်း တအားကြိုက်တော့ သဇင်ပန်းပန် ဖြစ်တယ်”

Thursday, December 26, 2013

ပေါ်ပြူလာနယူးစ်မှ ရွေးချယ်သည့် ပေါ်ပြူလာ၂ဝ၁၃ "


၂ဝ၁၃ ခုနှစ်ကား မကြာမီကုန်ဆုံးတော့မည်ဖြစ်သည်။ နှစ်တစ်နှစ်ကုန်ဆုံးခြင်းသည်သဘာဝ တရားဖြစ်သော်လည်း နှစ်တစ်နှစ်၏ ရက်ပေါင်း ၃၆၅ ရက်ပေါ်တွင် ဖြစ် ပျက်ခဲ့သည်တို့ကတော့ သဘာဝအတိုင်းချည်းမဟုတ်။ လူတို့ဖန်တီးသော အကောင်းအဆိုးတို့လည်း ရှိနေမြဲဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂ဝ၁၃ အလွန်တွင် ဤနှစ်အတွင်း အဖြစ်အပျက်တစ်စုံတစ်ရာကြောင့်ဖြစ်စေ၊ လုပ်ဆောင်မှု တစ်ခုခုသို့မဟုတ် အကောင်းအဆိုးအခြေအနေ တစ်ရပ်ရပ်ကြောင့်ဖြစ်စေ ပေါ်ပြူလာဟုခေသည့်

အမျိုးသမီးတွေကြားမှာ player တစ်ယောက် ဖြစ်ဖို့ ရှောင်ကျဉ်ရမယ့် စကားလုံးတွေ



တကယ်လို့များ မင်းဟာ player တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မိန်းကလေးတစ်ယောက်ရှေ့မှာ ဘယ်တော့မှ မပြောသင့်တဲ့ စကားလုံးလေးတွေရှိပါတယ်။

၂၀၁၃အတွင်း ကမ္ဘာ့ဘောလုံးလောကဖြစ်ရပ်အချို့ကို ဖော်ကျူးထားသည့် အိုမာမိုမန်နီ၏ ကာတွန်းများ



(၁) အကြင်နာတရားကင်းသော ဘရာဇီးလ် စပိန်တို့ကို နှစ်မြှပ်စေခဲ့ပြီ
၂၀၁၃ကွန်ဖက်ဒရေးရှင်းဖလားဗိုလ်လုပွဲမှာ လက်ရှိကမ္ဘာ့ချန်ပီယံစပိန်အသင်းကို ဘရာဇီးလ် ဂိုးပြတ်အနိုင်ယူခဲ့ပုံ အား သရုပ်ဖော်ထားခဲ့ခြင်းဖြစ်သည်။
(၂) ရီယိုဒီဂျနေရိုးသို့ သွားခွင့်ရခဲ့သည့် ဆင်နှင့် ခြင်္သေ့
တောင်အာဖရိကဇုန်ခြေစစ်ပွဲအောင်မြင်သွားကြသော အိုင်ဗရီကို့စ်(နာမည်ပြောင်-ဆင်များ)နှင့် ကင်မရွန်း(နာမည် ပြောင်ခြင်္သေ့)တို့မှ အဓိက ကစားသမားများဖြစ်သော ဒရော့ဂ်ဘာ၊ အီတူးတို့နှင့် သရုပ်ဖော်ထားပုံ။
(၃) ဂျာကင်ကလော့ပ်၏ရော့ခ်စတားများက ၀င်းဂါးဦးဆောင်သည့် သံစုံတီးဝိုင်းကိုကြိုဆို
ဒေါ့မွန်နည်းပြ ဂျာကင်ကလော့ပ်က ၀င်းဂါး၏အသင်းမှာ သာမန်သံစုံတီးဝိုင်းသာဖြစ်ကာ မိမိ၏အသင်းမှာမူ အပြင်း စား ရော့ခ်ကာများဟု ပြောခဲ့ခြင်းကို ဟာသဆန်ဆန်သရုပ်ဖော်ထားပုံ။
(၄) အိုးလ်ထရက်ဖို့ဒ်တွင် ပွဲချိန်စေ့သွားခဲ့ပြီ ဖာဂီ
မန်ယူအသင်းကို (၂၅)နှစ်ကြာတာဝန်ယူခဲ့ပြီးနောက် အနားယူသွားခဲ့သည့် ဖာဂူဆန်အား သရုပ် ဖော်ခဲ့ခြင်းမှာ ဟာသရှုထောင့်မှ မဟုတ်ခဲ့ဘဲ ပရိသတ်များအဖို့ ၀မ်းနည်းစရာ အထိမ်းအမှတ်အဖြစ်ဟု အိုမာမိုမန်နီက ၀န်ခံခဲ့။
(၅) မက်ဆီကို ၀မ်းသာမှုပန်းစည်းများပေးချင်ကြသူများ
၂၀၁၃ ဖီဖာရွှေဘောလုံးဆုအတွက် ဆန်ကာတင်(၂၃)ဦးစာရင်း ထွက်ပေါ်လာခဲ့ပြီးနောက် (၄)နှစ်ဆက်တိုက်ဆု ကို သိမ်းပိုက်ထားခဲ့သည့် မက်ဆီဒဏ်ရာရပါစေဟု အဓိကပြိုင်ဘက်များဖြစ်သည့် စီရော်နယ်လ်ဒို၊ ရစ်ဘာရီနှင့် အီဗရာဟီမိုဗစ်ခ်ျတို့ ဆုတောင်းနေကြခြင်းကို သရုပ်ဖော်ထားပုံ

Trend Myanmar

ဆောင်းချင်း အတူ ဘာလို့ ပူနေရပါသလဲ


နေ့ တာတိုသော ဆောင်းတွင်း၏  သဘာဝအတိုင်း ညနေပိုင်းနေ ဝင်ချိန်သည် ခပ်စောစောရောက် လို့လာသည်။ ရန်ကုန်မြို့၏ ညနေခင်းရုံး ဆင်းချိန် မြင်ကွင်းသည် အမြင်တစ်မျိုးဖြင့် ဆန်းကြယ်လို့နေသည်။ ယခင်နှစ်များက ဆောင်းမပီခဲ့သော ရန်ကုန်ခေတ္တဆောင်း ရာသီကြောင့် အားလုံးလိုလိုက အနွေး ထည်ကိုယ်စီနှင့်။

သမ္မတ၊ ကာချုပ်၊ NLD ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ၏ မူဝါဒများ


နိုင်ငံတော် အာဏာ၏ ဗဟိုချက် နေရာသစ်များမှာ ဦးသိန်းစိန်အစိုးရ၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲ့ကိုင် နေသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦး ဆောင်နေသည့် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သည့် ဒီမိုကရက်တစ် အတိုက်အခံများ ဖြစ်ကြသည်။အထက်ဖော်ပြပါ အင်အား စု ၄ စုမှ တစ်စုချင်းစီအား သီးခြား ခွဲထုတ် ထားသော ဆက်ဆံရေးကို တရုတ်နိုင်ငံ က တည်ဆောက်နေပါသည်။ တရားဝင်အစိုးရချင်း ဆက်ဆံရေး အဆင့်တွင် အတိတ် ကာလနှစ်နိုင်ငံကြား ပြဿနာများသည် ချောမွေ့ပြေပြစ်ခဲ့ပုံ ရပြီး မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံတို့ အကြား သံခင်းတမန်ခင်း နွေးထွေးလာ ခဲ့သော ၂ဝ၁၁ခုနှစ်ကာလနှင့် တိုက်ဆိုင် စွာပြဿနာများ ပေါ်ပေါက်လာခဲ့ရသည်။

Wednesday, December 25, 2013

၂၀၁၃ ခုနှစ်အတွင်း လူတွေရဲ့ စိတ်နှလုံးသားကို လှုပ်ကိုင်ဖမ်းစားခဲ့တဲ့ အကောင်းဆုံး ဖြစ်ရပ် ၅ ခု


ဗြိတိသျှ သတင်းဌာန Metro က ပြုစုတဲ့ ၂၀၁၃ ခုနှစ်အတွင်း လူတွေစိတ်နှလုံးကို ဖမ်းစားနိုင်ဆုံး ဖြစ်ရပ် ၁၀ ခု ထဲက အကောင်းဆုံး ငါးခုကို ပြန်လည်ရွေးထုတ် ဖော်ပြလိုက်ပါတယ်။
၁။  သွေးကင်ဆာရောဂါခံစားခဲ့ရတဲ့ကလေးငယ်လေးအတွက် ဆန်ဖရန်စစ္စကို မြို့ သားတွေရဲ့ အစီအစဉ်

Tuesday, December 24, 2013

ကမ္ဘာ့အလှဆုံးသတင်းထောက်အမျိုးသမီး၁၀ယောက်


စပိန်တီဗီသတင်းဌာနကသတင်းကြော်ငြာသူကာဘိုနာရို။ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ သူ့ ရဲ့ လှပတဲ့မျက်နှာနဲ့  သတင်းထောက်အရည်အသွေးကိုတွေ့ မြင်နိုင်ပါတယ်။
NESN ရဲ့ ရွှေဝါရောင်ဆံပင်တွေနဲ့ လှပတဲ့သတင်းထောက်မလေး ဟေဒီ။


ESPNနဲ့ WBAP ရဲ့ အားကစားသတင်းထောက် အီရင်အင်ဒရူး။အမေရိကရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံးအားကစားသတင်းထောက်အဖြစ်ပလေးဘွိုင်း မဂ္ဂဇင်းမှာမဲပေးခြင်းခံရသူ။
 ဒီမက္ကဆီကန်သတင်းထောက်ကတော့ ဂျင်းကိုစွဲစွဲမြဲမြဲဝတ်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီဝတ်လို့ သူကပိုလှသလား။ဂျင်းဘောင်းဘီက သူ့ ဝတ်လိုက်မှ ပိုပြီးနာမည်ကျော်သွားလေလား။ နှစ်ခုစလုံးများလား။ဘာပဲဖြစ်ဖြစ် Ines Sainz ဆိုတဲ့အားကစားသတင်းထောက်မလေးကိုတော့ ဆွဲဆောင်မှုရှိတဲ့သတင်းထောက်မလေးတစ်ယောက်အဖြစ် အသိအမှတ်ပြုကြပါတယ်။
ယန်းစတာဂါ ကတော့ ကောလိပ်ဘောလုံးအသင်းရဲ့ သတင်းထောက်ပါ။ သူသရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။
ESPN သတင်းဌာနရဲ့ သတင်းထောက်မလေး ဂျင်းဘရောင်း။
CBS နဲ့ ESPN ရဲ့ သတင်းထောက်မလေး မော်လီ။
မက္ကဆီကန် အမျိုးသမီးသတင်းထောက်နောက်တစ်ယောက်ဖြစ်တဲ့ ဂွန်ဇာလက်။ သူက မယ်စင်္ကြာဝဠာ ၂၀၀၃ ပြိုင်ပွဲမှာတောင်ဝင်ရောက်ယှဉ်ခဲ့တဲ့သူဖြစ်ပါတယ်။
NHLသတင်းထောက် သောမ်ဆန်။
 
ESPN ရဲ့ သတင်းထောက်  Jill
mp4U 

Monday, December 23, 2013

ဆီးဂိမ်းပရိသတ်များကို ဖမ်းစားခဲ့သော ပြကွက်ရှစ်ကွက်


ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

အရှေ့တောင်အာရှတွင် အကြီးကျယ်ဆုံးအားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကြီးကို (၄၄)နှစ်အကြာမှ ပြန်လည်ကျင်းပခွင့်ရသော မြန်မာတို့က အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ ယှဉ်ပြိုင်ခဲ့သော အားကစားနည်း ၃၇ မျိုး၏ ပြိုင်ပွဲများပြီးသွားသော်လည်း ပရိသတ်များ၏အာရုံကို ဖမ်းစားနေသော ပြကွက်များက အမြောက်အမြားကျန်ရှိခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာကစားသမားများ၏ အကောင်းဆုံးယှဉ်ပြိုင်ခဲ့မှုများနှင့် အညံ့ဆုံးယှဉ်ပြိုင်ခဲ့မှုများထဲမှအချို့ကို ပရိသတ်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

ချစ်သုဝေ ပြောပြတဲ့ ဘာသာတရားအနှစ်သာရနှင့် ခရစ္စမတ်အမှတ်တရအကြောင်း


အခုနှစ်ဒီဇင်ဘာ ၂၅ရက်နေ့မှာ ဆိုရင် ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ခရစ္စမတ် ရက်မြတ်ကို ရောက်ရှိတော့မှာဖြစ် ပါတယ်။ ပေါ်ပြူလာဂျာနယ်က ခရစ္စမတ်အကြိုဂုဏ်ပြုတင်ဆက်ဖို့ ခရစ္စမတ်မြင်ကွင်းဓာတ်ပုံ ရိုက်ကူး ရန်စီစဉ်တဲ့အခါမှာတော့ ခရစ်ယာန် ဘာသာဝင်တစ်ဦးလည်းဖြစ် မကြာမီ ကာလအတွင်းမှာလည်း မင်္ဂလာ လက်ထပ်ပွဲဆင်နွှဲတော့မယ့်သူလည်း ဖြစ်သူ၊သရုပ်ဆောင်အဆိုတော် ချစ်သုဝေနဲ့အတူ ချစ်စရာ သမီးငယ် လေးတွေ၊ သားငယ်လေးတွေ ပါဝင် ဝန်းရံကာ

၂၀၁၃ ခုနှစ်အတွင်း အနည်းငယ်မတော်လျော်သော လိင်အသားပေး ၀တ်စုံများ - (၁)

ကမ္ဘာကျော် ညှို့အားရှင်တွေဟာ တစ်ခါတစ်ရံ ဆွဲဆောင်မှုဆိုတာထက်ပိုတဲ့ လိင်အသားပေး ၀တ်စုံတွေကို ပွဲတက်ဝတ်စုံတွေအဖြစ် ၀တ်ပြလာကြပါတယ်။ ခပ်ဟော့ဟော့ ၀တ်တော့မယ်ဆိုရင် အများတကာ သတ်မှတ်ထားတဲ့ မျဉ်းတစ်ခုရှိပါတယ်။ အဲဒီမျဉ်းကို ကျော်လွန်ပြီးဝတ်ဆင်လာကြတဲ့ အကျော်အမော်တစ်ချို့ကတော့ တမ္ဘာလုံးကို မြင်စေချင်တဲ့ ဆန္ဒနဲ့ပါ လို့ပဲ ပြောရမလိုဖြစ်နေပါပြီ။
          ဒါကြောင့် သူတို့ဆန္ဒပြည့်ဝစေရေး ပရိသတ်ကြီးကို ၂၀၁၃ ခုနှစ်ရဲ့ ၀တ်ဆင်မှု အဟော့ရမ်းဆုံး (၁၀)ယောက်စာရင်းကို ထုတ်ပြချင်ပါတယ်။
(၁)     Eliza Doolittle

Sunday, December 22, 2013

ဆီးဂိမ်း ဗိုလ်လုပွဲနဲ့ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးလည်း အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ 
မြန်မာ ပရိသတ် အလေးထားခဲ့တဲ့ မြန်မာဘောလုံး အသင်းဟာ နောက်ဆုံးဗိုလ်လုပွဲကိုတော့ အကြောင်း အမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့ပါ။ 

ဗိုလ်လုပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အားကစားသမားတွေ အမှတ်တရ ဓာတ်ပုံရိုက်စဉ်၊ ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ

ဒါပေမယ့် အမျိုးသား ဘောလုံးအသင်း နောက်ဆုံးဗိုလ်လုပွဲ မြင်ကွင်းတွေကိုတော့ ဧရာဝတီက အခုလို မှတ်တမ်းတင်ထားပါတယ်။ 

အားလုံးတာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း

HIV/AIDS ရောဂါများအပြင် တခြားကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးရဲ့  တာဝန်ဖြစ်တယ်လို့ HIV/AIDS ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း က ပြောဆိုလိုက်ပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီးတော့ HIV/AIDS ဝေဒနာရှင်တွေအတွက် နေစရာနဲ့ ဆေးဝါးကုသမှုတွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်းတို့ရဲ့  ဂေဟာ (၃) ခုမှာ အခုဆိုရင် ဝေဒနာရှင် (၃၀၀) လောက်ကို စောင့်ရှောက်ပေးနေပါတယ်။ အဲဒီလို ပြုစုစောင့်ရှောက်တဲ့အခါမှာ တွေ့ရတဲ့ အခက်အခဲတွေ၊ တခါ လွှတ်တော်အမတ် (၁) ယောက်ရဲ့  တာဝန်ကြားက ဝေဒနာရှင်တွေအတွက် ဘယ်လိုအချိန်ပေးပြီးတော့ ကူညီနေရပါသလဲ။ ဝေဒနာရှင်တွေအတွက် ရေရှည်ဘယ်လို အစီအစဉ်တွေထားရှိသလဲဆိုတာကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က မဖြူဖြူသင်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။

အမျိုးသမီးတွေ အမြဲတမ်းလိမ်တတ်တဲ့ အချက် (၄)ချက်


         ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။

ယောက်ျားတွေမုန်းတဲ့ မိန်းမတွေရဲ့ အကျင့်ငါးမျိုး


များသောအားဖြင့် ယောက်ျားတွေနဲ့ သူတို့ရဲ့ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အမူအကျင့်တွေကို ရေးသားကြတာတွေ့ရတယ်။ ဒီတော့ သူတို့ဘက်ကလည်း တစ်ခါပြန်ပြီး အမျိုးသမီးတွေရဲ့ ဘယ်လိုအမူအကျင့်မျိုးကို စိတ်ပျက်တယ် ၊ မကျေနပ်ဘူးလို့ ခံစားရလည်းဆိုတာ လေ့လာကြည့်ရ အောင်ပါ။ ဒါတွေကတော့ အမျိုးသမီးတွေရဲ့ စိတ်တိုချင်စရာကောင်းတဲ့ စရိုက်လက္ခဏာအချို့ပါပဲ။

ဂျာနယ်လစ်များနှင့် သတင်းလွတ်လပ်ခွင့်အတွက် သတိပေးခေါင်းလောင်းသံ၊ မျှော့ကြိုးသဖွယ် ဖြစ်နေသော ဥပဒေများက ဂျာနယ်လစ်များအား ထောင်ဒဏ်ချမှတ် အရေးယူနိုင်သည်အထိ သက်ရောက်မှု ရှိနေဆဲ

N-23-12
သတင်းထောက်မခိုင် (ပုံသေး) နှင့် ၎င်းနေထိုင်ခဲ့သည့် အဆောင်ခန်းအား တွေ့ရစဉ်

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် Eleven Media Group ၏ နယ်သတင်းထောက် မခိုင်အား လွိုင်ကော်မြို့ မြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၁၊ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၀၊ ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၄ (ခ) တို့ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။

အိမ်ရှင်မြန်မာတို့ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုရရှိ၊ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအဖြစ် ရွှေတံဆိပ် ၈၆ ခုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့

K-23-12

၄၄ နှစ်အကြာတွင် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပနိုင်ခဲ့သည့် မြန်မာနိုင်ငံမှ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမြင်ကွင်း ပုံရိပ်များ

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံမှာ ပြိုင်ပွဲမတိုင်မီက မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှု ရရှိခဲ့သည်။

ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ၀ဏ္ဏသိဒ္ဓိကွင်း၌ စည်ကားစွာ ကျင်းပခဲ့ပြီး စင်ကာပူနိုင်ငံအား ဆီးဂိမ်းစ်အလံ လွှဲပြောင်းပေးအပ်

S-23-12

ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ကျင်းပနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီက နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနဲ့ထိုင်း ဘယ်သူက ကျွံခဲ့လဲ? (လူကျွံဘော နည်းဥပဒေသ)


မိမိတို့နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှ အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဆီမီးပွဲစဉ်တွင် လူကျွံနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ကိစ္စများ ဖြစ်ပွားသွားခဲ့ပါသည်။ မိမိတို့ အိမ်ရှင်နှင့် ထိုင်းအသင်းတို့ ကစားခဲ့သည့် ပွဲစဉ် ဖြစ်ပါသည်။ ထို့အပြင် ဒီဇင်ဘာလ (၂၁)ရက်နေ့ညတွင် ကစားသွားခဲ့သော စီးရီးအေ ကာဂလီယာလီနှင့် နာပိုလီတို့ပွဲစဉ်တွင်လည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပါသည်။ စည်းကြပ်ဒိုင်မှလည်း လူကျွံဘော စည်းမျဉ်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့် စာရေးသူ အနေဖြင့် ရှုပ်ထွေးလှသော လူကျွံဘော စည်းမျဉ်း ဥပဒေအား အနည်းငယ် ရှင်းလင်း တင်ပြပေးလိုက်ပါသည်။

Friday, December 20, 2013

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ဘာကြောင့် ကြိုက်ရတာလဲ






တစ်ခါတစ်လေ ချစ်သူရည်းစားရှိပြီးသား အမျိုးသားတွေကို အမျိုးသမီးတွေ တန်းတန်းစွဲကြိုက်နေတဲ့ အဖြစ်မျိုးတွေ သင်မြင်တွေ့ဖူးမှာပါ။ ရည်းစားလုံးဝမထားဖူးတဲ့သူဆိုရင် အမျိုးသမီးတွေက လှည့်ကို မကြည့်ချင်ကြဘူး။ ရည်းစားထားဖူးပေမယ့် အကြောင်းကြောင်းကြောင့် ရည်းစားနဲ့ပြတ်ထားတယ်။ ဒါပေမယ့် သူများတွေလို မဟုတ်ဘဲ ကိုယ်က ယုံကြည်မှုအပြည့်ရှိတဲ့ပုံ၊ ကိုယ့်အထာနဲ့ကိုယ်နေတတ်တဲ့သူ ဆိုရင်တော့ အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပြီပဲ။ အဲ့ဒီလို ယောင်္ကျားမျိုးဆိုရင် ရည်းစားရှိရှိ၊ အိမ်ထောင်ရှိရှိ အမျိုးသမီးတွေ သဘောကျကြတာ ဘာကြောင့်များလဲဆိုပြီး အဖြေရှာကြည့်လိုက်တဲ့အခါမှာတော့